သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ဘာသာေရးအခမ္းအနားလုပ္တဲ့ ရန္ကုန္တိုင္းအစိုးရ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရ


ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း (ဓာတ္ပံု - Yangon Region Government - ေမ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 အေရးေပၚကာလအတြင္း ရန္ကုန္တိုင္းအစိုးရရဲ႕ ေမလ ၂၄ ရက္ေန႔လုပ္တဲ့ ဘာသာေရးအခမ္းအနားတခုနဲ႔ ပတ္သက္လို႔ လႊတ္ေတာ္အမတ္ေတြ ႏိုင္ငံေရးအသိုင္းအဝိုင္းေတြအၾကား ေဝဖန္ေျပာဆိုေနၾကတာကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ရွင္ဥပဂုတၱ မေထျမတ္ ေဖာင္ေတာ္ ေရခ်ပူေဇာ္ပြဲ အခမ္းအနား (ဓာတ္ပံု - Yangon Region Government - ေမ ၂၄၊ ၂၀၂၀)
ရွင္ဥပဂုတၱ မေထျမတ္ ေဖာင္ေတာ္ ေရခ်ပူေဇာ္ပြဲ အခမ္းအနား (ဓာတ္ပံု - Yangon Region Government - ေမ ၂၄၊ ၂၀၂၀)

ရွင္ဥပဂုတၱ မေထျမတ္ ေဖာင္ေတာ္ ေရခ်ပူေဇာ္ပြဲ အခမ္းအနားတစ္ခုကို ဗိုလ္တေထာင္ ဆိပ္ကမ္းမွာ ေမလ ၂၄ ရက္ေန႔က ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ဦးေဆာင္ၿပီး က်င္းပခဲ့တာဟာ COVID-19 ကပ္ေရာဂါကာကြယ္တားဆီးေရးအတြက္ ခ်မွတ္ထားတဲ့ ဥပေဒစည္းမ်ဥ္းေတြနဲ႔ မညီဘူးလို႔ ေထာက္ျပေဝဖန္ေနၾကတာပါ။

လက္ရွိအားျဖင့္ တႏိုင္ငံလုံးအတြက္ ထုတ္ထားတဲ့ ကန႔္သတ္မိန႔္ေတြကို ေမလ ၃၀ ရက္ေန႔အထိ သက္တမ္းတိုးထားသလို၊ ေဒသႏၲအစိုးရေတြက သီးျခားထပ္ထုတ္တဲ့ အမိန႔္ေတြကလည္း အကန႔္အသတ္မရွိ တည္ဆဲျဖစ္ပါတယ္။ အထူးသျဖင့္ လူစုလူေဝးနဲ႔ အခမ္းအနားေတြ လႈပ္ရွားမႈေတြ မေဆာင္႐ြက္ရဘူးဆိုတာ ပါဝင္ပါတယ္။

COVID-19 ကပ္ေရာဂါကာလ ေရာဂါပိုးကူးစက္မႈေတြကို တားဆီးႏိုင္ဖို႔အတြက္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနႏွင့္ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီတို႔က လူတိုင္းလိုက္နာၾကရမယ့္ ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ထားတဲ့ အခ်ိန္မွာ ရန္ကုန္တိုင္းအစိုးရအဖြဲ႕က က်င္းပခဲ့တဲ့ ဒီဘာသာေရးပြဲမ်ိဳး မျဖစ္သင့္ဘူးလို႔ ရန္ကုန္တိုင္းလႊတ္ေတာ္အမတ္ ဦးေက်ာ္ေဇယ်က ေဝဖန္ပါတယ္။

“ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနနဲ႔က ဒီလို လူစုလူေဝးလုပ္ၿပီးေတာ့ အခမ္းအနားေပါ့ဗ်ာ၊ အခမ္းအနားႀကီး လုပ္တာကေတာ့ ျငင္းလို႔မရပါဘူး၊ ဓာတ္ပုံေတြလည္း တက္ေနၿပီ။ ဒါႀကီးက မျဖစ္သင့္ပါဘူး။ အခု ဝန္ႀကီးခ်ဳပ္ႀကီးက ရွင္းျပတယ္၊ ဒါဟာ သူ႔အနနဲ႔ ဒါဟာ အခမ္းအနားမဟုတ္ပါဘူးဆိုၿပီး ျငင္းဆိုတယ္ေပါ့ေႏွာ္။ အခမ္းအနား မဟုတ္ဘူးလို႔ ျငင္းဆိုရင္ ပိုၿပီးေတာ့ မွားသြားၿပီ။ က်ေနာ္တို႔လည္း သူရွင္းတဲ့ အခါမွ ေပါ့ေစလိုလို႔ ေၾကာင္႐ုပ္ထိုး ေဆးအတြက္ေၾကာင့္ေလး ဆိုသလိုပါပဲ၊ သူ႔အေနာက္က အစိုးရအဖြဲ႕ ဝန္ႀကီးေတြတစ္ခ်ိဳ႕ ပါတယ္။ ၿမိဳ႕ေတာ္ဝန္ပါတယ္။ က်ေနာ္ေျပာခ်င္တာ ေထာက္ျပခ်င္တာက ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္ကိုယ္တိုင္ပါေနတယ္။ ဥပေဒခ်ဳပ္က အစိုးရအဖြဲ႕ကို ဥပေဒနဲ႔အညီ နည္းလမ္းမွန္ကန္ေအာင္ အႀကံအဉာဏ္မ်ားေပးရမွာ၊ ဥပေဒနဲ႔ မမွန္တဲ့လုပ္ရပ္မ်ားဆိုရင္လည္း သူက ေထာက္ျပေျပာဆိုရမွာ ကို ဥပေဒခ်ဳပ္ႀကီးကိုယ္တိုင္ပါေနေတာ့ က်ေနာ္တို႔ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ က်ေနာ္တို႔တင္ေျမႇာက္လိုက္တာပါပဲ။”

ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠ႒လည္းျဖစ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ တဦးလည္ျဖစ္တဲ့ ေဒါက္တာသက္သက္ခိုင္ကေတာ့ ရန္ကုန္တိုင္းအစိုးရအေနနဲ႔ ကိုယ္ခ်မွတ္ထားတဲ့စည္းမ်ဥ္းဥပေဒေတြကို ေလးစားသင့္တယ္လို႔ ေထာက္ျပပါတယ္။

“အစိုးရ တစ္ရပ္က ဥပေဒလိုက္နာရမယ္။ ျပည္သူလူထုကို လိုက္နာေအာင္ေျပာထားတယ္။ ေျပာထားၿပီး ျပည္သူလူထု မလိုက္နာတာက်ေတာ့ အေရးယူထားတယ္၊ ျပစ္ဒဏ္ေပးထားတယ္ေလ၊ ကိုယ္တိုင္လည္း လိုက္နာဖို႔လိုအပ္တာေပါ့။ အဲ့ဒါေၾကာင့္ အစိုးရသည္ ကိုယ္ခ်ထားတဲ့ ဥပေဒေတြကို၊ ကိုယ္ထုတ္ျပန္ထားတဲ့ ဥပေဒေတြကို ကိုယ္ခ်ိဳးေဖာက္တာ ဘာလုပ္သင့္လဲေပါ့ေနာ္၊ အဲ့ဒါကလည္း ေမးခြန္းတစ္ခု ျဖစ္တာေပါ့ရွင္။”

အခုလို ျဖစ္ရပ္အတြက္ ဥပေဒအတိုင္း ျဖစ္သင့္တယ္လို႔ႏိုင္ငံေရး အက်ဥ္းသားေဟာင္းမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း အတြင္းေရးမွဴး ဦးတိတ္ႏိုင္က သုံးသပ္ခ်က္ေပးပါတယ္။

“လူစုလူေဝးလုပ္တယ္ဆိုလို႔ ရွိရင္ေတာ့ ဘယ္လိုပဲ ျဖစ္ျဖစ္က ခ်ိဳးေဖာက္တာပဲေလ။ ဆိုေတာ့ သူထုတ္ျပန္တာက အစိုးရက ထုတ္ျပန္တာဆိုေတာ့ ဒီအစိုးရအဖြဲ႕က လိုက္နာမႈမရွိဘူးဆိုလို႔ရွိရင္လည္း ဒါက ဒီဥပေဒေၾကာင္းအရေတာ့ ဒါက ေဖာက္ဖ်က္တယ္လို႔ ေျပာလို႔ရမွာပါ။ ဒါေပမဲ့လည္း ဒီေန႔မနက္လားမသိဘူး ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က ေနၿပီးေတာ့ ျပန္ေျဖရွင္းထားတာေတြလည္း ရွိပါတယ္။ ဆိုေတာ့ ဒါနဲ႔ ပတ္သက္လို႔ကေတာ့ ဥပေဒအတိုင္းပဲ သြားၾကလိမ့္မယ္ထင္ပါတယ္။”

ဗိုလ္တေထာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚေမစိုးကေတာ့ ဥပေဒအရ တေျပးညီတည္းမရွိဘူးဆိုတဲ့ အေျခအေနကို ျပေနတာလို႔ ေဝဖန္ေျပာဆိုပါတယ္။

“လူေတြေက စည္ကားေနတဲ့ပုံေတြေတြ႕ရတယ္ေပါ့ေနာ္။ ဥပေဒရဲ႕ အထက္မွာေရာက္ေနလို႔ေပါ့ေနာ္၊ ဥပေဒခ်ိဳးေဖာက္တယ္ဆိုရင္ေတာ့ ဥပေဒက ျပည္သူအတြက္ပဲ ထုတ္ျပန္ထားတဲ့ ဥပေဒေပါ့။ ဥပေဒေတာ့ထုတ္တယ္။ ဒါေပမဲ့ ဒါက ျပည္သူအတြက္ အုပ္ခ်ဳပ္သူအတြက္ မပါဘူးဆိုတဲ့သေဘာ သက္ေရာက္ေနတာေပါ့။ ဒါဆိုေတာ့ အားလုံးက တိုင္းျပည္မွာ တေျပးညီမရွိဘူးဆိုတဲ့ သေဘာကိုသက္ေရာက္တာေပါ့။”

ရန္ကုန္တိုင္း အစိုးရအဖြဲ႕ရဲ႕ လုပ္ေဆာင္မႈက ဥပေဒကို ခ်ိဳးေဖာက္ရာ ေရာက္တယ္ဆိုေပမယ့္ အရင္က ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္ႏွင္းေရး ဥပေဒနဲ႔ အေရးယူခဲ့တဲ့ အမႈေတြနဲ႔ ထပ္တူမက်ႏိုင္ဘူးလို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္က ေဝဖန္ပါတယ္။

“အင္း... ဥပေဒကိုေတာ့ ၅ ေယာက္ထက္ပို မစုရ၊ ပြဲလမ္းေတြ မလုပ္ရဆိုတဲ့ဟာကိုေတာ့ ၿငိတယ္။ ဥပေဒနဲ႔ ၿငိတယ္ အဲ့ဒါကေတာ့။ သို႔ေသာ္လည္းပဲ တစ္ခုနဲ႔ တစ္ခုကေတာ ထပ္တူမညီတာမ်ိဳးေတာ့ ရွိတာေပါ့ေႏွာ္။ ဥပမာ ေဒးဗစ္လားတို႔ဆိုလို႔ရွိရင္ သူ႔ကို တရားေဟာတာ လူစုလူေဝး မလုပ္ရပါဘူးလို႔ ေျပာေနတဲ့ ၾကားထဲကကို သူကလုပ္တယ္။ လုပ္ေတာ့ ေရာဂါေတြ ျပန္ကုန္တာေပါ့ေႏွာ္။ အဲ့ေတာ့သူကို ခ်က္ခ်င္း သက္ဆိုင္ရာနဲ႔ အုပ္ခ်ဳပ္ေရးမွဴးကေနၿပီးေတာ့ အမႈဖြင့္လိုက္တယ္။ ပုဒ္မ ၂၅ နဲ႔ေပါ့ေနာ္။ အဲ့ဒီအမႈက ေထာင္ ၃ ႏွစ္ေလာက္က်ႏိုင္တယ္။ ဒါက ပုံစံတစ္မ်ိဳးေပါ့။ အဲ့ဒီပုံစံနဲ႔ေတာ့ ကိုၿဖိဳးမင္းသိန္းနဲ႔ကေတာ့ တိုက္႐ိုက္ေတာ့ ထပ္တူမက်ဘူး၊ တစ္မႈနဲ႔ တစ္မႈနဲ႔ ကေတာ့ ထပ္တူမက်ဘူး။ သို႔ေသာ္လည္းပဲ သူကေတာ့ ခုဏက လူ ၅ ေယာက္ထက္ပိုမစုရဆိုတာကိုေတာ့ ခ်ိဳးေဖာက္ရာေရာက္တယ္လို႔ က်ေနာ္တို႔ကေတာ့ အဲ့လိုပဲ ျမင္ပါတယ္။”

လူစုလူေဝးနဲ႔ ဘာသာေရး အခမ္းအနားလုပ္ခဲ့တဲ့ ခရစ္ယာန္တရားေဟာဆရာ ေဒးဗစ္လား ကို အေရးယူခဲ့တဲ့အေပၚ တည္ၿပီး ရန္ကုန္တိုင္းအစိုးရက အခုလုပ္တဲ့ ဘာသာေရးအခမ္းအနားကို အမ်ားျပည္သူၾကားမွာေရာ ႏိုင္ငံေရး အသိုင္းအဝိုင္းၾကားမွာပါ ေဝဖန္ေျပာဆိုၾကတာပါ။ ဒါနဲ႔ ပတ္သက္လို႔ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ရန္ကုန္တိုင္းအမတ္ေတြကို ဆက္သြယ္ေမးျမန္းေပမဲ့ ေျဖၾကားလိုျခင္း မရွိဘူးလို႔တံု႔ျပန္ၾကပါတယ္။ တခ်ိဳ႕ကေတာ့ မီဒီယာကိုမွတ္ခ်က္တစုံတရာေျပာလိုက္လို႔ ရန္ကုန္တိုင္းအစိုးရ သို႔မဟုတ္ ပါတီဘက္က ျပန္လည္အေရးယူလာမွာကို စိုးရိမ္ေနပုံရပါတယ္။ ရန္ကုန္တိုင္းအစိုးရ တာဝန္ရွိသူေတြကို VOA က ဆက္သြယ္ေမးျမန္းေပမဲ့လို႔ ဖုန္း လက္ခံေျဖၾကားျခင္းမရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလ ဘာသာရေးအခမ်းအနားလုပ်တဲ့ ရန်ကုန်တိုင်းအစိုးရ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရ

COVID-19 အရေးပေါ်ကာလအတွင်း ရန်ကုန်တိုင်းအစိုးရရဲ့ မေလ ၂၄ ရက်နေ့လုပ်တဲ့ ဘာသာရေးအခမ်းအနားတခုနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေ နိုင်ငံရေးအသိုင်းအဝိုင်းတွေအကြား ဝေဖန်ပြောဆိုနေကြတာကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း (ဓာတ္ပံု - Yangon Region Government - ေမ ၂၄၊ ၂၀၂၀)
ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း (ဓာတ္ပံု - Yangon Region Government - ေမ ၂၄၊ ၂၀၂၀)

ရှင်ဥပဂုတ္တ မထေမြတ် ဖောင်တော် ရေချပူဇော်ပွဲ အခမ်းအနားတစ်ခုကို ဗိုလ်တထောင် ဆိပ်ကမ်းမှာ မေလ ၂၄ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးဆောင်ပြီး ကျင်းပခဲ့တာဟာ COVID-19 ကပ်ရောဂါကာကွယ်တားဆီးရေးအတွက် ချမှတ်ထားတဲ့ ဥပဒေစည်းမျဉ်းတွေနဲ့ မညီဘူးလို့ ထောက်ပြဝေဖန်နေကြတာပါ။

လက်ရှိအားဖြင့် တနိုင်ငံလုံးအတွက် ထုတ်ထားတဲ့ ကန့်သတ်မိန့်တွေကို မေလ ၃၀ ရက်နေ့အထိ သက်တမ်းတိုးထားသလို၊ ဒေသန္တအစိုးရတွေက သီးခြားထပ်ထုတ်တဲ့ အမိန့်တွေကလည်း အကန့်အသတ်မရှိ တည်ဆဲဖြစ်ပါတယ်။ အထူးသဖြင့် လူစုလူဝေးနဲ့ အခမ်းအနားတွေ လှုပ်ရှားမှုတွေ မဆောင်ရွက်ရဘူးဆိုတာ ပါဝင်ပါတယ်။

COVID-19 ကပ်ရောဂါကာလ ရောဂါပိုးကူးစက်မှုတွေကို တားဆီးနိုင်ဖို့အတွက် ကျန်းမာရေးနဲ႔ အားကစားဝန်ကြီးဌာနနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီတို့က လူတိုင်းလိုက်နာကြရမယ့် ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတဲ့ အချိန်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ကျင်းပခဲ့တဲ့ ဒီဘာသာရေးပွဲမျိုး မဖြစ်သင့်ဘူးလို့ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးကျော်ဇေယျက ဝေဖန်ပါတယ်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့က ဒီလို လူစုလူဝေးလုပ်ပြီးတော့ အခမ်းအနားပေါ့ဗျာ၊ အခမ်းအနားကြီး လုပ်တာကတော့ ငြင်းလို့မရပါဘူး၊ ဓာတ်ပုံတွေလည်း တက်နေပြီ။ ဒါကြီးက မဖြစ်သင့်ပါဘူး။ အခု ဝန်ကြီးချုပ်ကြီးက ရှင်းပြတယ်၊ ဒါဟာ သူ့အနနဲ့ ဒါဟာ အခမ်းအနားမဟုတ်ပါဘူးဆိုပြီး ငြင်းဆိုတယ်ပေါ့ေနာ္။ အခမ်းအနား မဟုတ်ဘူးလို့ ငြင်းဆိုရင် ပိုပြီးတော့ မှားသွားပြီ။ ကျနော်တို့လည်း သူရှင်းတဲ့ အခါမှ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်ကြောင့်လေး ဆိုသလိုပါပဲ၊ သူ့အနောက်က အစိုးရအဖွဲ့ ဝန်ကြီးတွေတစ်ချို့ ပါတယ်။ မြို့တော်ဝန်ပါတယ်။ ကျနော်ပြောချင်တာ ထောက်ပြချင်တာက ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ကိုယ်တိုင်ပါနေတယ်။ ဥပဒေချုပ်က အစိုးရအဖွဲ့ကို ဥပဒေနဲ့အညီ နည်းလမ်းမှန်ကန်အောင် အကြံအဉာဏ်များပေးရမှာ၊ ဥပဒေနဲ့ မမှန်တဲ့လုပ်ရပ်များဆိုရင်လည်း သူက ထောက်ပြပြောဆိုရမှာ ကို ဥပဒေချုပ်ကြီးကိုယ်တိုင်ပါနေတော့ ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကျနော်တို့တင်မြှောက်လိုက်တာပါပဲ။”

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌလည်းဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးလည်ဖြစ်တဲ့ ဒေါက်တာသက်သက်ခိုင်ကတော့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ကိုယ်ချမှတ်ထားတဲ့စည်းမျဉ်းဥပဒေတွေကို လေးစားသင့်တယ်လို့ ထောက်ပြပါတယ်။

“အစိုးရ တစ်ရပ်က ဥပဒေလိုက်နာရမယ်။ ပြည်သူလူထုကို လိုက်နာအောင်ပြောထားတယ်။ ပြောထားပြီး ပြည်သူလူထု မလိုက်နာတာကျတော့ အရေးယူထားတယ်၊ ပြစ်ဒဏ်ပေးထားတယ်လေ၊ ကိုယ်တိုင်လည်း လိုက်နာဖို့လိုအပ်တာပေါ့။ အဲ့ဒါကြောင့် အစိုးရသည် ကိုယ်ချထားတဲ့ ဥပဒေတွေကို၊ ကိုယ်ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို ကိုယ်ချိုးဖောက်တာ ဘာလုပ်သင့်လဲပေါ့နှော်၊ အဲ့ဒါကလည်း မေးခွန်းတစ်ခု ဖြစ်တာပေါ့ရှင်။”

အခုလို ဖြစ်ရပ်အတွက် ဥပဒေအတိုင်း ဖြစ်သင့်တယ်လို့နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဦးတိတ်နိုင်က သုံးသပ်ချက်ပေးပါတယ်။

“လူစုလူဝေးလုပ်တယ်ဆိုလို့ ရှိရင်တော့ ဘယ်လိုပဲ ဖြစ်ဖြစ်က ချိုးဖောက်တာပဲလေ။ ဆိုတော့ သူထုတ်ပြန်တာက အစိုးရက ထုတ်ပြန်တာဆိုတော့ ဒီအစိုးရအဖွဲ့က လိုက်နာမှုမရှိဘူးဆိုလို့ရှိရင်လည်း ဒါက ဒီဥပဒေကြောင်းအရတော့ ဒါက ဖောက်ဖျက်တယ်လို့ ပြောလို့ရမှာပါ။ ဒါပေမဲ့လည်း ဒီနေ့မနက်လားမသိဘူး ရန်ကုန်တိုင်းဝန်ကြီးချုပ်က နေပြီးတော့ ပြန်ဖြေရှင်းထားတာတွေလည်း ရှိပါတယ်။ ဆိုတော့ ဒါနဲ့ ပတ်သက်လို့ကတော့ ဥပဒေအတိုင်းပဲ သွားကြလိမ့်မယ်ထင်ပါတယ်။”

ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေစိုးကတော့ ဥပဒေအရ တပြေးညီတည်းမရှိဘူးဆိုတဲ့ အခြေအနေကို ပြနေတာလို့ ဝေဖန်ပြောဆိုပါတယ်။

“လူတွေကေ စည်ကားနေတဲ့ပုံတွေတွေ့ရတယ်ပေါ့နော်။ ဥပဒေရဲ့ အထက်မှာရောက်နေလို့ပေါ့နော်၊ ဥပဒေချိုးဖောက်တယ်ဆိုရင်တော့ ဥပဒေက ပြည်သူအတွက်ပဲ ထုတ်ပြန်ထားတဲ့ ဥပဒေပေါ့။ ဥပဒေတော့ထုတ်တယ်။ ဒါပေမဲ့ ဒါက ပြည်သူအတွက် အုပ်ချုပ်သူအတွက် မပါဘူးဆိုတဲ့သဘော သက်ရောက်နေတာပေါ့။ ဒါဆိုတော့ အားလုံးက တိုင်းပြည်မှာ တပြေးညီမရှိဘူးဆိုတဲ့ သဘောကိုသက်ရောက်တာပေါ့။”

ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုက ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်ဆိုပေမယ့် အရင်က ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေနဲ့ အရေးယူခဲ့တဲ့ အမှုတွေနဲ့ ထပ်တူမကျနိုင်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဝေဖန်ပါတယ်။

“အင်း... ဥပဒေကိုတော့ ၅ ယောက်ထက်ပို မစုရ၊ ပွဲလမ်းတွေ မလုပ်ရဆိုတဲ့ဟာကိုတော့ ငြိတယ်။ ဥပဒေနဲ့ ငြိတယ် အဲ့ဒါကတော့။ သို့သော်လည်းပဲ တစ်ခုနဲ့ တစ်ခုကတော ထပ်တူမညီတာမျိုးတော့ ရှိတာပေါ့နှော်။ ဥပမာ ဒေးဗစ်လားတို့ဆိုလို့ရှိရင် သူ့ကို တရားဟောတာ လူစုလူဝေး မလုပ်ရပါဘူးလို့ ပြောနေတဲ့ ကြားထဲကကို သူကလုပ်တယ်။ လုပ်တော့ ရောဂါတွေ ပြန်ကုန်တာပေါ့နှော်။ အဲ့တော့သူကို ချက်ချင်း သက်ဆိုင်ရာနဲ့ အုပ်ချုပ်ရေးမှူးကနေပြီးတော့ အမှုဖွင့်လိုက်တယ်။ ပုဒ်မ ၂၅ နဲ့ပေါ့နော်။ အဲ့ဒီအမှုက ထောင် ၃ နှစ်လောက်ကျနိုင်တယ်။ ဒါက ပုံစံတစ်မျိုးပေါ့။ အဲ့ဒီပုံစံနဲ့တော့ ကိုဖြိုးမင်းသိန်းနဲ့ကတော့ တိုက်ရိုက်တော့ ထပ်တူမကျဘူး၊ တစ်မှုနဲ့ တစ်မှုနဲ့ ကတော့ ထပ်တူမကျဘူး။ သို့သော်လည်းပဲ သူကတော့ ခုဏက လူ ၅ ယောက်ထက်ပိုမစုရဆိုတာကိုတော့ ချိုးဖောက်ရာရောက်တယ်လို့ ကျနော်တို့ကတော့ အဲ့လိုပဲ မြင်ပါတယ်။”

လူစုလူဝေးနဲ့ ဘာသာရေး အခမ်းအနားလုပ်ခဲ့တဲ့ ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လား ကို အရေးယူခဲ့တဲ့အပေါ် တည်ပြီး ရန်ကုန်တိုင်းအစိုးရက အခုလုပ်တဲ့ ဘာသာရေးအခမ်းအနားကို အများပြည်သူကြားမှာရော နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာပါ ဝေဖန်ပြောဆိုကြတာပါ။ ဒါနဲ့ ပတ်သက်လို့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်တိုင်းအမတ်တွေကို ဆက်သွယ်မေးမြန်းပေမဲ့ ဖြေကြားလိုခြင်း မရှိဘူးလို့တုံ့ပြန်ကြပါတယ်။ တချို့ကတော့ မီဒီယာကိုမှတ်ချက်တစုံတရာပြောလိုက်လို့ ရန်ကုန်တိုင်းအစိုးရ သို့မဟုတ် ပါတီဘက်က ပြန်လည်အရေးယူလာမှာကို စိုးရိမ်နေပုံရပါတယ်။ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေကို VOA က ဆက်သွယ်မေးမြန်းပေမဲ့လို့ ဖုန်း လက်ခံဖြေကြားခြင်းမရှိပါဘူး။

XS
SM
MD
LG