သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းထရမ့်လူမျိုးရေးအခြေခံ စွပ်စွဲချက် ဒုသမ္မတဟဲရစ်တုံ့ပြန်


တက္ကဆက်ပြည်နယ် Houston မြို့က အာဖရိကန်-အမေရိကန် တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေရဲ့ အစည်းအရုံး Sigma Gamma Rho Sorority မှာ အမှာစကားပြောကြားနေတဲ့ အမေရိကန် ဒုသမ္မတ ကမ်မလာဟဲရစ် (ဇူလိုင် ၃၁၊ ၂၀၂၄)
တက္ကဆက်ပြည်နယ် Houston မြို့က အာဖရိကန်-အမေရိကန် တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေရဲ့ အစည်းအရုံး Sigma Gamma Rho Sorority မှာ အမှာစကားပြောကြားနေတဲ့ အမေရိကန် ဒုသမ္မတ ကမ်မလာဟဲရစ် (ဇူလိုင် ၃၁၊ ၂၀၂၄)

အမေရိကန် ဒုသမ္မတကမ်မလာဟဲရစ်က သူ့အပေါ် သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ လူမျိုးရေးအရ စွပ်စွဲတိုက်ခိုက်မှုဟာ အရင်က လုပ်နေကျ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ တက္ကဆက်ပြည်နယ် Houston မြို့က အာဖရိကန်-အမေရိကန် တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေရဲ့ အစည်းအရုံးတခုဖြစ်တဲ့ Sigma Gamma Rho Sorority မှာ မနေ့က တုံ့ပြန်ပြောဆိုပါတယ်။

“ဒီနေ့ နေ့ခင်းကပဲ ဒေါ်နယ်ထရမ့်က နိုင်ငံလုံးဆိုင်ရာ လူမည်းသတင်းထောက်များအသင်းမှာ စကားပြောခဲ့ပါတယ်၊ သူပြောသွားတာတွေဟာ အရင်က သူ စွပ်စွဲလေ့ရှိတဲ့ ပြကွက်ဟောင်းတွေ အတိုင်းပါပဲ။ ကွဲလွဲချက်တွေကို သွေးထိုးပြီး လေးစားမှု မရှိတဲ့ပြောဆိုချက်ပါ။ အမေရိကန် ပြည်သူတွေဟာ ဒီထက် ပိုမိုကောင်းမွန်တာနဲ့ ထိုက်တန်ပါတယ်” - လို့ ဒုသမ္မတကမ်မလာဟဲရစ်က ပြောဆိုသွားတာပါ။

ကမ်မလာဟဲရစ်က အရင်က သူ့ကိုယ်သူ အိန္ဒိယနွယ်ဖွားလို့ တလျှောက်လုံး ပြောနေခဲ့ရာက အခုမှ လူမည်းလို့ ပြောင်းလိုက်ကြောင်း၊ သူမကို လူမည်း အမျိုးသမီးတယောက်ဆိုတာ ပြီးခဲ့တဲ့နှစ်ပိုင်းအထိ မသိခဲ့တဲ့အကြောင်း၊ အခုတော့ အိန္ဒိယနွယ်ဖွားလား၊ လူမည်းလားဆိုတာ သူ့အနေနဲ့ ကွဲကွဲပြားပြား မသိတော့ကြောင်း ထရမ့်က မေးခွန်းထုတ်သွားခဲ့တဲ့အပေါ် ဒုသမ္မတဟဲရစ်က တုန့်ပြန်ပြောဆိုခဲ့တာပါ။

တဦးနဲ့တဦး မတူကြတဲ့ အချက်တွေဟာ အင်အားဖြစ်စေမယ့် အရင်းအမြစ်တွေလို့ ကမ်မလာဟဲရစ်က ပြောဆိုပြီး လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ကို အနိုင်ရဖို့အတွက် လူမည်းအမျိုးသမီးတွေ စုစည်းကြဖို့နဲ့ သူ့ကို ထောက်ခံဖို့လည်း တိုက်တွန်းသွားပါတယ်။

ကမ်မလာဟဲရစ်ဟာ အမေရိကန်ပြည်ထောင်စုမှာ ကျောင်းလာတက်ရင်း ရွှေ့ပြောင်းအခြေချဖို့ ရောက်လာသူ ဂျမေကာနိုင်ငံက ဖခင်နဲ့ အိန္ဒိယနိုင်ငံက မိခင်တို့က မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ သူမကိုယ်တိုင်ကလည်း ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ လူမည်းတက္ကသိုလ်က ဘွဲ့ရခဲ့သူဖြစ်တဲ့အပြင် အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာလည်း လွှတ်တော်လူမည်းဆိုင်ရာ Caucus အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG