သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိပ္ေရးပ်က္ျခင္းမွ ကာကြယ္ေရး


အိပ္ေရးပ်က္ျခင္းမွ ကာကြယ္ေရး
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

အိပ်ရေးပျက်ရခြင်းအကြောင်းရင်းမျိုးစုံရှိနေပေမယ့် အကောင်းဆုံးအိပ်စက်ခြင်း အလေ့အထတွေကို သိထားဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက ရှင်းလင်းပြောဆိုကြပါတယ်။

အိပ်ရေးပျက်ရခြင်းအကြောင်းရင်းမျိုးစုံရှိရာမှာ အိပ်စက်ခြင်းဆိုင်ရာ ရောဂါပြဿနာတွေ (Sleep Disorders) နဲ့ အိပ်စက်ခြင်းကို အနှောက်အယှက်ပေးတဲ့ ပတ်ဝန်းကျင်အနေအထားတွေ ပါဝင်ပါတယ်။ အိပ်စက်ခြင်းဆိုင်ရာ ရောဂါပြဿနာတွေထဲမှာ အိပ်ရင်းအသက်ရှုရပ်တာ (Sleep Apnea)၊ နေ့ခင်းအိပ်ငိုက်ပြီး ညအိပ်မရတာ၊ အိပ်ရင်း ခြေထောက်လှုပ်ရမ်းတာ (Restless Legs Syndrome)၊ ညမှာထလန့်ပြီး အော်တာ (Night Terror)၊ အိပ်ရင်းထလမ်းလျှောက်တာ (Sleepwalking/ Somnambulism)၊ အတက်ရောဂါတချို.နဲ့ ကိုယ်ခန္ဓာကြွက်သား လှုပ်ရှားတဲ့ရောဂါတချို့လည်း ပါဝင်ပါတယ်။

အိပ်စက်ခြင်းကို အနှောက်အယှက်ပေးတဲ့ ပတ်ဝန်းကျင်ထဲမှာတော့ အလင်းရောင်များတာ (မီးသီးအလင်းရောင်အပြင်၊ TV ရုပ်မြင်သံကြား၊ လက်ကိုင်ဖုန်း၊ Tablet ၊ ကွန်ပြူတာအလင်းရောင်ကြောင့် အိပ်ရေးပျက်တာ)၊ ဆူညံတာ (လူနေထူထပ်ပြီး နီးနီးကပ်ကပ် ဆူညံသံကြားရတာ)၊ လူမူရေးနဲ့ စိတ်ကျန်းမာရေးပြဿနာတွေဖြစ်တာ (စိုးရိမ်စိတ်လွန်ပြီး ညအိပ်မရမှာ ကြောက်လာတာတွေ ပါဝင်ပါတယ်။

အထက်ပါအိပ်ရေးပျက်ခြင်း အကြောင်းရင်း မျိုးစုံရှိနေသော်လည်း၊ Sleep Hygiene (ခေါ်) အကောင်းဆုံးအိပ်စက်ခြင်း အလေ့အထေတွကို သိရှိ၊ ကျင့်သုံးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဒီအလေ့အထတွေကတော့ ပုံမှန် အိပ်ချိန်ထချိန် လေ့ကျင့်ယူတာ၊ နေ့ခင်းတရေးမမှေးတာ၊ နေ့ခင်းနောက်ပိုင်း ကော်ဖီမသောက်တာ၊ မအိပ်ခင် သက်တောင့်သက်သာဖြစ်အောင် ဖြေလျော့ Relax လုပ်တာ (ကွန်ပြူတာ၊ Tablet၊ လက်ကိုင်ဖုန်းကဲ့သို့ လျှပ်စစ်ပစ္စည်းတွေနဲ့ မဟုတ်ဘဲ၊ ရိုးရိုးစာအုပ်နဲ့ စာနည်းနည်းဖတ်တာ၊ တရားထိုင် အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ ရေနွေးနဲ့ရေချိုးတာ၊ အိပ်ကာနီး အစာမစားတာ)၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ အိပ်ခန်းကို အနည်းငယ်အေးစေတာ၊ အိပ်ယာနဲ့ခေါင်းအုံးကို မပျော့လွန်းမမာလွန်း အနေတော်ထားတာ၊ အိပ်ခန်းအတွင်း အလင်းရောင်မရှိအောင် မီးမှိတ်ပြင်ဆင်တာ၊ ကော်ဖီ၊ အရက်၊ ဆေးလိပ်ရှောင်တာ၊ ညနေဖက် အစာဗိုက်အင့်အောင်မစားတာ၊ ပူစပ်လွန်းတာတွေ မစားသောက်တာတွေ ဖြစ်ပါတယ်။

အခုလို အလေ့အထတွေ လုပ်ဆောင်ထားသည့်တိုင် အိပ်ရခက်နေသေးလျှင် အိပ်ယာက ခေတ္တထပြီး၊ အကြောဖြေလျော့ကာ သက်တောင့်သက်သာ ပိုဖြစ်အောင်လုပ်ပေးတာနဲ့၊ စာအုပ်နဲ့ စာအနည်းငယ်သွားဖတ်တာ လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အိပ်ယာထဲကနေ TV ရုပ်မြင်သံကြားလှမ်းကြည့်တာမျိုး မလုပ်သင့်ပါဘူး။ အိပ်ယာက အိပ်ဖို့သာ သီးသန့်ဖြစ်သင့်ပါတယ်။ ဒါ့အပြင် စိုးရိမ်စရာတွေ၊ စိတ်တိုဒေါသထွက်စရာတွေနဲ့ အလုပ်ကိစ္စတွေကို အိပ်ယာဝင်ကာနီး မေ့ထားသင့်ပါတယ်။ ညဘက်အလုပ်များပြီး စောစောမအိပ်နိုင်ဘဲ မနက်အလင်းရောင်ထွက်ချိန်ထိ အိပ်ရသူတွေမှာလည်း မျက်လုံးကာတပ်ပြီး၊ ဆူညံသံကြား အိပ်ရသူတွေမှာလည်း နားပိတ်ရာဘာတုံး သုံးနိုင်ပါတယ်။ ဤကဲ့သို့လုပ်ဆောင်သော်လည်း အိပ်မရသေးလျှင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး၊ အိပ်ရေးပျက်ရခြင်းအကြောင်းရင်းကို ရှာဖွေကုသဖို့ လိုပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဉာဏ်ဝင်းကျော် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

==ZawGyi==

အိပ္ေရးပ်က္ရျခင္းအေၾကာင္းရင္းမ်ိဳးစုံရွိေနေပမယ့္ အေကာင္းဆုံးအိပ္စက္ျခင္း အေလ့အထေတြကို သိထားဖို႔ အေရးႀကီးတယ္လို႔ က်န္းမာေရးပညာရွင္ေတြက ရွင္းလင္းေျပာဆိုၾကပါတယ္။

အိပ္ေရးပ်က္ရျခင္းအေၾကာင္းရင္းမ်ိဳးစုံရွိရာမွာ အိပ္စက္ျခင္းဆိုင္ရာ ေရာဂါျပႆနာေတြ (Sleep Disorders) နဲ႔ အိပ္စက္ျခင္းကို အေႏွာက္အယွက္ေပးတဲ့ ပတ္ဝန္းက်င္အေနအထားေတြ ပါဝင္ပါတယ္။ အိပ္စက္ျခင္းဆိုင္ရာ ေရာဂါျပႆနာေတြထဲမွာ အိပ္ရင္းအသက္ရႈရပ္တာ (Sleep Apnea)၊ ေန႔ခင္းအိပ္ငိုက္ၿပီး ညအိပ္မရတာ၊ အိပ္ရင္း ေျခေထာက္လႈပ္ရမ္းတာ (Restless Legs Syndrome)၊ ညမွာထလန႔္ၿပီး ေအာ္တာ (Night Terror)၊ အိပ္ရင္းထလမ္းေလွ်ာက္တာ (Sleepwalking/ Somnambulism)၊ အတက္ေရာဂါတခ်ိဳ.နဲ႔ ကိုယ္ခႏၶာႂကြက္သား လႈပ္ရွားတဲ့ေရာဂါတခ်ိဳ႕လည္း ပါဝင္ပါတယ္။

အိပ္စက္ျခင္းကို အေႏွာက္အယွက္ေပးတဲ့ ပတ္ဝန္းက်င္ထဲမွာေတာ့ အလင္းေရာင္မ်ားတာ (မီးသီးအလင္းေရာင္အျပင္၊ TV ႐ုပ္ျမင္သံၾကား၊ လက္ကိုင္ဖုန္း၊ Tablet ၊ ကြန္ျပဴတာအလင္းေရာင္ေၾကာင့္ အိပ္ေရးပ်က္တာ)၊ ဆူညံတာ (လူေနထူထပ္ၿပီး နီးနီးကပ္ကပ္ ဆူညံသံၾကားရတာ)၊ လူမူေရးနဲ႔ စိတ္က်န္းမာေရးျပႆနာေတြျဖစ္တာ (စိုးရိမ္စိတ္လြန္ၿပီး ညအိပ္မရမွာ ေၾကာက္လာတာေတြ ပါဝင္ပါတယ္။

အထက္ပါအိပ္ေရးပ်က္ျခင္း အေၾကာင္းရင္း မ်ိဳးစုံရွိေနေသာ္လည္း၊ Sleep Hygiene (ေခၚ) အေကာင္းဆုံးအိပ္စက္ျခင္း အေလ့အေထတြကို သိရွိ၊ က်င့္သုံးျခင္းျဖင့္ ကာကြယ္ႏိုင္ပါတယ္။ ဒီအေလ့အထေတြကေတာ့ ပုံမွန္ အိပ္ခ်ိန္ထခ်ိန္ ေလ့က်င့္ယူတာ၊ ေန႔ခင္းတေရးမေမွးတာ၊ ေန႔ခင္းေနာက္ပိုင္း ေကာ္ဖီမေသာက္တာ၊ မအိပ္ခင္ သက္ေတာင့္သက္သာျဖစ္ေအာင္ ေျဖေလ်ာ့ Relax လုပ္တာ (ကြန္ျပဴတာ၊ Tablet၊ လက္ကိုင္ဖုန္းကဲ့သို႔ လွ်ပ္စစ္ပစၥည္းေတြနဲ႔ မဟုတ္ဘဲ၊ ႐ိုး႐ိုးစာအုပ္နဲ႔ စာနည္းနည္းဖတ္တာ၊ တရားထိုင္ အသက္ရႈေလ့က်င့္ခန္းလုပ္တာ၊ ေရေႏြးနဲ႔ေရခ်ိဳးတာ၊ အိပ္ကာနီး အစာမစားတာ)၊ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္း ပုံမွန္လုပ္တာ၊ အိပ္ခန္းကို အနည္းငယ္ေအးေစတာ၊ အိပ္ယာနဲ႔ေခါင္းအုံးကို မေပ်ာ့လြန္းမမာလြန္း အေနေတာ္ထားတာ၊ အိပ္ခန္းအတြင္း အလင္းေရာင္မရွိေအာင္ မီးမွိတ္ျပင္ဆင္တာ၊ ေကာ္ဖီ၊ အရက္၊ ေဆးလိပ္ေရွာင္တာ၊ ညေနဖက္ အစာဗိုက္အင့္ေအာင္မစားတာ၊ ပူစပ္လြန္းတာေတြ မစားေသာက္တာေတြ ျဖစ္ပါတယ္။

အခုလို အေလ့အထေတြ လုပ္ေဆာင္ထားသည့္တိုင္ အိပ္ရခက္ေနေသးလွ်င္ အိပ္ယာက ေခတၱထၿပီး၊ အေၾကာေျဖေလ်ာ့ကာ သက္ေတာင့္သက္သာ ပိုျဖစ္ေအာင္လုပ္ေပးတာနဲ႔၊ စာအုပ္နဲ႔ စာအနည္းငယ္သြားဖတ္တာ လုပ္ေပးႏိုင္ပါတယ္။ ဒါေပမဲ့ အိပ္ယာထဲကေန TV ႐ုပ္ျမင္သံၾကားလွမ္းၾကည့္တာမ်ိဳး မလုပ္သင့္ပါဘူး။ အိပ္ယာက အိပ္ဖို႔သာ သီးသန႔္ျဖစ္သင့္ပါတယ္။ ဒါ့အျပင္ စိုးရိမ္စရာေတြ၊ စိတ္တိုေဒါသထြက္စရာေတြနဲ႔ အလုပ္ကိစၥေတြကို အိပ္ယာဝင္ကာနီး ေမ့ထားသင့္ပါတယ္။ ညဘက္အလုပ္မ်ားၿပီး ေစာေစာမအိပ္ႏိုင္ဘဲ မနက္အလင္းေရာင္ထြက္ခ်ိန္ထိ အိပ္ရသူေတြမွာလည္း မ်က္လုံးကာတပ္ၿပီး၊ ဆူညံသံၾကား အိပ္ရသူေတြမွာလည္း နားပိတ္ရာဘာတုံး သုံးႏိုင္ပါတယ္။ ဤကဲ့သို႔လုပ္ေဆာင္ေသာ္လည္း အိပ္မရေသးလွ်င္ေတာ့ ကြၽမ္းက်င္တဲ့ ဆရာဝန္နဲ႔ ျပသတိုင္ပင္ၿပီး၊ အိပ္ေရးပ်က္ရျခင္းအေၾကာင္းရင္းကို ရွာေဖြကုသဖို႔ လိုပါတယ္။

ဒီေရာဂါအေၾကာင္း ပိုမိုသိရွိႏိုင္ဖို႔ ကိုဝင္းမင္း က စိတ္က်န္းမာေရး အထူးကုဆရာဝန္ႀကီး ပါေမာကၡ ေဒါက္တာဉာဏ္ဝင္းေက်ာ္ ကို ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

XS
SM
MD
LG