သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Holocaust ေအာက္ေမ့ဖြယ္ေန႔ အခမ္းအနား


ဂ်ဴးလူမ်ဳိးေတြအစုလိုက္အၿပံဳလိုက္ သတ္ျဖတ္ခံရတဲ့ Auschwitz အက်ဥ္းေထာင္ေရွ႕မွာ ေသဆံုးသူေတြကို အမွတ္တရလာေရာက္ဂါရဝျပဳၾကစဥ္။ (ဇန္နဝါရီ ၂၇၊ ၂၀၂၃) 

[[Zawgyi/Unicode]]

ဇႏၷဝါရီလ ၂၇ ရက္ေန႔ကို ဂ်ဴးေတြကိုအစုလိုက္အၿပဳံလိုက္သတ္ခဲ့တဲ့ ႏိုင္ငံတကာ Holocaust ေအာက္ေမ့ဖြယ္ေန႔အျဖစ္ သတ္မွတ္က်င္းပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာလည္း ဒီရက္မွာ ေအာက္ေမ့ဖြယ္အခမ္းအနားကို အၿမဲက်င္းပပါတယ္။

ဇႏၷဝါရီ ၂၇ ရက္ကို ေရြးခ်ယ္သတ္မွတ္ရတာကေတာ့ ပိုလန္ႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ ေအာ့စ္ဝဇ္ Auschwitz အႀကီးဆုံး ဂ်ာမန္နာဇီအက်ဥ္းစခန္းမွာ ခ်ဳပ္ေႏွာင္ထားတဲ့ ေထာင္ေပါင္းမ်ားစြာေသာဂ်ဴးလူမ်ိဳးေတြကို ႐ုရွားတပ္ေတြကစတင္ ေတြ႔ရွိခဲ့တဲ့ ၁၉၄၅ ခုႏွစ္ ဇႏၷဝါရီလ ၂၇ ရက္ေန႔ကို အစဲြျပဳၿပီး သတ္မွတ္ခဲ့တာပါ။

History.com သမိုင္းဝက္ဆိုင္စာမ်က္ႏွာအရ အက်ဥ္းစခန္းအနီးေရာက္လာတဲ့ ႐ုရွားတပ္ေတြဟာ အေစာပိုင္းမွာ ဂိုေဒါင္လိုအေဆာက္အဦးႀကီးေတြဟာ တိတ္ဆိတ္ေနတဲ့အတြက္ ဘယ္သူမွမရွိဘူးလို႔ထင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ အဲဒိအခ်ဳပ္ခန္းႀကီးေတြထဲမွာ အစာေရစာျပတ္ၿပီး ပိန္လွီေနတဲ့ ေထာင္ေပါင္းမ်ားစြာေသာဂ်ဴးေတြနဲ႔ ျပည့္ႏွက္ေနတာကို ေတြ႔ခဲ့ရပါတယ္။

နာဇီ SS တပ္ဖဲြ႔ေတြဟာ သူတို႔ကို အစာေရစာျပတ္ၿပီး ေသေအာင္ပစ္ထားခဲ့တာပါ။ ဒီလိုအက်ဥ္းစခန္းေတြမွာ ဂ်ဴးေတြကို ေထာင္နဲ႔ေသာင္းနဲ႔ခ်ီ သတ္ခဲ့ပါတယ္။ ဒုတိယကမ႓ာစစ္အတြင္း ဂ်ဴးလူမ်ိဳး ၆ သန္းေက်ာ္ေလာက္ကို နာဇီေတြက စနစ္တက်ဖမ္းဆီးသတ္ျဖတ္ခဲ့ပါတယ္။

Holocaust ေအာက္ေမ့ဖြယ္ေန႔ အခမ္းအနား.mp3
please wait

No media source currently available

0:00 0:00:56 0:00
တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

Holocaust အောက်မေ့ဖွယ်နေ့ အခမ်းအနား

ဇန္နဝါရီလ ၂၇ ရက်နေ့ကို ဂျူးတွေကိုအစုလိုက်အပြုံလိုက်သတ်ခဲ့တဲ့ နိုင်ငံတကာ Holocaust အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ကျင်းပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ဒီရက်မှာ အောက်မေ့ဖွယ်အခမ်းအနားကို အမြဲကျင်းပပါတယ်။

ဇန္နဝါရီ ၂၇ ရက်ကို ရွေးချယ်သတ်မှတ်ရတာကတော့ ပိုလန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ အော့စ်ဝဇ် Auschwitz အကြီးဆုံး ဂျာမန်နာဇီအကျဉ်းစခန်းမှာ ချုပ်နှောင်ထားတဲ့ ထောင်ပေါင်းများစွာသောဂျူးလူမျိုးတွေကို ရုရှားတပ်တွေကစတင် တွေ့ရှိခဲ့တဲ့ ၁၉၄၅ ခုနှစ် ဇန္နဝါရီလ ၂၇ ရက်နေ့ကို အစွဲပြုပြီး သတ်မှတ်ခဲ့တာပါ။

History.com သမိုင်းဝက်ဆိုင်စာမျက်နှာအရ အကျဉ်းစခန်းအနီးရောက်လာတဲ့ ရုရှားတပ်တွေဟာ အစောပိုင်းမှာ ဂိုဒေါင်လိုအဆောက်အဦးကြီးတွေဟာ တိတ်ဆိတ်နေတဲ့အတွက် ဘယ်သူမှမရှိဘူးလို့ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒိအချုပ်ခန်းကြီးတွေထဲမှာ အစာရေစာပြတ်ပြီး ပိန်လှီနေတဲ့ ထောင်ပေါင်းများစွာသောဂျူးတွေနဲ့ ပြည့်နှက်နေတာကို တွေ့ခဲ့ရပါတယ်။

နာဇီ SS တပ်ဖွဲ့တွေဟာ သူတို့ကို အစာရေစာပြတ်ပြီး သေအောင်ပစ်ထားခဲ့တာပါ။ ဒီလိုအကျဉ်းစခန်းတွေမှာ ဂျူးတွေကို ထောင်နဲ့သောင်းနဲ့ချီ သတ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုး ၆ သန်းကျော်လောက်ကို နာဇီတွေက စနစ်တကျဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

XS
SM
MD
LG