သိပ်ပူလွန်းတဲ့ သောက်စရာတွေဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်တယ်ဆိုတာ ကုလသမဂ္ဂ ကင်ဆာသုတေသနအဖွဲ့ရဲ့ လေ့လာ ချက် အသစ်တခုကနေ တွေ့လိုက်ရပါတယ်။
အပူချိန် ၆၅ ဒီဂရီ ဆဲလ်ဆီးယပ်စ်ထက် ပိုများတဲ့ သောက်စရာတွေဟာ အစာပြွန်နဲ့ဆိုင်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တယ်ဆိုတာ ကိုပြတဲ့ အထောက်အထား ရှိနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO လက်အောက်ခံ ကင်ဆာရောဂါဆိုင်ရာ နိုင်ငံတကာ သုတေသနဌာန IARC က ဒီကနေ့မှာပဲ ပြောလိုက်တာပါ။
ကော်ဖီတို့၊ လက်ဘက်ရည်တို့ကို အပူချိန် ၇၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် ဒါမှမဟုတ် အဲဒီပိုများတဲ့ အပူချိန်နဲ့ ဖျော်တိုက်လေ့ရှိတဲ့ အီရန်၊ တရုတ်နဲ့ တောင် အမေရိကဒေသတွေမှာ သုတေသနတွေလုပ်ပြီး ဆန်းစစ်လေ့လာတာကနေ အခုတွေ့ရှိချက် ထွက်လာ တာ ဖြစ်ပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အစာပြွန်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ ဆေးလိပ်သောက်တာနဲ့ အရက်သောက်တာတွေ ပါဝင်ပါ တယ်။ ဒါပေမဲ့လည်း သိပ်ပူလွန်းတဲ့ သောက်စရာတွေကို သောက်ကြတဲ့နိုင်ငံတွေမှာ ဒီလိုကင်ဆာရောဂါဖြစ်တာ ပိုများပါတယ်။
ခဲ၊ ဓာတ်ဆီနဲ့ ကားကထွက်တဲ့ မီးခိုးတွေလိုပဲ ပူလွန်းတဲ့သောက်စရာတွေကိုလည်း ကင်ဆာရောဂါဖြစ်နိုင်ခြေရှိတဲ့ အမျိုးအစား ထဲမှာ အခုတော့ ထည့်သွင်းလိုက်ပါပြီ။ ဒီတွေ့ရှိချက်က ကော်ဖီကြိုက်သူတွေအတွက်တော့ သတင်းကောင်းပါ။ ကော်ဖီထက် ဘယ်လောက်ပူတဲ့ကော်ဖီဆိုတာက ပိုပြီးအန္တရာယ်ရှိတယ်ဆိုတာ အခုပေါ်လာလို့ပါ။ ကော်ဖီကြောင့် ကင်ဆာဖြစ်နိုင်ခြေရှိတယ် လို့ ၁၉၉၁ ခုနှစ်မှာ WHO က ကြေညာထားဖူးပါတယ်။