သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှုအတွက် စစ်ကောင်စီအကြီးအကဲ တောင်းပန်စာပေးပို့

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တောင်းပန်စာကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဖတ်ကြားအပြီးတွေ့ရစဉ် (ဇွန် ၂၄၊ ၂၀၂၄)

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်ခဲ့တဲ့ ဖြစ်ရပ်အတွက် ခွင့်လွှတ်ဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တောင်းပန်စာကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဒီနေ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို လာပြီး ဆရာတော်တွေရှေ့မှောက်မှာ ဖတ်ကြားပြခဲ့ပါတယ်။

"ဆရာတော် အရှင်သူမြတ်တို့ဘုရား.. ပရိယတ္ထိသာသနာတွင် တန်ဖိုးရှိ ထင်ရှားကျော်ကြားလှသော သံဃာတော်အရှင်သူမြတ်တပါးဖြစ်သည့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဆရာတော်ကြီး ဆုံးရှုံးခဲ့ရသည့်အတွက် တပည့်တော်တို့အနေဖြင့် များစွာဝမ်းနည်းကြေကွဲရသည့်အပြင် ယခုဖြစ်စဉ်အတွက်လည်း အလေးအနက်ထား၍ တောင်းပန်အပ်သည်ကို လျှောက်ထားလိုပါသည်ဘုရား"

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှာ ပြင်ဆင်ထားတဲ့ ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ဈာပနအခမ်းအနား (ဇွန် ၂၄၊ ၂၀၂၄)
ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှာ ပြင်ဆင်ထားတဲ့ ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ဈာပနအခမ်းအနား (ဇွန် ၂၄၊ ၂၀၂၄)

ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကမ္မရွာနားမှာ ဝင်းနိမ္မိတာရုံ ကျောင်းထိုင်ဆရာတော်ကြီး စီးလာတဲ့ကား ပစ်ခတ်ခံခဲ့ရပြီး ဆရာတော်ကြီး သေနတ်ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူခဲ့ပါတယ်။ အစောပိုင်းတုန်းကတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက PDF လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်ချက်လို့ သတင်းထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း ဆရာတော် ဆရာတော်နဲ့အတူ ကားထဲမှာအတူ လိုက်ပါလာပြီး အသက်မသေဘဲ ကျန်ရစ်တဲ့ ကံသုံးဆင့်ဆရာတော်က သူ့ကိုယ်တွေ့ အဖြစ်အပျက်ကို ထုတ်ဖော် ပြောဆိုလိုက်တော့မှသာ လုံခြုံရေးအခြေအနေတွေ ရှုပ်ထွေးနေတဲ့အချိန် ကားတစီးကို စစ်ကားက ပစ်ခတ်ခဲ့မိခဲ့တယ်လို့ ပြန်လည် ရှင်းလင်းခဲ့ပါတယ်။ ဒီပစ်ခတ်မှုကို စုံစမ်းစစ်ဆေးနေပြီး တာဝန်ရှိတဲ့သူတွေကို အရေးယူသွားမယ်လို့လည်း စစ်ကောင်စီက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG