သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္အေပၚ စြပ္စြဲျပစ္တင္တဲ့အဆို လႊတ္ေတာ္မွာ အေရးနိမ့္


ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း။ (ဓာတ္ပံု - U Phyo Min Thein's Facebook)

[Zawgyi/Unicode]

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းအေပၚ စြပ္စြဲျပစ္တင္တဲ့အဆို ရန္ကုန္တိုင္းလႊတ္ေတာ္မွာ ရႈံးနိမ့္သြားတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း။
ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း။

ကိုကိုးကြၽန္းၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္ (၁) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ တဦးလည္းျဖစ္၊ အရင္ အစိုးရလက္ထက္က ရန္ကုန္တိုင္း နယ္စပ္ေရးရာဝန္ႀကီးေဟာင္း ဦးတင္ဝင္းက ဦးေဆာင္ၿပီး ကိုယ္စားလွယ္ ၃၂ ဦးက ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းအေပၚ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ ႏိုင္ငံေတာ္အဆင့္ ဗဟိုေကာ္မတီက ခ်မွတ္ထားတဲ့ ၫႊန္ၾကားခ်က္ေတြကို မလိုက္နာမႈအပါအဝင္ စြပ္စြဲျပစ္တင္မႈ ၇ ခ်က္ကို လက္မွတ္ထိုးၿပီး ၿပီးခဲ့တဲ့ ဇြန္လ ၅ ရက္ေန႔က လႊတ္ေတာ္ဥကၠ႒ထံ တင္ျပခဲ့တာကို ဒီကေန႔မွာ လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ပါတယ္။

"ကိုယ္စားလွယ္စုစုေပါင္း ၃ပုံ ၂ ပုံက ေထာက္ခံျခင္း မရွိသည့္အတြက္ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၆၃၊ ပုဒ္မခြဲ (င)၊ ပုဒ္မခြဲငယ္ ၃ အရ စြပ္စြဲျပစ္တင္မႈသည္ မမွန္ကန္ေၾကာင္းေၾကျငာပါတယ္။"

မဲခြဲဆုံးျဖတ္ရာမွာ ရရွိလာတဲ့ မဲအေရအတြက္အရ အဆိုကို ရႈံးနိမ့္ေၾကာင္း လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္းက အခုလိုေၾကျငာသြားခဲ့တာပါ။

မဲေပးပုိင္ခြင့္ရွိသူ ကိုယ္စားလွယ္အေရအတြက္ ၁၁၇ ဦးမွာ မဲေပးသူ ၁၀၂ ဦးရွိခဲ့ၿပီး ေထာက္ခံမဲ ၂၅ မဲ၊ ကန္႔ကြက္မဲက ၇၇ မဲရွိခဲ့တာပါ။ ကနဦး စြပ္စြဲျပစ္တင္ခ်က္ကို လက္မွတ္ထိုးတင္ခဲ့တဲ့ ကိုယ္စားလွယ္ ၃၂ ဦးလံုးရဲ႕ ေထာက္ခံမဲေတာင္ မရခဲ့တဲ့သေဘာျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း အေပၚ စြပ္စြဲျပစ္တင္ဖို႔တင္ျပခဲ့ တဲ့အေပၚမွာ လႊတ္ေတာ္ဘက္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စစ္ေဆးခဲ့တယ္လို႔ လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္းက လႊတ္ေတာ္မွာ တင္ျပခဲ့ပါတယ္။

စုံစမ္းစစ္ေဆးေရးအဖြဲ႕က စစ္ေဆးတာမွာ စြပ္စြဲျပစ္တင္မႈ ၇ ခ်က္ အေပၚ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းဘက္က ျပန္လည္ေျဖရွင္းခဲ့တဲ့ အခ်က္ေတြကိုလည္း လႊတ္ေတာ္မွာ ဥကၠ႒က ဖတ္ၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့လ ေမ ၂၄ ရက္ မနက္က ရန္ကုန္ ဗိုလ္တေထာင္ဆိပ္ကမ္းမွာ ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ဦးေဆာင္ၿပီး ရွင္ဥပၸဂုတၱမေထရ္ျမတ္ ေဖာင္ေတာ္ေရခ်ပူေဇာ္ပြဲကို လုပ္ခဲ့တာမွာ လူစုလူေဝးျဖစ္ေပၚခဲ့တာနဲ႔ ပတ္သတ္လို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ အေပၚေဝဖန္မႈေတြ ရွိခဲ့ပါတယ္။ ကိုယ္တိုင္ထုတ္ထားတဲ့ အမိန႔္ဥပေဒကို ကိုယ္တိုင္မလိုက္နာဘူးဆိုၿပီး ေဝဖန္ခဲ့ၾကတာပါ။ ဒီအတြက္ အာဏာရပါတီဘက္ကပါ ဝန္ႀကီးခ်ဳပ္ကို ေခၚယူသတိေပးခဲ့ပါတယ္။ ဒီလိုလူစုလူေဝး ျဖစ္ေပၚခဲ့တာမို႔ အစိုးရဘက္က ထုတ္ျပန္ထားတဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာဥပေဒကို ခ်ိဳးေဖာက္မႈနဲ႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ကို အေရးယူဖို႔ ေတာင္းဆိုတာေတြ၊ ရဲစခန္းတခ်ိဳ႕မွာ ဝန္ႀကီးခ်ဳပ္ကို အမႈဖြင့္ဖို႔ လုပ္ေဆာင္တာေတြ အထိရွိခဲ့ပါတယ္။

အဲဒီလို လုပ္ေဆာင္တာေတြ ျဖစ္ေပၚအၿပီး ရန္ကုန္တိုင္းလႊတ္ေတာ္က တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ အခ်ိဳ႕ဘက္က အခုလိုစြပ္စြဲျပစ္တင္တဲ့ အဆို တင္သြင္းလာတာေတြ ျဖစ္ေပၚလာခဲ့တာပါ။

ဒီအဆိုကို တင္သြင္းတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြထဲ ပါဝင္ခဲ့သူ ရန္ကုန္တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ကေတာ့ ဒီအဆို ကိုတင္သြင္းခဲ့သူထဲပါဝင္ခဲ့ေပမဲ့ အခုအဆိုပါ တိုင္ၾကားခ်က္အျပည့္အစုံကို ဒီကေန႔ လႊတ္ေတာ္မွ သိရတယ္လို႔ ဆိုပါတယ္။ တိုင္ၾကားခ်က္ေတြမွာ လိုအပ္ခ်က္ေတြ ရွိခဲ့သလို ဥပေဒနဲ႔ ညႇိစြန္းေစတဲ့ ဝန္ႀကီးခ်ဳပ္လုပ္ေဆာင္ခ်က္တခ်ိဳ႕ကို တင္ျပဖို႔ လိုအပ္ခဲ့တာေၾကာင့္ အဆိုက မေအာင္ျမင္ခဲ့တာလို႔ ဆိုပါတယ္။ ဒါေပမဲ့ ဒီကေန႔လႊတ္ေတာ္ ဆုံးျဖတ္ခ်က္ကိုလည္း သူကသေဘာမက်ခဲ့ပါဘူး။

"ဥကၠ႒က ခု ဥပေဒနဲ႔အညီ ကဏာမ ဖဲြ႔တယ္ေပါ့။ ပဏာမဖဲြ႔ခဲ့ရာမွာလည္း ဥပေဒက မည္သူပင္ဆိုေစခါမူ ဥကၠ႒အေနနဲ႔က ပါတီစံု ကိုယ္စားလွယ္ ဖဲြ႔သင့္တာေပါ့။ သို႔ေသာ္ တစ္ပါတီထဲကပဲ စစ္ေဆးတဲ့အဖဲြ႔မွာ ထည့္လိုက္တယ္၊ ထည့္ၿပီးစစ္တယ္။ ဒီပါတီက ၀န္ႀကီးခ်ဳပ္ကိုပဲ စစ္တဲ့ဟာမ်ိဳးဆိုေတာ့ ဒါ မျဖစ္သင့္ဘူးေပါ့။ မဲရလဒ္ေပါ့ မဲရလဒ္က မဲေတြက ကန႔္ကြက္လဲမေပး၊ ေထာက္ခံလဲမေပး၊ ၾကားလည္း မေနဘဲနဲ႔ မဲမေပးတဲ့သူေတြ NLD ပါတီကလည္းရွိတယ္။ ဒါေလးေတြက ဘာေၾကာင့္လဲ။ ရန္ကုန္တိုင္းေဒသႀကီးရဲ႕ မဲေပးတဲ့ စက္ခလုတ္ေပၚမွာပဲ ျခြတ္ယြင္းေနတာလား၊ ဒါမွမဟုတ္ တမင္တကာ မဲမေပးဘဲ ထားတာလား မေက်နပ္လို႔။ အဲ့ဒါေလးေတြကေတာ့ ေမးစရာေလးေတြ ရွိလာတာေပါ့။"

ဝန္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္မႈကို စစ္ေဆးရတဲ့ အဖြဲ႕ထဲ ပါဝင္ခဲ့သူ ရန္ကုန္တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ေအာင္ကေတာ့ စြပ္စြဲသူကိုယ္တိုင္ အရင္ အစိုးရအဖြဲ႕ထဲ တာဝန္ထမ္း ေဆာင္ခဲ့ဖူးသူ ျဖစ္ေပမဲ့ အစိုးရလုပ္ထုံးလုပ္နည္းေတြကို ေသခ်ာ မသိခဲ့တာမို႔ အခုလိုလုပ္ထုံးလုပ္နည္း မမွန္၊ နားမလည္ဘဲ မခိုင္လုံတဲ့ စြပ္စြဲခ်က္ေတြနဲ႔ စြပ္စြဲခဲ့တာျဖစ္လို႔ စိတ္ပ်က္ရတယ္လို႔ ျပန္လည္ တုံ႔ျပန္သြားပါတယ္။

"သူတို႔စြပ္စြဲခ်က္ေတြက မေရမရာေတြ၊ မဟုတ္တဲ့ စြပ္စဲြခ်က္ေတြနဲ႔ စြပ္စဲြျပစ္တင္တဲ့အခါ ရႈံးမွာ က်ိန္းေသ​တယ္။ ဒီလိုပုံစံမ်ိဳး စြပ္စဲြျပစ္တင္ခ်က္ေတြနဲ႔ က်ေနာ္တို႔မဟုတ္ဘဲ တျခားသူလာစစ္ရင္လည္း ဒီလိုပဲ အေျဖထြက္ပါလိမ့္မယ္။ ေနာက္တခ်က္က သူတို႔ေတြ ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၆၃ ကို ေသခ်ာဖတ္ထားပုံမရဘူး။ စြပ္စြဲတဲ့သူက အရင္အစိုးရလက္ထက္ကရာထူးႀကီးႀကီးရထားေပမယ့္ အစိုးရလုပ္ကိုင္ရတဲ့ ပုံစံ၊ လုပ္ကိုင္ပုံေတြ ေသခ်ာသိပုံမရဘူး။ ေနာက္ၿပီး အဲလိုမသိလို႔လဲ အခုလို စြပ္စြဲျပစ္တင္တာေတြ လုပ္တာလို႔ ေျပာခ်င္တယ္။"

ဝန္ႀကီးခ်ဳပ္ကို စုံစမ္းစစ္ေဆးေရးအဖြဲ႕ ကို ဇြန္ ၉ ရက္ေန႔က လႊတ္ေတာ္ ဒုဥကၠ႒ ဦးေဆာင္ၿပီး ရန္ကုန္တိုင္း လႊတ္ေတာ္ကိုယ္စားလွယ္ ၃ ဦးနဲ႔ တိုင္းအစိုးရ အရာရွိ ၁ ဦးေပါင္း ၅ ဦးတို႔နဲ႔ ဖြဲ႕စည္းၿပီး စုံစမ္းစစ္ေဆးခဲ့တာျဖစ္တယ္လို႔ လႊတ္ေတာ္ဥကၠ႒က ေျပာပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္အေပၚ စြပ္စြဲျပစ္တင္တဲ့အဆို လႊတ္ေတာ္္မွာအေရးနိမ့္

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်တဲ့အဆို ရန်ကုန်တိုင်းလွှတ်တော်မှာ ရှုံးနိမ့်သွားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်၊ အရင် အစိုးရလက်ထက်က ရန်ကုန်တိုင်း နယ်စပ်ရေးရာဝန်ကြီးဟောင်း ဦးတင်ဝင်းက ဦးဆောင်ပြီး ကိုယ်စားလှယ် ၃၂ ဦးက ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပေါ် COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် ဗဟိုကော်မတီက ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေကို မလိုက်နာမှုအပါအဝင် စွပ်စွဲပြစ်တင်မှု ၇ ချက်ကို လက်မှတ်ထိုးပြီး ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့တာကို ဒီကနေ့မှာ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပါတယ်။

"ကိုယ်စားလှယ်စုစုပေါင်း ၃ပုံ ၂ ပုံက ထောက်ခံခြင်း မရှိသည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (င)၊ ပုဒ်မခွဲငယ် ၃ အရ စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်းကြေငြာပါတယ်။"

မဲခွဲဆုံးဖြတ်ရာမှာ ရရှိလာတဲ့ မဲအရေအတွက်အရ အဆိုကို ရှုံးနိမ့်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အခုလိုကြေငြာသွားခဲ့တာပါ။

မဲပေးပိုင်ခွင့်ရှိသူ ကိုယ်စားလှယ်အရေအတွက် ၁၁၇ ဦးမှာ မဲပေးသူ ၁၀၂ ဦးရှိခဲ့ပြီး ထောက်ခံမဲ ၂၅ မဲ၊ ကန့်ကွက်မဲက ၇၇ မဲရှိခဲ့တာပါ။ ကနဦး စွပ်စွဲပြစ်တင်ချက်ကို လက်မှတ်ထိုးတင်ခဲ့တဲ့ ကိုယ်စားလှယ် ၃၂ ဦးလုံးရဲ့ ထောက်ခံမဲတောင် မရခဲ့တဲ့သဘောဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပေါ် စွပ်စွဲပြစ်တင်ဖို့တင်ပြခဲ့ တဲ့အပေါ်မှာ လွှတ်တော်ဘက်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စစ်ဆေးခဲ့တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးတာမှာ စွပ်စွဲပြစ်တင်မှု ၇ ချက် အပေါ် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဘက်က ပြန်လည်ဖြေရှင်းခဲ့တဲ့ အချက်တွေကိုလည်း လွှတ်တော်မှာ ဥက္ကဋ္ဌက ဖတ်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လ မေ ၂၄ ရက် မနက်က ရန်ကုန် ဗိုလ်တထောင်ဆိပ်ကမ်းမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးဆောင်ပြီး ရှင်ဥပ္ပဂုတ္တမထေရ်မြတ် ဖောင်တော်ရေချပူဇော်ပွဲကို လုပ်ခဲ့တာမှာ လူစုလူဝေးဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သတ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် အပေါ်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ကိုယ်တိုင်ထုတ်ထားတဲ့ အမိန့်ဥပဒေကို ကိုယ်တိုင်မလိုက်နာဘူးဆိုပြီး ဝေဖန်ခဲ့ကြတာပါ။ ဒီအတွက် အာဏာရပါတီဘက်ကပါ ဝန်ကြီးချုပ်ကို ခေါ်ယူသတိပေးခဲ့ပါတယ်။ ဒီလိုလူစုလူဝေး ဖြစ်ပေါ်ခဲ့တာမို့ အစိုးရဘက်က ထုတ်ပြန်ထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေကို ချိုးဖောက်မှုနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို အရေးယူဖို့ တောင်းဆိုတာတွေ၊ ရဲစခန်းတချို့မှာ ဝန်ကြီးချုပ်ကို အမှုဖွင့်ဖို့ လုပ်ဆောင်တာတွေ အထိရှိခဲ့ပါတယ်။

အဲဒီလို လုပ်ဆောင်တာတွေ ဖြစ်ပေါ်အပြီး ရန်ကုန်တိုင်းလွှတ်တော်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အချို့ဘက်က အခုလိုစွပ်စွဲပြစ်တင်တဲ့ အဆို တင်သွင်းလာတာတွေ ဖြစ်ပေါ်လာခဲ့တာပါ။

ဖုယြင္ အထည္ခ်ဳပ္စက္ရံုက ဆႏၵျပအလုပ္သမားေတြနဲ႕ ေတြ႕ဆံုေဆြးေႏြးေနတဲ့ ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ၿဖိဳးမင္းသိန္း - ရန္ကုန္တိုင္း အစိုးရရံုး ( ေအာက္တိုဘာလ ၂၉၊ ၂၀၁၈)
ဖုယြင္ အထည္ခ်ဳပ္စက္ရံုက ဆႏၵျပအလုပ္သမားေတြနဲ႕ ေတြ႕ဆံုေဆြးေႏြးေနတဲ့ ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ၿဖိဳးမင္းသိန္း - ရန္ကုန္တိုင္း အစိုးရရံုး ( ေအာက္တိုဘာလ ၂၉၊ ၂၀၁၈)

ဒီအဆိုကို တင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲ ပါဝင်ခဲ့သူ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကတော့ ဒီအဆို ကိုတင်သွင်းခဲ့သူထဲပါဝင်ခဲ့ပေမဲ့ အခုအဆိုပါ တိုင်ကြားချက်အပြည့်အစုံကို ဒီကနေ့ လွှတ်တော်မှ သိရတယ်လို့ ဆိုပါတယ်။ တိုင်ကြားချက်တွေမှာ လိုအပ်ချက်တွေ ရှိခဲ့သလို ဥပဒေနဲ့ ညှိစွန်းစေတဲ့ ဝန်ကြီးချုပ်လုပ်ဆောင်ချက်တချို့ကို တင်ပြဖို့ လိုအပ်ခဲ့တာကြောင့် အဆိုက မအောင်မြင်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီကနေ့လွှတ်တော် ဆုံးဖြတ်ချက်ကိုလည်း သူကသဘောမကျခဲ့ပါဘူး။

"ဥက္ကဋ္ဌက ခု ဥပဒေနဲ့အညီ ကဏာမ ဖွဲ့တယ်ပေါ့။ ပဏာမဖွဲ့ခဲ့ရာမှာလည်း ဥပဒေက မည်သူပင်ဆိုစေခါမူ ဥက္ကဋ္ဌအနေနဲ့က ပါတီစုံ ကိုယ်စားလှယ် ဖွဲ့သင့်တာပေါ့။ သို့သော် တစ်ပါတီထဲကပဲ စစ်ဆေးတဲ့အဖွဲ့မှာ ထည့်လိုက်တယ်၊ ထည့်ပြီးစစ်တယ်။ ဒီပါတီက ဝန်ကြီးချုပ်ကိုပဲ စစ်တဲ့ဟာမျိုးဆိုတော့ ဒါ မဖြစ်သင့်ဘူးပေါ့။ မဲရလဒ်ပေါ့ မဲရလဒ်က မဲတွေက ကန့်ကွက်လဲမပေး၊ ထောက်ခံလဲမပေး၊ ကြားလည်း မနေဘဲနဲ့ မဲမပေးတဲ့သူတွေ NLD ပါတီကလည်းရှိတယ်။ ဒါလေးတွေက ဘာကြောင့်လဲ။ ရန်ကုန်တိုင်းဒေသကြီးရဲ့ မဲပေးတဲ့ စက်ခလုတ်ပေါ်မှာပဲ ခြွတ်ယွင်းနေတာလား၊ ဒါမှမဟုတ် တမင်တကာ မဲမပေးဘဲ ထားတာလား မကျေနပ်လို့။ အဲ့ဒါလေးတွေကတော့ မေးစရာလေးတွေ ရှိလာတာပေါ့။"

ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်မှုကို စစ်ဆေးရတဲ့ အဖွဲ့ထဲ ပါဝင်ခဲ့သူ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ကတော့ စွပ်စွဲသူကိုယ်တိုင် အရင် အစိုးရအဖွဲ့ထဲ တာဝန်ထမ်း ဆောင်ခဲ့ဖူးသူ ဖြစ်ပေမဲ့ အစိုးရလုပ်ထုံးလုပ်နည်းတွေကို သေချာ မသိခဲ့တာမို့ အခုလိုလုပ်ထုံးလုပ်နည်း မမှန်၊ နားမလည်ဘဲ မခိုင်လုံတဲ့ စွပ်စွဲချက်တွေနဲ့ စွပ်စွဲခဲ့တာဖြစ်လို့ စိတ်ပျက်ရတယ်လို့ ပြန်လည် တုံ့ပြန်သွားပါတယ်။

"သူတို့စွပ်စွဲချက်တွေက မရေမရာတွေ၊ မဟုတ်တဲ့ စွပ်စွဲချက်တွေနဲ့ စွပ်စွဲပြစ်တင်တဲ့အခါ ရှုံးမှာ ကျိန်းသေတယ်။ ဒီလိုပုံစံမျိုး စွပ်စွဲပြစ်တင်ချက်တွေနဲ့ ကျနော်တို့မဟုတ်ဘဲ တခြားသူလာစစ်ရင်လည်း ဒီလိုပဲ အဖြေထွက်ပါလိမ့်မယ်။ နောက်တချက်က သူတို့တွေ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၃ ကို သေချာဖတ်ထားပုံမရဘူး။ စွပ်စွဲတဲ့သူက အရင်အစိုးရလက်ထက်ကရာထူးကြီးကြီးရထားပေမယ့် အစိုးရလုပ်ကိုင်ရတဲ့ ပုံစံ၊ လုပ်ကိုင်ပုံတွေ သေချာသိပုံမရဘူး။ နောက်ပြီး အဲလိုမသိလို့လဲ အခုလို စွပ်စွဲပြစ်တင်တာတွေ လုပ်တာလို့ ပြောချင်တယ်။"

ဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ဇွန် ၉ ရက်နေ့က လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဆောင်ပြီး ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနဲ့ တိုင်းအစိုးရ အရာရှိ ၁ ဦးပေါင်း ၅ ဦးတို့နဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးခဲ့တာဖြစ်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်ရှင်။

XS
SM
MD
LG