သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ရဲတပ္ဖဲြ႕ေစာင့္ၾကည့္ေရး ႏိုင္ငံတကာကြ်မ္းက်င္သူအဖဲြ႕ႏုတ္ထြက္


(Zawgyi/Unicode)

ေဟာင္ေကာင္ရဲတပ္ဖဲြ႔ ေစာင့္ၾကည့္အကဲခတ္အဖဲြ႔ရဲ႕ သီးျခားရပ္တည္မႈအေပၚ စုိးရိမ္မႈေၾကာင့္ ပူးေပါင္းကူညီေနၾကတဲ့ ႏုိင္ငံတကာ ကၽြမ္းက်င္သူအဖဲြ႔ ဒီကေန႔ပဲ ႏုတ္ထြက္လုိက္ပါတယ္။

ရဲတပ္ဖဲြ႔ သီးျခားလြတ္လပ္တဲ့ တုိင္ၾကားေရးေကာင္စီရဲ႕ လုပ္ပုိင္ခြင့္အာဏာ၊ လုပ္ႏုိင္စြမ္း၊ သီးျခားလြတ္လပ္မႈေတြမွာ အႀကီးအက်ယ္ အားနည္းခ်က္ေတြ ရွိေနတာေၾကာင့္ ႏုတ္ထြက္လုိက္ေၾကာင္း ဒီကေန႔ပဲ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိလုိက္တာပါ။

ရာဇ၀တ္မႈ က်ဳးလြန္တယ္လုိ႔ မသကၤာသူေတြကုိ တ႐ုတ္ျပည္မႀကီးကုိ လဲႊေျပာင္းႏုိင္မယ့္ ဥပေဒၾကမ္းကုိ ကန္႔ကြက္ရာက ဇြန္လကစလုိ႔ ေဟာင္ေကာင္မွာ ဆႏၵျပပဲြေတြ စတင္ေပၚေပါက္ခဲ့ၿပီးေနာက္ ရဲတပ္ဖဲြ႔ရဲ႕ လုပ္ရပ္ေတြအေပၚ စုံစမ္းစစ္ေဆးတဲ့ ေကာင္စီအဖဲြ႔မွာ အႀကံေပးဖုိ႔အတြက္ ၿဗိတိန္၊ ကေနဒါ၊ ၾသစေၾတးလ်နဲ႔ နယူးဇီလန္ႏုိင္ငံေတြက ကၽြမ္းက်င္သူေတြကုိ ဖိတ္ေခၚထားတာ ျဖစ္ပါတယ္။

ေနာက္ပုိင္းမွာေတာ့ ေဟာင္ေကာင္မွာ ဒီမုိကေရစီ အျပည့္အ၀ရေရးအထိ ေတာင္းဆုိရာက ဆႏၵျပပဲြေတြ ၾကမ္းတမ္းလာၿပီး၊ ေဒါသတႀကီး ဆႏၵျပခဲ့သူေတြကုိ လုံထိန္းရဲေတြ႔က ရာဘာက်ည္ဆံေတြ၊ မီးသတ္ပုိက္ေတြ မ်က္ရည္ယုိဗုံးေတြသုံးၿပီး ႏွိမ္နင္းခဲ့တာပါ။

ရဲတပ္ဖဲြ႔က အင္အား အလြန္အကၽြံသုံးခဲ့တာေတြ ရွိမရွိ ဆုိတာကုိ စုံစမ္းေဖာ္ထုတ္ဖုိ႔လည္း ဆႏၵျပသူေတြ ေတာင္းဆုိခဲ့ၾကေပမဲ့ အုပ္ခ်ဳပ္ေရးမွဴး Carrie Lam ကေတာ့ လက္မခံခဲ့ပါဘူး။

ဒီမုိကေရစီေရး လုိလားသူ လႊတ္ေတာ္အမတ္ Tanya Chan ကေတာ့ ရဲတပ္ဖဲြ႔ရဲ႕ လုပ္ရပ္ေတြနဲ႔ ပတ္သက္လုိ႔ သီးျခားလြတ္လပ္တဲ့ တုိင္ၾကားေရး ေကာင္စီက ထုတ္ျပန္မယ့္ စုံစမ္းစစ္ေဆးေရး အစီရင္ခံစာနဲ႔ ပတ္သက္လုိ႔ အယုံအၾကည္ မရွိေၾကာင္း ကၽြမ္းက်င္သူအဖဲြ႔က ႏုတ္ထြက္ၿပီး သက္ေသျပလုိက္တာျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဟောင်ကောင်ရဲတပ်ဖွဲ့စောင့်ကြည့်ရေး နိုင်ငံတကာကျွမ်းကျင်သူအဖွဲ့နုတ်ထွက်

ဟောင်ကောင်ရဲတပ်ဖွဲ့ စောင့်ကြည့်အကဲခတ်အဖွဲ့ရဲ့ သီးခြားရပ်တည်မှုအပေါ် စိုးရိမ်မှုကြောင့် ပူးပေါင်းကူညီနေကြတဲ့ နိုင်ငံတကာ ကျွမ်းကျင်သူအဖွဲ့ ဒီကနေ့ပဲ နုတ်ထွက်လိုက်ပါတယ်။

ရဲတပ်ဖွဲ့ သီးခြားလွတ်လပ်တဲ့ တိုင်ကြားရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်အာဏာ၊ လုပ်နိုင်စွမ်း၊ သီးခြားလွတ်လပ်မှုတွေမှာ အကြီးအကျယ် အားနည်းချက်တွေ ရှိနေတာကြောင့် နုတ်ထွက်လိုက်ကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ရာဇဝတ်မှု ကျုးလွန်တယ်လို့ မသင်္ကာသူတွေကို တရုတ်ပြည်မကြီးကို လွဲှပြောင်းနိုင်မယ့် ဥပဒေကြမ်းကို ကန့်ကွက်ရာက ဇွန်လကစလို့ ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေအပေါ် စုံစမ်းစစ်ဆေးတဲ့ ကောင်စီအဖွဲ့မှာ အကြံပေးဖို့အတွက် ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဟောင်ကောင်မှာ ဒီမိုကရေစီ အပြည့်အဝရရေးအထိ တောင်းဆိုရာက ဆန္ဒပြပွဲတွေ ကြမ်းတမ်းလာပြီး၊ ဒေါသတကြီး ဆန္ဒပြခဲ့သူတွေကို လုံထိန်းရဲတွေ့က ရာဘာကျည်ဆံတွေ၊ မီးသတ်ပိုက်တွေ မျက်ရည်ယိုဗုံးတွေသုံးပြီး နှိမ်နင်းခဲ့တာပါ။

ရဲတပ်ဖွဲ့က အင်အား အလွန်အကျွံသုံးခဲ့တာတွေ ရှိမရှိ ဆိုတာကို စုံစမ်းဖော်ထုတ်ဖို့လည်း ဆန္ဒပြသူတွေ တောင်းဆိုခဲ့ကြပေမဲ့ အုပ်ချုပ်ရေးမှူး Carrie Lam ကတော့ လက်မခံခဲ့ပါဘူး။

ဒီမိုကရေစီရေး လိုလားသူ လွှတ်တော်အမတ် Tanya Chan ကတော့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ တိုင်ကြားရေး ကောင်စီက ထုတ်ပြန်မယ့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနဲ့ ပတ်သက်လို့ အယုံအကြည် မရှိကြောင်း ကျွမ်းကျင်သူအဖွဲ့က နုတ်ထွက်ပြီး သက်သေပြလိုက်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG