သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Holocaust ကိစ္စ အပြောမှားတဲ့ Zuckerberg ဖြေရှင်းချက်ထုတ်


Mark Zuckerberg
Mark Zuckerberg

နာဇီတွေ ဂျူးလူမျိုးသန်းနဲ့ချီကို သတ်ဖြတ်ခဲ့တဲ့ Holocaust ဖြစ်ရပ်မဟုတ်ဘူးလို့ ငြင်းဆန်နေသူတွေကို Facebook သုံးခွင့်ပေးသင့်တယ်ဆိုတဲ့ ပြောကြားမှုကို Facebook CEO Mark Zuckerberg ကပြောကြားခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက် သူ့ရဲ့ရပ်တည်ချက်ကို ပြန်လည်ရှင်းလင်းနေပါတယ်။

ကိုယ်တိုင်ဂျူးလူမျိုးဖြစ်တဲ့ Zuckerberg က Recode နည်းပညာသတင်း Website နဲ့သီးသန့်မေးမြန်းခန်းမှာ ဂျူးအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာကို မယုံကြည်သူတွေကို Facebook ကနေ အလိုအလျောက် ဖယ်ရှားမှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။ တခါတရံမှာ လူတွေဟာ မှားနိုင်ကြပြီး ရည်ရွယ်ချက်ရှိရှိနဲ့ မှားယွင်းနေတာလို့ သူ့အနေနဲ့ မထင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒီပြောကြားချက်အပေါ် Online ပေါ်မှာ အတော်လေးဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ Facebook အနေနဲ့ စာရိတ္တပိုင်းဆိုင်ရာနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် ဝတ္တရားရှိတယ်လို့ ဂျူးအဖွဲ့အစည်းတခုဖြစ်တဲ့ Anti-Defamation League က ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာ Zuckerberg က ပြောခဲ့တာနဲ့ပါတ်သက်လို့ ထပ်ရှင်းပြတဲ့စာကို Recode website ကသူ့ကို အင်တာဗျူးလုပ်ခဲ့သူဆီကို Email ပေးပို့ခဲ့ပါတယ်။

အဲဒီ Email ထဲမှာ Holocaust ကိုငြင်းဆန်နေမှုဟာ စော်ကားရာရောက်တယ်လို့ ပုဂ္ဂိုလ်ရေးအရ သူသတ်မှတ်ကြောင်းနဲ့ အဲဒါကို ငြင်းဆန်နေသူတွေကို သူ့ဖက်က ကာကွယ်ဖို့ လုံးဝရည်ရွယ်ချက်မရှိဘူးလို့ ပြောကြားထားပါတယ်။

Mark Zuckerberg ရဲ့ အင်တာဗျူးထွက်ပေါ်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ အကြမ်းဖက်မှုဖြစ်စေတဲ့ သတင်းမှားတွေကို Facebook ကနေ စတင်ဖယ်ရှားတော့မယ်လို့ ကြေညာခဲ့ပါတယ်။ Facebook ရဲ့ မူဝါဒအသစ်ကို သီရိလင်္ကာနိုင်ငံမှာ စတင်ကျင့်သုံးမှာဖြစ်ပြီး အဲဒီနောက် မြန်မာနိုင်ငံအပေါ် ကျင့်သုံးမှာဖြစ်ပါတယ်။

ဒီ ၂ နိုင်ငံလုံးမှာ မွတ်ဆလင်မုန်းတီးမှုအခြေခံတဲ့ အကြမ်းဖက်မှုဖြစ်အောင် လှုံဆော်မှုတွေ။ အမုန်းစကားတွေအတွက် Facebook က ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်ခြင်းမရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထားကြတာဖြစ်ပါတယ်။

Holocaust ကိစ္စ အပြောမှားတဲ့ Zuckerberg ဖြေရှင်းချက်ထုတ်
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG