သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒါက္တာခလမ္ဆမ္ဆြန္ကို အမႈ ၂ ခုအတြက္ စြဲခ်က္တင္ 


ကခ်င္ႏွစ္ျခင္းအသင္းေတာ္ (KBC) ဥကၠ႒ေဟာင္း သိကၡာေတာ္ရ ဆရာေတာ္ ေဒါက္တာခလမ္ဆမ္ဆြန္

၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလဆန္းပိုင္းမွာ စစ္ေကာင္စီက ဖမ္းဆီးခဲ့တဲ့ ကခ်င္ႏွစ္ျခင္းအသင္းေတာ္ (KBC) ဥကၠ႒ေဟာင္း သိကၡာေတာ္ရ ဆရာေတာ္ ေဒါက္တာခလမ္ဆမ္ဆြန္ကို မတရားအသင္း ဆက္သြယ္မႈဥပေဒပုဒ္မ ၁၇/၁၊ တပ္မေတာ္ကိုအၾကည္ညိဳပ်က္ေအာင္ ေသြးထိုးလႈံ ေဆာ္မႈ ၅၀၅-က ပုဒ္မႏွစ္ခုနဲ႔ ဒီေန႔ ေဖေဖာ္ဝါရီ ၂၈ ရက္မွာ စြဲခ်က္တင္လိုက္ပါတယ္။

ျမစ္ႀကီးနားေထာင္တြင္းတရား႐ုံးမွာ ဒီေန႔ ႐ံုးခ်ိန္းၾကားနာမႈအတြင္း အမႈ ၂ ခုအတြက္ စြဲခ်က္တင္လိုက္တာျဖစ္ပါတယ္။ စဲြခ်က္တင္လိုက္တဲ့ အမႈ ၂ ခုအတြက္ ေဒါက္တာခလမ္ဆမ္ဆြန္ကို မတ္လ ၇ ရက္ေန႔မွာ စတင္ စစ္ေဆးလိမ့္မယ္လို႔ သူ႔ေရွ႕ေနကေျပာပါတယ္။ သူ႔အေပၚ ေနာက္ထပ္ စြဲဆိုထားတဲ့ အၾကမ္းဖက္မႈ ဥပေဒပုဒ္မ ၅၂ (က) နဲ႔စြဲဆိုထားတဲ့ အမႈကိုလည္း ဒီေန႔မွာ စတင္စစ္ေဆးတာမွာ အမႈစစ္ (IO) ကိုစစ္ေဆးခဲ့တယ္လို႔ ေရွ႕ေနက ေျပာပါတယ္။ အဲဒီအမႈကိုလည္း လာမယ့္ မတ္ ၇ ရက္ေန႔မွာ ထပ္မံစစ္ေဆးမွာျဖစ္ပါတယ္။ အၾကမ္းဖက္မႈနဲ႔စြဲထားတဲ့ အမႈအတြက္ကိုလည္း စြဲခ်က္တင္သင့္ မသင့္ဆိုတာ အဲဒီေန႔မွာ ၂ ဖက္ ေရွ႕ေနေတြ ေလွ်ာက္လဲခ်က္ေပးမယ္လို႔ ေျပာပါတယ္။

၂၀၂၂ ဒီဇင္ဘာ ၅ ရက္ေန႔ မနက္က မႏၲေလးအျပည္ျပည္ဆိုင္ရာ ေလဆိပ္ကေန ထိုင္းႏိုင္ငံကို ေဆးသြားကုဖို႔အသြား ေဒါက္တာခလမ္ဆမ္ဆြမ္ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက စစ္ေဆးေမးျမန္းစရာရွိလို႔ဆိုၿပီး ဖမ္းဆီးခဲ့တာပါ။ အဲဒီလိုဖမ္းဆီးခဲ့ၿပီး ၂၀၂၃ ဇန္နဝါရီ ၁၁ရက္ မွာေတာ့ ဗိုလ္မွဴးသူေအာင္ေဇာ္ဆိုသူက တရားလိုလုပ္ၿပီး ပုဒ္မ ၃ ခုတပ္ တရားစြဲခဲ့တာျဖစ္ပါတယ္။ က်န္းမာေရးမေကာင္းတာေၾကာင့္ေဆးစစ္ဖို႔ ႀကိဳးစားေနစဥ္ ဖမ္းဆီးခံခဲ့ရတဲ့ ေဒါက္တာခလမ္ဆမ္ ဆြန္ရဲ႕ က်န္းမာေရးအေျခအေနနဲ႔ပတ္သတ္လို႔ မိသားစုဘက္က စိတ္ပူေနပါတယ္။ လက္ရွိအခ်ိန္ထိ မိသားစုနဲ႔ ေတြ႕ခြင့္မရေသးဘူးလို႔ မိသားစုဝင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

ကခ်င္လူထုအၾကား ၾသဇာေညာင္းတဲ့ ေဒါက္တာခလမ္ဆြမ္ဆြန္ကို ျမစ္ႀကီးနားေထာင္မွာ ေလာေလာဆယ္ ဖမ္းဆီးထားပါတယ္။ ေဒါက္တာခလမ္ဆမ္ဆြန္ဟာ KIA ဌာနခ်ဳပ္ရွိရာ လိုင္ဇာသို႔သြားေရာက္ၿပီး၊ KIA ထိပ္သီး ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံခဲ့တာေၾကာင့္ ဖမ္းဆီးအေရးယူခံရတာလို႔ နီးစပ္သူေတြက ေျပာပါတယ္။ သူ႔ကို ျပန္လႊတ္ေပးဖို႔ အေမရိကန္ျပည္ေထာင္စုက ေတာင္းဆိုတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရသူ Ned Price ကလည္း တြစ္တာလူမႈကြန္ယက္မွာ ေရးသားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ဒေါက်တာခလမ်ဆမ်ဆွန်ကို အမှု ၂ ခုအတွက် စွဲချက်တင်

၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညိုပျက်အောင် သွေးထိုးလှုံ ဆော်မှု ၅၀၅-က ပုဒ်မနှစ်ခုနဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ စွဲချက်တင်လိုက်ပါတယ်။ မြစ်ကြီးနားထောင်တွင်းတရားရုံးမှာ ဒီနေ့ ရုံးချိန်းကြားနာမှုအတွင်း အမှု ၂ ခုအတွက် စွဲချက်တင်လိုက်တာဖြစ်ပါတယ်။ စွဲချက်တင်လိုက်တဲ့ အမှု ၂ ခုအတွက် ဒေါက်တာခလမ်ဆမ်ဆွန်ကို မတ်လ ၇ ရက်နေ့မှာ စတင် စစ်ဆေးလိမ့်မယ်လို့ သူ့ရှေ့နေကပြောပါတယ်။ သူ့အပေါ် နောက်ထပ် စွဲဆိုထားတဲ့ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၂ (က) နဲ့စွဲဆိုထားတဲ့ အမှုကိုလည်း ဒီနေ့မှာ စတင်စစ်ဆေးတာမှာ အမှုစစ် (IO) ကိုစစ်ဆေးခဲ့တယ်လို့ ရှေ့နေက ပြောပါတယ်။ အဲဒီအမှုကိုလည်း လာမယ့် မတ် ၇ ရက်နေ့မှာ ထပ်မံစစ်ဆေးမှာဖြစ်ပါတယ်။ အကြမ်းဖက်မှုနဲ့စွဲထားတဲ့ အမှုအတွက်ကိုလည်း စွဲချက်တင်သင့် မသင့်ဆိုတာ အဲဒီနေ့မှာ ၂ ဖက် ရှေ့နေတွေ လျှောက်လဲချက်ပေးမယ်လို့ ပြောပါတယ်။

၂၀၂၂ ဒီဇင်ဘာ ၅ ရက်နေ့ မနက်က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ဆေးသွားကုဖို့အသွား ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းဆီးခဲ့တာပါ။ အဲဒီလိုဖမ်းဆီးခဲ့ပြီး ၂၀၂၃ ဇန်နဝါရီ ၁၁ရက် မှာတော့ ဗိုလ်မှူးသူအောင်ဇော်ဆိုသူက တရားလိုလုပ်ပြီး ပုဒ်မ ၃ ခုတပ် တရားစွဲခဲ့တာဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းတာကြောင့်ဆေးစစ်ဖို့ ကြိုးစားနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ ဒေါက်တာခလမ်ဆမ် ဆွန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်လို့ မိသားစုဘက်က စိတ်ပူနေပါတယ်။ လက်ရှိအချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။

ကချင်လူထုအကြား သြဇာညောင်းတဲ့ ဒေါက်တာခလမ်ဆွမ်ဆွန်ကို မြစ်ကြီးနားထောင်မှာ လောလောဆယ် ဖမ်းဆီးထားပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ KIA ဌာနချုပ်ရှိရာ လိုင်ဇာသို့သွားရောက်ပြီး၊ KIA ထိပ်သီး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာကြောင့် ဖမ်းဆီးအရေးယူခံရတာလို့ နီးစပ်သူတွေက ပြောပါတယ်။ သူ့ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price ကလည်း တွစ်တာလူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

XS
SM
MD
LG