သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောလီဝုဒ် အကယ်ဒမီဆုရှင် Nicolas Cage မြန်မာနိုင်ငံမှာ ရုင်ရှင်ရိုက်ဖို့စီစဉ်


မှတ်တမ်းဓာတ်ပုံ။ Nicolas Cage ပါဝင်သရုပ်ဆောင်ထားတဲ့ Season of the Witch ရုပ်ရှင်။
မှတ်တမ်းဓာတ်ပုံ။ Nicolas Cage ပါဝင်သရုပ်ဆောင်ထားတဲ့ Season of the Witch ရုပ်ရှင်။

ဟောလီဝုဒ် ရုပ်ရှင်အကယ်ဒမီဆုနဲ့ Golden Globe ဆုရ နာမည်ကြီး အမေရိကန် ရုပ်ရှင်သရုပ်ဆောင် Nicolas Cage ဟာ ကိုယ်ခံသိုင်း ကာတွန်းဇာတ်လမ်းတွဲ Jiu Jitsu ကို Sc-fi ရုပ်ရှင်အဖြစ် ရိုက်ကူးရာမှာ အဓိက သရုပ်ဆောင် အဖြစ် ပါဝင်မှာဖြစ်ပြီး ဒီရုပ်ရှင်ရဲ့ သဲထိတ်ရင်ဖို တိုက်ခိုက်တဲ့ အခန်းတချို့ကို မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးမှာ ဖြစ်တယ်လို့ Variety.com မှာဖေါ်ပြ ထားပါတယ်။

ဒီ Jiu Jitsu ဇာတ်လမ်းမှာ ကမ္ဘာကို ၆ နှစ် တကြိမ် လာရောက် တိုက်ခိုက်ကြတဲ့ Aliens ဂြိုဟ်သားတွေကို အသက် ၅၅ နှစ်အရွယ်ရှိ Nicolas Cage နဲ့ သူ့ရဲ့ တခြား Jiu Jitsu သိုင်းသမားတွေက ခုခံတိုက်ခိုက်တဲ့ အကြောင်းကို ရိုက်ကူးမှာဖြစ်ပါတယ်။

ဒီ ရုပ်ရှင်မှာ Kickboxer ရုပ်ရှင်မင်းသား Alain Moussi လည်း ပါဝင်မှာဖြစ်ပြီး Kickboxer ရုပ်ရှင် ဒါရိုက်တာ Dimitri Logothetis က ဒီကားရဲ့ ဒါရိုက်တာ အဖြစ် တာဝန်ယူ ရိုက်ကူးမှာ ဖြစ်ပါတယ်။ Logothetis က Jiu Jitsu ရုပ်ရှင်ကား ဟာ ကမ္ဘာတဝှမ်းရှိ သိုင်းပညာ ဝါသနာရှင်တွေနဲ့ သိပ္ပံ Sci-fi ရှုပ်ရှင် ပရိသတ်တွေကို စိတ်ကျေနပ်မှု ရစေရမယ်လို့လည်း ပြောခဲ့ပါတယ်။

Nicolas Cage နဲ့ Alain Moussi နဲ့တွဲပြီး တခြား Jiu Jitsu သိုင်းသမားတွေနဲ့ အတူ ကမ္ဘာကြီးကို Aliens ဂြိုဟ်သားတွေ ရန်ကနေ အဆုံးစွန် ကြမ်းကြမ်းတမ်းတမ်း ခုခံတိုက်ခိုက်မဲ့ အခန်းတွေကို မြန်မာနိုင်ငံမှာ ရိုက်ကူးဖို့ ရှိတယ် လို့လည်း ဒါရိုက်တာက Variety.com ကိုပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကို ဟောင်ကောင်အခြေစိုက် Highland film group က ကမ္ဘာတဝှမ်း ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။

Jiu Jitsu ရုပ်ရှင်ကား မြန်မာနိုင်ငံမှာ ရိုက်ကူးဖြစ်ရင် ဒီကားဟာ မြန်မာနိုင်ငံမှာ ၂၀၀၀ ခုနှစ်များ နောက်ပိုင်းမှာ ဒုတိယမြောက် ရိုက်ကူးတဲ့ နိုင်ငံတကာ ရုပ်ရှင် ဖြစ်မှာပါ။ ပြီးခဲ့တဲ့လက ရန်ကုန်မြို့မှာ ဟောင်ကောင် တရုပ် action ကားဖြစ်တဲ့ Line Walker- 2 ကို Shaw Brother Pictures International Ltd. နဲ့ J.Q. Pictures က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

၁၉၅၄ ခုကတော့မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ် ဇာတ်လမ်းကို နောက်ခံထားပြီး ကမ္ဘာကျော် ဟောလီဝုဒ် ရုပ်ရှင်မင်းသား Gregory Peck နဲ့ မြန်မာ ရုပ်ရှင်မင်းသမီး ဝင်းမင်းသန်း တို့ အဓိက ဇာတ်ဆောင်တွေ အဖြစ် ပါဝင်တဲ့ Purple Plain ခရမ်းရောင်လွင်ပြင် ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG