သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွေးကင်းစကလေး မှားပေးမိတဲ့ ထိုင်း၊ မြန်မာ မိဘတွေကို ထိုင်းဆေးရုံ နစ်နာကြေးပေးမည်

ထိုင်းနိုင်ငံ Samut Sakhon မှာရှိတဲ့ Krathum baen ဆေးရုံ (ဓာတ်ပုံ - Google)
ထိုင်းနိုင်ငံ Samut Sakhon မှာရှိတဲ့ Krathum baen ဆေးရုံ (ဓာတ်ပုံ - Google)

ထိုင်းနိုင်ငံ Samut Sakhon မှာရှိတဲ့ Krathumbaen ဆေးရုံမှာ ထိုင်းနဲ့ မြန်မာ မိသားစု နှစ်ခုအကြား မွေးကင်းစ ကလေးချင်း မှားပြီးပေးလိုက်မိတဲ့ အတွက် ဆေးရုံက နှစ်ဖက် မိဘတွေကို နစ်နာကြေးပေးဖို့ သဘောတူလိုက်တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာရေးပါတယ်။

ပြီးခဲ့တဲ့လထဲ Krathumbaen ဆေးရုံက မွေးကင်းစကလေး သီးသန့်ကုသဆောင်မှာ ထားတဲ့ ကလေးငယ်နှစ်ယောက်ကို မှားပြီး ထိုင်းမိသားစုဆီ မြန်မာကလေးငယ်ကို ပေးခဲ့ပြီး မြန်မာမိသားစုကို ထိုင်းကလေးငယ် ပေးမိခဲ့တာပါ။ ကလေးတွေ ရေချိုးဖို့ လက်ပတ်တွေကို ဖြုတ်လိုက်တဲ့အချိန်မှာသူနာပြုဆရာမက မှားပြီး ပြန်တပ်မိခဲ့တာလို့ ပြောပါတယ်။

နောက်ပိုင်းမှာ ထိုင်းမိဘတွေက သတိထားမိပြီး ကလေးငယ်ကို DNA ပြန်စစ်ပေးဖို့ ဆေးရုံကိုတောင်းဆိုတဲ့အတွက် မျိုးဗီဇ DNA စစ်ကြည့်တဲ့အခါ မှားမှန်းသိရတာပါ။ နစ်နာကြေးအနေနဲ့ ကလေးငယ်နှစ်ယောက်ကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်ပေးသွားမယ်လို့ Samut Sakhon ပြည်သူ့ကျန်းမာရေးရုံးတာဝန်ခံ Dr Surawit Sakdanuparb နဲ့ Krathumbaen ဆေးရုံ ဒါရိုက်တာ Dr Thammawit Kuakoonkiat တို့လက်မှတ်ရေးထိုး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG