သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္စက္မႈဇုံ ကိုဗစ္ကူးစက္မႈ စိုးရိမ္ဖြယ္႐ွိ


လႈိင္သာယာ စက္မႈဇံုက အလုပ္သမားမ်ားအား အပူခ်ိန္တိုင္းစဥ္ (ဓာတ္ပံု- AFP)

(Zawgyi/Unicode)

ရန္ကုန္တိုင္းအတြင္းက စက္မႈဇုံစက္႐ုံအမ်ားစုဟာ ကိုဗစ္ေရာဂါ ကာကြယ္ဖို႔အတြက္ လိုက္နာေဆာင္႐ြက္တာေတြ အားနည္းေနတယ္လို႔ အလုပ္သမား သမဂၢေတြက ေဝဖန္ေထာက္ျပၾကပါတယ္။ တခ်ိဳ႕စက္႐ုံေတြမွာ ကိုဗစ္ေရာဂါလကၡဏာေတြ ေတြ႕လာၿပီျဖစ္လို႔ စိုးရိမ္စရာအေျခအေန ျဖစ္ေၾကာင္း သမဂၢအဖြဲ႕ေတြက ေျပာလိုက္တာပါ။ ရန္ကုန္က ေပးပို႔လာတဲ့ ဒီသတင္းကိုေတာ့ ကိုၿငိမ္းခ်မ္း ေျပာျပမွာပါ။

လိႈင္သာယာ၊ ေ႐ႊလင္ပန္းစက္မႈဇုံက စက္႐ုံတခုမွာ ဖ်ားနာတဲ့စက္႐ုံလုပ္သား အမ်ားအျပား ႐ွိေနတယ္လို႔ အလုပ္သမားသမဂၢ တခုက လူမႈကြန္ရက္ေပၚမွာ ေရးသေထားသလို၊ ရန္ကုန္တိုင္း စက္မႈဇုံေတြက တျခားစက္႐ုံေတြလည္းမွာ ကိုဗစ္ေရာဂါလကၡဏာနဲ႔ ဖ်ားနာသူေတြ ႐ွိေနပါတယ္။

စက္႐ုံေတြမွာ ဒီလို ကိုဗစ္လကၡဏာေတြ ျမင္ေနရေပမဲ့ ထုတ္လုပ္ေရးကိုပဲ ဦးစားေပးေနတာေၾကာင့္ စိုးရိမ္စရာ အေျခအေနျဖစ္လာေၾကာင္း ျမန္မာႏိုင္ငံ ကုန္ထုတ္ႏွင့္ စက္မႈလက္မႈ အလုပ္သမားမ်ား အဖြဲ႕ခ်ဳပ္ IWFM ရဲ႕ ေျပာခြင့္ရ ဦးေဝယံ႐ိႈင္းက ဗြီအိုေအကို ေျပာပါတယ္။

“ အမ်ားႀကီးစိုးရိမ္ရတာေပါ့ အခုဆိုရင္ စက္႐ုံမွာ လူေတာ္ေတာ္မ်ားမ်ားဆိုရင္ ပ်မ္းမွ်ေျပာရရင္ တ႐ုံမွာဖ်ားနာတဲ့သူ မ႐ွိဘူးဆိုရင္ အေယာက္ ၃၀- ၄၀ အဲလို ဖ်ားနာတဲ့သူေတြ႐ွိတယ္။ အဲဒီကတဆင့္ မိသားစုေတြကို ကူးစက္တာေတြ႐ွိတယ္။ တခ်ိဳ႕ဆိုအနံ႔ေပ်ာက္ေနတယ္ ဒါေပမဲ့ အိမ္မွမနားဘူး အလုပ္ကို ဆင္းေနတယ္။ အဲဒါေတြက တကယ္ေတာ့ မျဖစ္သင့္တဲ့ ကိစၥေတြပဲ။ ဘယ္လိုလုပ္ၿပီး ဒီေရာဂါကို ထိန္းခ်ဳပ္ႏိုင္မွာလဲ ဘယ္လိုမွ မထိန္းခ်ဳပ္ႏိုင္ဘူး။ ဒီလိုပုံစံနဲ႔ဆိုရင္။”

စက္႐ုံအဝင္မွာ က်န္းမာေရးစစ္ဖို႔၊ ေနရာခြဲၿပီး ထမင္းစားၾကဖို႔၊ ႀကိဳပို႔ကားေတြမွာ လူျခားၿပီးထိုင္ဖို႔၊ မ်က္ႏွာကာနဲ႔ ႏွာေခါင္းစည္းတပ္ဖို႔၊ လက္သန္႔ေဆးရည္ ေနရာတိုင္းမွာ႐ွိဖို႔ ဒါေတြကို အလုပ္႐ွင္နဲ႔ အလုပ္သမားသမဂၢေတြက ကိုဗစ္ပထမလိႈင္း၊ ဒုတိယလိႈင္းမွာ အတူလက္တြဲ လုပ္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း အခု တတိယလိႈင္းကာလမွာေတာ့ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္ေတြကို အလုပ္႐ွင္၊ အလုပ္သမားေတြက လိုက္နာျခင္းမ႐ွိေတာ့ဘူးလို႔ အလုပ္သမား သမဂၢေတြက ေျပာပါတယ္။

အလုပ္သမားအဖြဲ႕အစည္း ၁၆ ကို စစ္ေကာင္စီဘက္က တရားမဝင္ေၾကာင္း ေၾကညာထားၿပီးေနာက္ ကိုဗစ္ကာကြယ္ေရးမွာ အလုပ္သမား သမဂၢေတြကရဲ႕ အခန္းက႑ေလ်ာ့က်သြားပါတယ္။ တခ်ိဳ႕စက္႐ုံေတြမွာ အနံ႔ေပ်ာက္တဲ့ အလုပ္သမားေတြ တျဖည္းျဖည္းမ်ားလာမွ ကိုဗစ္အတြက္ စၿပီးျပင္ဆင္ၾကတယ္လို႔ ေျပာပါတယ္။

“ လုံးဝကို မထိန္းခ်ဳပ္ႏိုင္ဘူး၊ အလုပ္႐ွင္အေနနဲ႔ စီမံခန္႔ခြဲေပးထားတာေတြ ဘာမွမ႐ွိဘူး။ ဒါေပမဲ့ သမဂၢအေနနဲ႔ကေတာ့ ကိုယ့္အဖြဲ႕ဝင္ေတြ ကိုယ့္သမဂၢေတြကိုေတာ့ ေန႔စဥ္မျပတ္ knowledge ပဲေပးႏိုင္တယ္၊ လုပ္ငန္းခြင္ထဲ တစိုက္တမတ္ လိုက္မလုပ္ေပးႏိုင္ဘူး။ လိုက္မလုပ္ေပးႏိုင္တဲ့ အေျခအေနကလည္း လိုက္လုပ္ေပးတယ္ဆိုရင္ အလုပ္႐ွင္က လက္တို႔တဲ့ကိစၥေတြ ႐ွိတယ္။ တခ်ိဳ႕ဆို ၿခိမ္းေျခာက္ခံရတာေတြ ႐ွိတယ္။ က်ေနာ္တို႔ ေခါင္းေဆာင္ေတြ အလုပ္သမား သမဂၢေတြအေနနဲ႔ လုံျခဳံမႈေတြ မ႐ွိဘူး စိုးရိမ္စိတ္ေတြ႐ွိတယ္။ အခုအေျခအေနက လႈပ္တာနဲ႔ က်ေနာ္တို႔ ဂြိမယ္ဆိုတဲ့ အေနအထားမ်ိဳး ႐ွိတယ္။ စကစ ဘက္ကေန တရားဝင္ေၾကညာတဲ့ အဖြဲ႕အစည္းေတြေရာ၊ မေၾကညာတဲ့ အဖြဲ႕အစည္းေတြေရာ ဘယ္သူမွ ဒီအလုပ္သမား ေရးရာနဲ႔ပတ္သက္ၿပီး လြတ္လြတ္လပ္လပ္ လုပ္လို႔မရဘူး။ ဒါလက္႐ွိ ကိုဗစ္ရဲ႕ အေျခအေနေတြပဲ။”

စက္႐ုံေတြမွာ ကိုဗစ္ေရာဂါတားဆီးေရး ကိစၥေတြကို က်န္းမာေရးဝန္ႀကီးဌာနက ဦးေဆာင္စီစဥ္ရတယ္ကိစၥျဖစ္တယ္လို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ၊ အလုပ္သမားဝန္ႀကီးဌာနရဲ႕ ေျပာခြင့္ရ ဦးၫႊန္႔ဝင္းက ေျပာပါတယ္။ လက္႐ွိမွာေတာ့ စက္မႈဇုံစက္႐ုံေတြမွာ ကိုဗစ္ကူးစက္ႏႈန္း ပိုမ်ားေနတယ္ဆိုတဲ့ အေျခအေန မ႐ွိေသးဘူးလို႔ သူကဗြီအိုေအကို ေျပာပါတယ္။

“ အဲဒါကေတာ့ က်န္းမာေရးကို ေမးမွရမယ္။ က်ေနာ္တို႔အပိုင္းကေတာ့ သိပ္ၿပီးေတာ့၊ covid issue က occupational disease မဟုတ္တဲ့အတြက္ က်ေနာ္တို႔က က်န္းမာေရးက lead လုပ္လို႔႐ွိရင္ေတာ့ က်ေနာ္တို႔က လိုက္ၿပီးေတာ့လုပ္ပါတယ္။ ဒါေပမဲ့ လက္႐ွိက်ေနာ္တို႔ သိထားသေလာက္ အေနအထားအရလည္း စက္႐ုံအလုပ္႐ုံေတြမွာ ျဖစ္တဲ့ဥစၥာက ထူးၿပီးေတာ့ စက္႐ုံအလုပ္႐ုံမွာ ပိုျဖစ္တဲ့အေနအထားေတာ့ က်ေနာ္တို႔ မေတြ႕ရပါဘူး။”

ႏိုင္ငံေရးမတည္ၿငိမ္မႈနဲ႔အတူ စားဝတ္ေနရးအၾကပ္အတည္းၾကားမွာ အခု ကိုဗစ္ကပ္ေရာဂါလိႈင္းကို အလုပ္သမားေတြ အေတာ္ ႐ုန္းကန္ေနရတယ္လို႔ အလုပ္သမားအေရး ေဆာင္႐ြက္သူေတြက ေျပာပါတယ္။

ကိုဗစ္ဆိုး႐ြားလာမႈ၊ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ အခုႏွစ္ဝက္အတြင္းမွာ ျမန္မာႏိုင္ငံက အလုပ္အကိုင္ ခန္႔မွန္းေျခ ၂.၂ သန္း ဆုံး႐ႈံးႏိုင္တယ္လို႔ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ ILO ကေျပာပါတယ္။ အထူးသျဖင့္ အလုပ္ေနရာေပါင္း သိန္းနဲ႔ခ်ီေပးထားတဲ့ အထည္ခ်ဳပ္က႑ကို ဆိုးဆိုး႐ြား႐ြား ႐ိုက္ခတ္ႏိုင္တယ္လို႔ ျပည္တြင္းအလုပ္သမားေရးရာ အဖြဲ႕ေတြက ေျပာေနၾကတာပါ။

................................................................................................

ရန်ကုန်စက်မှုဇုံ ကိုဗစ်ကူးစက်မှု စိုးရိမ်ဖွယ်ရှိ

(Unicode)

ရန်ကုန်တိုင်းအတွင်းက စက်မှုဇုံစက်ရုံအများစုဟာ ကိုဗစ်ရောဂါ ကာကွယ်ဖို့အတွက် လိုက်နာဆောင်ရွက်တာတွေ အားနည်းနေတယ်လို့ အလုပ်သမား သမဂ္ဂတွေက ဝေဖန်ထောက်ပြကြပါတယ်။ တချို့စက်ရုံတွေမှာ ကိုဗစ်ရောဂါလက္ခဏာတွေ တွေ့လာပြီဖြစ်လို့ စိုးရိမ်စရာအခြေအနေ ဖြစ်ကြောင်း သမဂ္ဂအဖွဲ့တွေက ပြောလိုက်တာပါ။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကိုတော့ ကိုငြိမ်းချမ်း ပြောပြမှာပါ။

လှိုင်သာယာ၊ ရွှေလင်ပန်းစက်မှုဇုံက စက်ရုံတခုမှာ ဖျားနာတဲ့စက်ရုံလုပ်သား အများအပြား ရှိနေတယ်လို့ အလုပ်သမားသမဂ္ဂ တခုက လူမှုကွန်ရက်ပေါ်မှာ ရေးသထေားသလို၊ ရန်ကုန်တိုင်း စက်မှုဇုံတွေက တခြားစက်ရုံတွေလည်းမှာ ကိုဗစ်ရောဂါလက္ခဏာနဲ့ ဖျားနာသူတွေ ရှိနေပါတယ်။

စက်ရုံတွေမှာ ဒီလို ကိုဗစ်လက္ခဏာတွေ မြင်နေရပေမဲ့ ထုတ်လုပ်ရေးကိုပဲ ဦးစားပေးနေတာကြောင့် စိုးရိမ်စရာ အခြေအနေဖြစ်လာကြောင်း မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် IWFM ရဲ့ ပြောခွင့်ရ ဦးဝေယံရှိုင်းက ဗွီအိုအေကို ပြောပါတယ်။

“ အများကြီးစိုးရိမ်ရတာပေါ့ အခုဆိုရင် စက်ရုံမှာ လူတော်တော်များများဆိုရင် ပျမ်းမျှပြောရရင် တရုံမှာဖျားနာတဲ့သူ မရှိဘူးဆိုရင် အယောက် ၃၀- ၄၀ အဲလို ဖျားနာတဲ့သူတွေရှိတယ်။ အဲဒီကတဆင့် မိသားစုတွေကို ကူးစက်တာတွေရှိတယ်။ တချို့ဆိုအနံ့ပျောက်နေတယ် ဒါပေမဲ့ အိမ်မှမနားဘူး အလုပ်ကို ဆင်းနေတယ်။ အဲဒါတွေက တကယ်တော့ မဖြစ်သင့်တဲ့ ကိစ္စတွေပဲ။ ဘယ်လိုလုပ်ပြီး ဒီရောဂါကို ထိန်းချုပ်နိုင်မှာလဲ ဘယ်လိုမှ မထိန်းချုပ်နိုင်ဘူး။ ဒီလိုပုံစံနဲ့ဆိုရင်။”

စက်ရုံအဝင်မှာ ကျန်းမာရေးစစ်ဖို့၊ နေရာခွဲပြီး ထမင်းစားကြဖို့၊ ကြိုပို့ကားတွေမှာ လူခြားပြီးထိုင်ဖို့၊ မျက်နှာကာနဲ့ နှာခေါင်းစည်းတပ်ဖို့၊ လက်သန့်ဆေးရည် နေရာတိုင်းမှာရှိဖို့ ဒါတွေကို အလုပ်ရှင်နဲ့ အလုပ်သမားသမဂ္ဂတွေက ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းမှာ အတူလက်တွဲ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အခု တတိယလှိုင်းကာလမှာတော့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို အလုပ်ရှင်၊ အလုပ်သမားတွေက လိုက်နာခြင်းမရှိတော့ဘူးလို့ အလုပ်သမား သမဂ္ဂတွေက ပြောပါတယ်။

အလုပ်သမားအဖွဲ့အစည်း ၁၆ ကို စစ်ကောင်စီဘက်က တရားမဝင်ကြောင်း ကြေညာထားပြီးနောက် ကိုဗစ်ကာကွယ်ရေးမှာ အလုပ်သမား သမဂ္ဂတွေကရဲ့ အခန်းကဏ္ဍလျော့ကျသွားပါတယ်။ တချို့စက်ရုံတွေမှာ အနံ့ပျောက်တဲ့ အလုပ်သမားတွေ တဖြည်းဖြည်းများလာမှ ကိုဗစ်အတွက် စပြီးပြင်ဆင်ကြတယ်လို့ ပြောပါတယ်။

“ လုံးဝကို မထိန်းချုပ်နိုင်ဘူး၊ အလုပ်ရှင်အနေနဲ့ စီမံခန့်ခွဲပေးထားတာတွေ ဘာမှမရှိဘူး။ ဒါပေမဲ့ သမဂ္ဂအနေနဲ့ကတော့ ကိုယ့်အဖွဲ့ဝင်တွေ ကိုယ့်သမဂ္ဂတွေကိုတော့ နေ့စဉ်မပြတ် knowledge ပဲပေးနိုင်တယ်၊ လုပ်ငန်းခွင်ထဲ တစိုက်တမတ် လိုက်မလုပ်ပေးနိုင်ဘူး။ လိုက်မလုပ်ပေးနိုင်တဲ့ အခြေအနေကလည်း လိုက်လုပ်ပေးတယ်ဆိုရင် အလုပ်ရှင်က လက်တို့တဲ့ကိစ္စတွေ ရှိတယ်။ တချို့ဆို ခြိမ်းခြောက်ခံရတာတွေ ရှိတယ်။ ကျနော်တို့ ခေါင်းဆောင်တွေ အလုပ်သမား သမဂ္ဂတွေအနေနဲ့ လုံခြုံမှုတွေ မရှိဘူး စိုးရိမ်စိတ်တွေရှိတယ်။ အခုအခြေအနေက လှုပ်တာနဲ့ ကျနော်တို့ ဂွိမယ်ဆိုတဲ့ အနေအထားမျိုး ရှိတယ်။ စကစ ဘက်ကနေ တရားဝင်ကြေညာတဲ့ အဖွဲ့အစည်းတွေရော၊ မကြေညာတဲ့ အဖွဲ့အစည်းတွေရော ဘယ်သူမှ ဒီအလုပ်သမား ရေးရာနဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် လုပ်လို့မရဘူး။ ဒါလက်ရှိ ကိုဗစ်ရဲ့ အခြေအနေတွေပဲ။”

စက်ရုံတွေမှာ ကိုဗစ်ရောဂါတားဆီးရေး ကိစ္စတွေကို ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်စီစဉ်ရတယ်ကိစ္စဖြစ်တယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ဦးညွှန့်ဝင်းက ပြောပါတယ်။ လက်ရှိမှာတော့ စက်မှုဇုံစက်ရုံတွေမှာ ကိုဗစ်ကူးစက်နှုန်း ပိုများနေတယ်ဆိုတဲ့ အခြေအနေ မရှိသေးဘူးလို့ သူကဗွီအိုအေကို ပြောပါတယ်။

“ အဲဒါကတော့ ကျန်းမာရေးကို မေးမှရမယ်။ ကျနော်တို့အပိုင်းကတော့ သိပ်ပြီးတော့၊ covid issue က occupational disease မဟုတ်တဲ့အတွက် ကျနော်တို့က ကျန်းမာရေးက lead လုပ်လို့ရှိရင်တော့ ကျနော်တို့က လိုက်ပြီးတော့လုပ်ပါတယ်။ ဒါပေမဲ့ လက်ရှိကျနော်တို့ သိထားသလောက် အနေအထားအရလည်း စက်ရုံအလုပ်ရုံတွေမှာ ဖြစ်တဲ့ဥစ္စာက ထူးပြီးတော့ စက်ရုံအလုပ်ရုံမှာ ပိုဖြစ်တဲ့အနေအထားတော့ ကျနော်တို့ မတွေ့ရပါဘူး။”

နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ စားဝတ်နေရးအကြပ်အတည်းကြားမှာ အခု ကိုဗစ်ကပ်ရောဂါလှိုင်းကို အလုပ်သမားတွေ အတော် ရုန်းကန်နေရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ကိုဗစ်ဆိုးရွားလာမှု၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အခုနှစ်ဝက်အတွင်းမှာ မြန်မာနိုင်ငံက အလုပ်အကိုင် ခန့်မှန်းခြေ ၂.၂ သန်း ဆုံးရှုံးနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ကပြောပါတယ်။ အထူးသဖြင့် အလုပ်နေရာပေါင်း သိန်းနဲ့ချီပေးထားတဲ့ အထည်ချုပ်ကဏ္ဍကို ဆိုးဆိုးရွားရွား ရိုက်ခတ်နိုင်တယ်လို့ ပြည်တွင်းအလုပ်သမားရေးရာ အဖွဲ့တွေက ပြောနေကြတာပါ။

Covid Worker
please wait

No media source currently available

0:00 0:03:53 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG