သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြစ်ဒဏ်သက်သာခွင့်ရဖို့ ဟောင်ကောင် တက်ကြွလှုပ်ရှားသူတွေ အပြစ်ရှိကြောင်းဝန်ခံ


ဟောင်ကောင်တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ တိုင်ဝမ်မှာဆန္ဒပြနေတဲ့မြင်ကွင်း (ဇွန် ၉၊ ၂၀၂၄)
ဟောင်ကောင်တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ တိုင်ဝမ်မှာဆန္ဒပြနေတဲ့မြင်ကွင်း (ဇွန် ၉၊ ၂၀၂၄)

တိုင်းပြည်အာဏာပြိုကွဲအောင် ကြံစည်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဟောင်ကောင်က တက်ကြွလှုပ်ရှားသူ ၄၅ ဦးက လျော့ပေါ့တဲ့ပြစ်ဒဏ် ကျခံရဖို့အတွက် ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့မှာ အပြစ်ရှိကြောင်း နောက်ဆုံး ဝန်ခံထွက်ဆိုလိုက်ကြပါပြီ။​ ဒါဟာ ဟောင်ကောင်ကျွန်းမှာ အမျိုးသားလုံခြုံရေးနဲ့ဆိုင်တဲ့ သမိုင်းဝင် အမှုတခုလည်း ဖြစ်ပါတယ်။​

ဟောင်ကောင်ကျွန်းမှာ ၂၀၁၉ ခုနှစ်က လအတန်ကြာ အကြမ်းဖက်မှုတွေနဲ့ ရောယှက်ခဲ့တဲ့ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြပွဲတွေအပြီး တရုတ်အစိုးရက ၂၀၂၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြင်းထန်တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေအရ သူတို့အနေနဲ့ ထောင်ဒဏ် တသက်တကျွန်း ကျခံရနိုင်ခြေ ရှိနေတာပါ။​

သူတို့ ၄၅ ဦးစလုံးကို နောက်ပိုင်း စီရင်ချက်ချသွားမယ်လို့ တရားသူကြီး Andrew Chan က ပြောကြားလိုက်ပေမယ့် ဘယ်နေ့မှာ ပြစ်ဒစ်ချမယ်ဆိုတာတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။​

ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးအဖွဲ့အတွက် ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရေစီအရေးလိုလားတဲ့ ကိုယ်စားလှယ်လောင်းကို ရွေးချယ် တင်မြှောက်ဖို့အတွက် တောင်းဆို ဆန္ဒပြတဲ့အထဲ ပါဝင်ခဲ့သူ ၄၇ ဦးကို ဖမ်းဆီးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ သူတို့အားလုံးကို စွဲချက်တင်ခဲ့ပါတယ်။

အခု စွဲချက်တင်ခံထားရသူတွေက ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဖို့ လုပ်ဆောင်ခဲ့တဲ့အပြင် လူတိုင်း စစ်မှန်တဲ့ မဲပေးခွင့်ရရှိရေး၊ ကြိုတင် ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ သူတို့ အမတ်နေရာအများစု အနိုင်ရခဲ့ရင် ဘတ်ဂျက်ကို ဗီတိုအာဏာသုံးပယ်ချရေးတို့အတွက် ဖိအားပေး တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG