ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕နယ္မွာရွိတဲ့ ဟိုမိန္းေက်း႐ြာမွာ မိုးသီး႐ြာသြန္းတဲ့ဒဏ္ေၾကာင့္ လက္ဖက္ခင္းအားလုံးနီးပါး ပ်က္စီးကုန္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရာသီဥတု စပ္ကူးမပ္ကူး ကာလေတြမွာ ျဖစ္တတ္တဲ့ မိုးေလဝသျဖစ္စဥ္ထဲ မိုးသီးေႂကြတာ အပါအဝင္ တျခား သဘာဝေဘးေတြကို မိုးဇလက သတိေပးထားပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို အေျခခံၿပီး အလိမၼာက ေျပာျပမွာပါ။
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕နယ္က ဟိုမိန္းေက်း႐ြာ အပါအဝင္ ႐ြာရဲ႕အနီးဝန္းက်င္မွာ မတ္လ ၁၅ ရက္၊ မေန႔က မနက္အေစာပိုင္းမွာ မိုးသီး႐ြာသြန္းတဲ့ဒဏ္ေၾကာင့္ လက္ဖက္ခင္း အကုန္လုံးနီးပါး ပ်က္စီးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ခူးရမယ့္ လက္ဖက္အၫြန႔္ေတြနဲ႔ အပင္ႀကီးေတြက လက္ဖက္အ႐ြက္ၾကမ္းေတြလည္း အကုန္လုံး ပါသြားတယ္လို႔ နမ့္ဆန္ေဒသခံတဦးက ေျပာပါတယ္။
"ဟိုမိန္းေက်း႐ြာနဲ႔ ၃မိုင္၊ ၄မိုင္ အတြင္းေပါ့ေလ။ အဲဒီမွာ မိုးသီးက ေလာက္စလုံးေလာက္ေပါ့၊ ေသးတာလည္းရွိတယ္၊ အဲဒီထက္ႀကီးတာေတာ့ နည္းနည္းပါးပါးေတာ့ ပါတာေပါ့။ အဲဒီ ဟိုမိန္းနဲ႔ ၄၊ ၅ မိုင္ဝန္းက်င္က မထြက္ေသးတာေတြကေတာ့ ႐ြက္ၾကမ္းေတြအကုန္လုံး ပါသြားတာေပါ့ေလ။ မႏွစ္က ခုတ္ထားတဲ့လက္ဖက္ပင္ အေသးေတြကေတာ့ ခူးမလို႔လုပ္ေနတဲ့ လက္ဖက္ၿခံေတြ အားလုံးနီးပါးကေတာ့ အကုန္လုံး ဘာမွမရွိေတာ့ဘူး။ အဲဒီဘက္ျခမ္းက မ်ားေသာအားျဖင့္ ႏွစ္စဥ္ႏွစ္တိုင္း မိုးသီးကေတာ့ မျပတ္ဘူးဗ်။"
အခုလို မိုးသီးေႂကြတဲ့ျဖစ္စဥ္က အဲဒီအရပ္မွာ ႏွစ္စဥ္ျဖစ္ေနၾက ရာသီဥတု အေျခအေနလို႔လည္း ေျပာပါတယ္။ လက္ဖက္အၫြန႔္နဲ႔ အ႐ြက္ၾကမ္းေတြ အားလုံးပါသြားေပမယ့္ ေနအိမ္အပ်က္အစီးေတာ့ မရွိေသးဘူးလို႔ ေျပာပါတယ္။
ျမန္မာျပည္ ေႏြကာလျဖစ္တဲ့ မတ္၊ ဧၿပီနဲ႔ ေမလေတြမွာ ေန႔အပူခ်ိန္ျမင့္ၿပီး အဲဒီကေနတဆင့္ ေလျပင္းတိုက္ခတ္တာ၊ မိုးႀကိဳးပစ္တာ၊ လွ်ပ္စီးလက္တာနဲ႔ မိုးသီးေႂကြတာအျပင္ ေနရာကြက္ၿပီး မိုးထစ္ခ်ဳန္း႐ြာတတ္တဲ့ မိုးေလဝသျဖစ္စဥ္ေတြ ရွိတယ္လို႔ မိုးဇလက သတိေပးထားပါတယ္။ ဒီကာလေတြမွာ မိုး႐ြာရင္ မိုးသီးေႂကြတဲ့ျဖစ္စဥ္က ႏွစ္စဥ္ျဖစ္ေလ့ရွိၿပီးေတာ့ ျမန္မာျပည္အထက္ပိုင္းနဲ႔ အေရွ႕ပိုင္းေတြမွာ ပိုၿပီးျဖစ္တတ္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒဌာနက ၫႊန္ၾကားေရးမႉး ဦးလွထြန္းက ေျပာပါတယ္။
"ေမလဆိုရင္ ေႏြနဲ႔ မိုးႀကိဳကာလ ေရာက္သြားၿပီ။ အခု မတ္လက ေဆာင္းနဲ႔ေႏြ စပ္ကူးမပ္ကူး ကာလေပါ့။ ေနာက္ ဧၿပီက်ေတာ့ အပူခ်ိန္ အျမင့္ဆုံး ကာလေပါ့။ ဆိုေတာ့ စပ္ကူးမပ္ကူး ကာလေတြမွာပဲ ျဖစ္တဲ့သေဘာ ရွိတာေပါ့ေနာ္။ တကယ္တမ္းက်ေတာ့ မိုးသီးေႂကြတယ္ ဆိုတာက မိုးတိမ္ေတာင္ေပါ့ေလ၊ သူက ဖြံ႕ၿဖိဳးမႈအားေကာင္းရင္ သူ႔ရဲ႕ထိပ္ဖ်ားက ေပ ၄၊ ၅ ေသာင္း အထိျမင့္တယ္။ အဲေတာ့ အဲဒီ ေပ ၄၊ ၅ ေသာင္းမွာ အပူခ်ိန္က်ဆင္းတဲ့ အေနအထားရွိေတာ့ တိမ္ထိပ္ဖ်ားေတြက ေအးတဲ့အခါက်ေတာ့ ေရေတြခဲတာေပါ့ေလ။ မိုးတိမ္ေတာင္ေတြက မိုး႐ြာတဲ့အခါက်ေတာ့ ေရခဲေတြ ပါလာတာေပါ့ေနာ္။"
မိုးသီးေႂကြတဲ့ျဖစ္စဥ္က ဧၿပီလေလာက္မွာ အျဖစ္မ်ားၿပီးေတာ့ အခုႏွစ္ထဲမွာ မိုးသီးေႂကြတာေစာတယ္လို႔ ေျပာပါတယ္။ မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕မွာလည္း မတ္လ ၁၅ ရက္၊ မေန႔က ညပိုင္းအခ်ိန္မွာ မိုး႐ြာတာနဲ႔အတူ မိုးသီးေႂကြတာလည္း ရွိခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။ ပဲခူးတိုင္းနဲ႔ ကရင္ျပည္နယ္မွာလည္း ၿပီးခဲ့တဲ့ တနလၤာေန႔တုန္းက မိုးသည္းထန္ၿပီး ေလျပင္းတိုက္ခတ္တဲ့ျဖစ္စဥ္ေၾကာင့္ တခ်ိဳ႕ေနရာေတြမွာ သစ္ပင္ေတြက်ိဳးၿပီး ေနအိမ္တခ်ိဳ႕ ပ်က္စီးခဲ့ပါတယ္။
{Unicode}
ရှမ်းမြောက် နမ့်ဆန်မြို့နယ်မှာ မိုးသီးရွာမှုကြောင့် လက်ဖက်ခင်းတွေပျက်စီး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာရှိတဲ့ ဟိုမိန်းကျေးရွာမှာ မိုးသီးရွာသွန်းတဲ့ဒဏ်ကြောင့် လက်ဖက်ခင်းအားလုံးနီးပါး ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရာသီဥတု စပ်ကူးမပ်ကူး ကာလတွေမှာ ဖြစ်တတ်တဲ့ မိုးလေဝသဖြစ်စဉ်ထဲ မိုးသီးကြွေတာ အပါအဝင် တခြား သဘာဝဘေးတွေကို မိုးဇလက သတိပေးထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာက ပြောပြမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်က ဟိုမိန်းကျေးရွာ အပါအဝင် ရွာရဲ့အနီးဝန်းကျင်မှာ မတ်လ ၁၅ ရက်၊ မနေ့က မနက်အစောပိုင်းမှာ မိုးသီးရွာသွန်းတဲ့ဒဏ်ကြောင့် လက်ဖက်ခင်း အကုန်လုံးနီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခူးရမယ့် လက်ဖက်အညွန့်တွေနဲ့ အပင်ကြီးတွေက လက်ဖက်အရွက်ကြမ်းတွေလည်း အကုန်လုံး ပါသွားတယ်လို့ နမ့်ဆန်ဒေသခံတဦးက ပြောပါတယ်။
"ဟိုမိန်းကျေးရွာနဲ့ ၃မိုင်၊ ၄မိုင် အတွင်းပေါ့လေ။ အဲဒီမှာ မိုးသီးက လောက်စလုံးလောက်ပေါ့၊ သေးတာလည်းရှိတယ်၊ အဲဒီထက်ကြီးတာတော့ နည်းနည်းပါးပါးတော့ ပါတာပေါ့။ အဲဒီ ဟိုမိန်းနဲ့ ၄၊ ၅ မိုင်ဝန်းကျင်က မထွက်သေးတာတွေကတော့ ရွက်ကြမ်းတွေအကုန်လုံး ပါသွားတာပေါ့လေ။ မနှစ်က ခုတ်ထားတဲ့လက်ဖက်ပင် အသေးတွေကတော့ ခူးမလို့လုပ်နေတဲ့ လက်ဖက်ခြံတွေ အားလုံးနီးပါးကတော့ အကုန်လုံး ဘာမှမရှိတော့ဘူး။ အဲဒီဘက်ခြမ်းက များသောအားဖြင့် နှစ်စဉ်နှစ်တိုင်း မိုးသီးကတော့ မပြတ်ဘူးဗျ။"
အခုလို မိုးသီးကြွေတဲ့ဖြစ်စဉ်က အဲဒီအရပ်မှာ နှစ်စဉ်ဖြစ်နေကြ ရာသီဥတု အခြေအနေလို့လည်း ပြောပါတယ်။ လက်ဖက်အညွန့်နဲ့ အရွက်ကြမ်းတွေ အားလုံးပါသွားပေမယ့် နေအိမ်အပျက်အစီးတော့ မရှိသေးဘူးလို့ ပြောပါတယ်။
မြန်မာပြည် နွေကာလဖြစ်တဲ့ မတ်၊ ဧပြီနဲ့ မေလတွေမှာ နေ့အပူချိန်မြင့်ပြီး အဲဒီကနေတဆင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာအပြင် နေရာကွက်ပြီး မိုးထစ်ချုန်းရွာတတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေ ရှိတယ်လို့ မိုးဇလက သတိပေးထားပါတယ်။ ဒီကာလတွေမှာ မိုးရွာရင် မိုးသီးကြွေတဲ့ဖြစ်စဉ်က နှစ်စဉ်ဖြစ်လေ့ရှိပြီးတော့ မြန်မာပြည်အထက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ပိုပြီးဖြစ်တတ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
"မေလဆိုရင် နွေနဲ့ မိုးကြိုကာလ ရောက်သွားပြီ။ အခု မတ်လက ဆောင်းနဲ့နွေ စပ်ကူးမပ်ကူး ကာလပေါ့။ နောက် ဧပြီကျတော့ အပူချိန် အမြင့်ဆုံး ကာလပေါ့။ ဆိုတော့ စပ်ကူးမပ်ကူး ကာလတွေမှာပဲ ဖြစ်တဲ့သဘော ရှိတာပေါ့နော်။ တကယ်တမ်းကျတော့ မိုးသီးကြွေတယ် ဆိုတာက မိုးတိမ်တောင်ပေါ့လေ၊ သူက ဖွံ့ဖြိုးမှုအားကောင်းရင် သူ့ရဲ့ထိပ်ဖျားက ပေ ၄၊ ၅ သောင်း အထိမြင့်တယ်။ အဲတော့ အဲဒီ ပေ ၄၊ ၅ သောင်းမှာ အပူချိန်ကျဆင်းတဲ့ အနေအထားရှိတော့ တိမ်ထိပ်ဖျားတွေက အေးတဲ့အခါကျတော့ ရေတွေခဲတာပေါ့လေ။ မိုးတိမ်တောင်တွေက မိုးရွာတဲ့အခါကျတော့ ရေခဲတွေ ပါလာတာပေါ့နော်။"
မိုးသီးကြွေတဲ့ဖြစ်စဉ်က ဧပြီလလောက်မှာ အဖြစ်များပြီးတော့ အခုနှစ်ထဲမှာ မိုးသီးကြွေတာစောတယ်လို့ ပြောပါတယ်။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာလည်း မတ်လ ၁၅ ရက်၊ မနေ့က ညပိုင်းအချိန်မှာ မိုးရွာတာနဲ့အတူ မိုးသီးကြွေတာလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်မှာလည်း ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်တဲ့ဖြစ်စဉ်ကြောင့် တချို့နေရာတွေမှာ သစ်ပင်တွေကျိုးပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။