သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးရုံမရောက်မီ အရေးပေါ် ပြုစုကုသမှု အပိုင်း (၂)


ဆေးရုံမရောက်မီ အရေးပေါ်ပြုစုကုသမှုမှာ လူနာကိုဖြစ်တဲ့နေရာမှာ အသက်ရှုမှန်မမှန်၊ သတိရမရ နဲ့ နှလုံးခုန်မှန်မမှန် စစ်ဆေးပြုစုပေးတာအပြင်၊ ထိရောက်တဲ့ အရေးပေါ်လူနာတင်ကား ရရှိမှုကလည်း အရေးကြီးပါတယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ နှလုံးခုန်ရပ်သွားခဲ့ရင် လည်ပင်းနဲ့လက်က သွေးခုန်နှုန်း (Pulse) ရှာမတွေ့တော့ဘဲ လူနာဖြူဖျော့ပြီး၊ ခြေဖျားလက်ဖျားတွေ အေးလာနိုင်ပါတယ်။ ဒီအဆင့်ရောက်သွားရင် နှလုံးပြန်ခုန်အောင် ရင်ဘတ် ရင်ညွှန့်ရိုးအပေါ် လက်ဖဝါးနှစ်ခုထပ်ပြီး လက်မကွေးပဲ လက်ဖနောင့်နဲ့ ဖိနှိုးရတဲ့ Cardiac Massage နည်းကို လူအများ သိပြီး၊ လုပ်တတ်ဖို့လည်း အရေးကြီးပါတယ်။

ဒါ့အပြင် ထိရောက်တဲ့ အရေးပေါ်လူနာတင်ကားအချိန်မှီရဖို့ ဆိုရာမှာ၊ ကားပေါ်မှာ အရေးပေါ်အသက်ကယ် ပစ္စည်းကရိယာတွေ တပ်ဆင်ထားတာအပြင် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်သုံးနိုင်သူ သူနာပြုတွေလည်း ပါလာဖို့ အထူးအရေးကြီးပါတယ်။

ဒီအကြောင်း ပိုမိုနားလည်သိရှိနိုင်ဖို့ အရေးပေါ်လူနာကုသမှု အတွေ့အကြုံများစွာရှိတဲ့ အရိုးအထူးကု ခွဲစိတ်ဆရာဝန်ကြီးနဲ့ အရိုးရောဂါ၊ ပညာအငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG