သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ICC လုပ္ေဆာင္ႏိုင္မယ့္ အလားအလာ


ရခုိင္ျပည္နယ္ Tula Toli အစုလိုက္အၿပံဳလုိက္ သတ္ျဖတ္ခံရမႈကေန အသက္ရွင္ လြတ္ေျမာက္လာသူမ်ား။ ဓာတ္ပံု - Human Rights Watch

၂၀၁၇ ခုႏွစ္ ၾသဂုတ္လက ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ျမန္မာလုံၿခဳံေရး တပ္ေတြရဲ႕ နယ္ေျမရွင္း လင္းေရးအတြင္း အဆိုး႐ြားဆုံး က်ဴးလြန္ခဲ့တဲ့ ျဖစ္ရပ္တခုအျဖစ္ စြပ္စြဲခံထားရတဲ့ တူလာတူလီ (Tula Toli) ႐ိုဟင္ဂ်ာ႐ြာလုံး ကြၽတ္ အစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္ခံရမႈမွာ အသက္မေသဘဲ လြတ္ေျမာက္လာသူေတြထဲက ၈၆ ဦးကေန ICC ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးကို ေအာက္တိုဘာလ ေႏွာင္းပိုင္းက အမႈေလွ်ာက္ထား တင္သြင္းခဲ့ေၾကာင္း ICC ခုံ႐ုံးက အမ်ားျပည္သူသိေအာင္ ထုတ္ျပန္ထားပါတယ္။

ICC ခုံ႐ုံးမွာ သေဘာတူ လက္မွတ္ေရးထိုးထားျခင္း မရွိတဲ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ICC အေနနဲ႔ အခုလို တရားစီရင္ေရး ေဆာင္႐ြက္မယ့္ အလားအလာ၊ အက်ိဳးသက္ေရာက္မႈ ရွိမရွိ စတာေတြနဲ႔ ပတ္သက္လို႔ မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

တူလာတူလီ႐ြာမွာ ျမန္မာတပ္မေတာ္ရဲ႕ အစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္မႈကို ICC Pre-Trial Chamber III တရား႐ုံးမတင္ခင္ ႀကိဳတင္စစ္ေဆးမယ့္ တရားသူႀကီးအဖြဲ အေနနဲ႔ စုံစမ္းစစ္ေဆးဖို႔ ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးလာၾကတဲ့ အဲဒီ ႐ြာသူ႐ြာသားေတြက အက်ိဳးေဆာင္ ေရွ႕ေနေတြက တဆင့္ အမႈဖြင့္ခဲ့တာျဖစ္ပါတယ္။

တူလာတူလီက ႐ြာသူ႐ြာသား အားလုံးဟာ ICC ခုံ႐ုံးျပဌာန္းခ်က္ ၁၅ (၃) အရ ညႇဥ္းပန္းႏွိပ္စက္ သတ္ျဖတ္မႈေတြကို ႀကဳံေတြ႕ခံစားခဲ့ရသူေတြ ျဖစ္ရမယ္ဆိုတဲ့ သတ္မွတ္ခ်က္နဲ႔ ကိုက္ညီသလို၊ ေနရပ္ကေန အတင္းအက်ပ္ ေမာင္းထုတ္ခံရသူေတြ ျဖစ္တဲ့ အတြက္ အခုလို ICC ခုံ႐ုံးမွာ တိုက္႐ိုက္ အမႈဖြင့္ တိုင္ၾကားခြင့္ရတာျဖစ္ေၾကာင္း ICC ရဲ႕ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

အဲဒီတိုင္ၾကားသူေတြထဲမွာ ျမန္မာစစ္တပ္ရဲ႕ သတ္ျဖတ္၊ လုယက္၊ အတင္းအဓၶမ ျပဳက်င့္မႈ၊ မီးရႈိ႕ဖ်က္စီးမႈ ေတြကို ကိုယ္တိုင္ ႀကဳံေတြခံစားခဲ့ရတဲ့ အမ်ိဳးသမီး ၄၅ ဦး၊ အမ်ိဳးသား ၃၂ ဦး၊ မိန္းကေလး ၆ ဦး၊ ေယာက်္ားေလး ၃ ဦးတို႔ ပါဝင္ပါတယ္။

အခုလို ကိုယ္တိုင္ႀကဳံေတြ ခံစားခဲ့ရသူေတြ ကေန ICC ခုံ႐ုံးမွာ အမႈဖြင့္ တိုင္ၾကားခဲ့တဲ့အေပၚ နယူးေယာက္အေျခစိုက္ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ႀကီးရဲ႕ အာရွေရးရာ တာဝန္ခံ Brad Adams က သူ႔ရဲ႕အျမင္ကို အခုလို ေျပာပါတယ္။

" ICC ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး အေနနဲ႔ ျမန္မာစစ္တပ္ရဲ႕ ရက္ရက္စက္စက္ က်ဴးလြန္တဲ့ အမႈကို ရွာေနတာပါ။ အခု တူလာတူလီ အမႈဆိုရင္ ICC ေရွ႕ေနခ်ဳပ္အေနနဲ႔ ျဖစ္ႏိုင္သမွ် သက္ေသ အေထာက္အထား အားလုံးကို သုံးသပ္အကဲျဖတ္ဖို႔ ဆက္လက္ လုပ္ေဆာင္ေစမွာ ျဖစ္ပါတယ္။ တူလာတူလီ ႐ြာလုံးကြၽတ္ သတ္ျဖတ္ခံရမႈနဲ႔ ပတ္သက္ရင္ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး အဖြဲ႕ႀကီး အေနနဲ႔ ကိုယ္တိုင္ စုံစမ္းစစ္ေဆးၿပီး ထုတ္ျပန္ထားတဲ့ အစီရင္ခံစာကို ICC ကို တင္သြင္းထားပါတယ္။"

မအင္ၾကင္းႏိုင္ ။ ။ ဒါဆိုရင္ ICC မွာ လက္မွတ္ မထိုးထားတဲ့ ျမန္မာႏိုင္ငံကို ICC ဘက္က ခိုင္မာတဲ့ အေထာက္အထားေတြ႕လို႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြကို ခုံ႐ုံးမွာ အမႈရင္ဆိုင္ဖို႔ ေခၚယူႏိုင္တဲ့ နည္းဥပေဒ ရွိလားရွင့္။ တကယ္လို႔ မရွိရင္ေရာ ICC က ႐ိုဟင္ဂ်ာ အေရး ကိုင္တြယ္မႈဟာ ျပ႐ုပ္သေကၤတ သက္သက္ျဖစ္မလား။

Brad Adams။ ။ တကယ္လို႔ ICC က အမႈကို ကိုင္တြယ္ၿပီးဆိုရင္ တရားသူႀကီးေတြအတြက္ ေမးခြန္းထုတ္စရာ ရွိတာက သူတို႔အေနနဲ႔ တရားစီရင္ပိုင္ခြင့္ ဘယ္ေလာက္ရွိသလဲ ဆိုတာပါ။ တကယ္လို႔ သူတို႔မွာ တရားစီရင္ပိုင္ခြင့္ ရွိမယ္ဆိုရင္ ICC အေနနဲ႔ အမႈကို ၾကားနာစစ္ေဆးၿပီး၊ ICC တရားသူႀကီးေတြရဲ႕ ဆုံးျဖတ္ခ်က္ဟာ ကုလသမဂၢ အဖြဲ႕ဝင္ႏိုင္ငံအားလုံး မျဖစ္မေနလိုက္နာရမွာပါ။

ဒါေၾကာင့္ ICC ရဲ႕ ဆုံးျဖတ္ခ်က္ကို လိုက္နာဖို႔ တကမာၻလုံးမွာ တာဝန္ရွိပါတယ္။ ဒါေၾကာင့္ ျပ႐ုပ္သပ္သပ္ပဲ ဆိုတာကေတာ့ လုံးဝမဟုတ္ပါဘူး။ ICC ခုံ႐ုံးကိုင္တြယ္မႈက အေရးႀကီးပါတယ္။ ဒါေၾကာင့္လည္း တ႐ုတ္အစိုးရရဲ႕ ေက်ာေထာက္ေနာက္ခံမႈကို ယူၿပီး ျမန္မာအစိုးရက ICC ခုံ႐ုံးပါဝင္မႈကို တားဆီးဖို႔ ႀကိဳးပမ္းေနတာပါ။ ICC ခုံ႐ုံးမွာ ကမာၻလုံးဆိုင္ရာ တရားစီရင္မႈနဲ႔ ဥပေဒအတိုင္း မျဖစ္မေန လိုက္နာရမယ္ဆိုတဲ့ ျပဌာန္းသတ္မွတ္ပိုင္ခြင့္ ရွိေနတယ္ဆိုတာ ျမန္မာအစိုးရက သိပါတယ္။ ဒါေၾကာင့္ ICC ခုံ႐ုံးပါဝင္မလာေအာင္ သူတို႔ဘက္က အစြမ္းကုန္ႀကိဳးစားမွာပါ။

တူလာတူလီ အမႈမွာ ျမန္မာစစ္တပ္ရဲ႕ က်ဴးလြန္မႈေတြကို ICC ခုံ႐ုံးအေနနဲ႔ စစ္ေဆး ကိုင္တြယ္ဖို႔ဆိုရင္ အခက္အခဲေတြ အမ်ားႀကီး ရွိေနတယ္လို႔ ေဟာင္ေကာင္အေျခစိုက္ အာရွလူ႔အခြင့္အေရး ေကာ္မရွင္က ေရွ႕ေန ဦးမင္းလြင္ဦးကေတာ့ သုံးသပ္ပါတယ္။

" မႈခင္းျဖစ္ပ်က္တဲ့ ေနရာက က်ေနာ္တို႔ ျမန္မာႏိုင္ငံ အတြင္းမွာ ျဖစ္တယ္။ ေနာက္ၿပီးေတာ့ တခါ အိုးအိမ္ေတြ ဖ်က္စီးခံရတယ္၊ မီးရႈိ႕ခံရတယ္၊ ဆိုတဲ့ ကိစၥရပ္ေတြကလည္း က်ေနာ္တို႔ ျမန္မာႏိုင္ငံ အတြင္းမွာဘဲ ျဖစ္သြားခဲ့တာ။ အဲေတာ့ အဲဒီလို ျဖစ္သြားခဲ့တဲ့ တကယ့္ အေၾကာင္းရင္းခံက ဘာလဲ ဆိုတာကို ဒီ စုံစမ္းစစ္ေဆးဖို႔ တင္တဲ့စာထဲမွာ ပါမလာဘူး။ အဲေတာ့ ဘာေၾကာင့္ ဒီလို အေရးအခင္းႀကီး ျဖစ္သြားတာလဲ ဆိုတဲ့ အေျခခံ အခ်က္လည္း မရွိဘူး။

သူက ျဖစ္တယ္ သတ္သြားတယ္။ ေနာက္ အိမ္ေတြ မီးရႈိွု႔ခံရတယ္၊ ပစၥည္းေတြ လုယက္ခံရတယ္၊ လူေတြ မုဒိမ္းက်င့္ခံရတယ္။ အဲဒါ ဘာေၾကာင့္ ျဖစ္တယ္ဆိုတဲ့ အေၾကာင္းရင္း အေျခခံကို ရည္ၫႊန္းထားတာ မေတြ႕ရဘူး။ အဲေတာ့ အဲဒီ ဥစၥာကို စုံစမ္းစစ္ေဆးဖို႔ ဆိုတာကေတာ့ က်ေန္ာတို႔ ဗမာျပည္ အစိုးရနဲ႔ ညႇိႏႈိင္းေျဖရွင္း ေဆာင္႐ြက္မွသာ အဆင္ေျပႏိုင္မယ့္ ကိစၥရပ္မ်ိဳး ျဖစ္တယ္။ အဲေတာ့ အဲဒီမွာ ဖိအားေပး ေတာင္းဆို တာမ်ိဳး ေလာက္နဲ႔ေတာ့ ရမယ္လို႔ က်ေနာ္ေတာ့ မထင္ဘူး။ "

အခု ICC ကိုတင္သြင္းခဲ့တဲ့ တူလာတူလီ အမႈကိုၾကည့္ရင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ျမန္မာအစိုးရကို အတင္းအက်ပ္ ဖိအားေပးတဲ့ ပုံစံမ်ိဳး ျဖစ္ေနတယ္လို႔လည္း ဦးမင္းလြင္ဦးကေျပာပါတယ္။

ICC Pre-Trial Chamber III လို႔ေခၚတဲ့ တရား႐ုံးမတင္ခင္ ႀကိဳတင္စစ္ေဆးမယ့္ တရားသူႀကီးအဖြဲ႕က ဒီႏွစ္ ဇြန္လမွာ ခြင့္ျပဳခ်က္ ေပးလိုက္တဲ့အတြက္ ICC ေရွ႕ေနခ်ဳပ္႐ုံးက စတင္ေနတဲ့ စုံစမ္းေနတဲ့ ပဏာမလုပ္ငန္းမွာ- ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD အစိုးရလက္ထက္မွာ ျဖစ္ခဲ့တဲ့ ၂၀၁၆ ေအာက္တိုဘာလ ေနာက္ပိုင္းနဲ႔ တေက်ာ့ျပန္ျဖစ္ခဲ့တဲ့ ၂၀၁၇ ၾသဂုတ္လ ၂၅ ရက္ေန႔ ေနာက္ပိုင္း ကျဖစ္ရပ္ေတြပဲ ျဖစ္ပါတယ္။

႐ိုဟင္ဂ်ာအသုံးအႏႈန္းကို အသိအမွတ္ျပဳ လက္ခံမထားတဲ့ ျမန္မာအစိုးရဟာ ICC ရာဇဝတ္ခုံ႐ုံးကို ဖြဲ႕စည္းခဲ့တဲ့ Rome Statute စာခ်ဳပ္မွာ လက္မွတ္ေရးထိုးထားျခင္း မရွိတဲ့အတြက္ ဒုကၡသည္ေတြ လက္ခံထားတဲ့ စာခ်ဳပ္မွာ လက္မွတ္ေရးထိုးထားတဲ့ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ICC ခုံ႐ုံးကေန ပူးေပါင္းေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ ICC ေရွ႕ေနခ်ဳပ္ရဲ႕ အဓိက စြဲခ်က္ကေတာ့ - ၂၀၁၇ခုႏွစ္က ျမန္မာ စစ္တပ္နဲ႔ လုံၿခဳံေရးတပ္ေတြရဲ႕ အၾကမ္းဖက္ႏွိမ္နင္းမႈေၾကာင့္ ႐ိုဟင္ဂ်ာ ၇၀၀၀၀၀ ေက်ာ္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းကေန နယ္စပ္ျဖတ္ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးခဲ့တဲ့ ျဖစ္ရပ္ ျဖစ္ပါတယ္။

(Unicode)

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ICC လုပ်ဆောင်နိုင်မယ့် အလားအလာ

၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာလုံခြုံရေး တပ်တွေရဲ့ နယ်မြေရှင်း လင်းရေးအတွင်း အဆိုးရွားဆုံး ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်တခုအဖြစ် စွပ်စွဲခံထားရတဲ့ တူလာတူလီ (Tula Toli) ရိုဟင်ဂျာရွာလုံး ကျွတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ အသက်မသေဘဲ လွတ်မြောက်လာသူတွေထဲက ၈၆ ဦးကနေ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို အောက်တိုဘာလ နှောင်းပိုင်းက အမှုလျှောက်ထား တင်သွင်းခဲ့ကြောင်း ICC ခုံရုံးက အများပြည်သူသိအောင် ထုတ်ပြန်ထားပါတယ်။

ICC ခုံရုံးမှာ သဘောတူ လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ICC အနေနဲ့ အခုလို တရားစီရင်ရေး ဆောင်ရွက်မယ့် အလားအလာ၊ အကျိုးသက်ရောက်မှု ရှိမရှိ စတာတွေနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

တူလာတူလီရွာမှာ မြန်မာတပ်မတော်ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ICC Pre-Trial Chamber III တရားရုံးမတင်ခင် ကြိုတင်စစ်ဆေးမယ့် တရားသူကြီးအဖွဲ အနေနဲ့ စုံစမ်းစစ်ဆေးဖို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြတဲ့ အဲဒီ ရွာသူရွာသားတွေက အကျိုးဆောင် ရှေ့နေတွေက တဆင့် အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ တူလာတူလီက ရွာသူရွာသား အားလုံးဟာ ICC ခုံရုံးပြဌာန်းချက် ၁၅ (၃) အရ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေကို ကြုံတွေ့ခံစားခဲ့ရသူတွေ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီသလို၊ နေရပ်ကနေ အတင်းအကျပ် မောင်းထုတ်ခံရသူတွေ ဖြစ်တဲ့ အတွက် အခုလို ICC ခုံရုံးမှာ တိုက်ရိုက် အမှုဖွင့် တိုင်ကြားခွင့်ရတာဖြစ်ကြောင်း ICC ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီတိုင်ကြားသူတွေထဲမှာ မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်၊ လုယက်၊ အတင်းအဓ္ဓမ ပြုကျင့်မှု၊ မီးရှို့ဖျက်စီးမှု တွေကို ကိုယ်တိုင် ကြုံတွေခံစားခဲ့ရတဲ့ အမျိုးသမီး ၄၅ ဦး၊ အမျိုးသား ၃၂ ဦး၊ မိန်းကလေး ၆ ဦး၊ ယောကျ်ားလေး ၃ ဦးတို့ ပါဝင်ပါတယ်။

အခုလို ကိုယ်တိုင်ကြုံတွေ ခံစားခဲ့ရသူတွေ ကနေ ICC ခုံရုံးမှာ အမှုဖွင့် တိုင်ကြားခဲ့တဲ့အပေါ် နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာ တာဝန်ခံ Brad Adams က သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

" ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး အနေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် ကျူးလွန်တဲ့ အမှုကို ရှာနေတာပါ။ အခု တူလာတူလီ အမှုဆိုရင် ICC ရှေ့နေချုပ်အနေနဲ့ ဖြစ်နိုင်သမျှ သက်သေ အထောက်အထား အားလုံးကို သုံးသပ်အကဲဖြတ်ဖို့ ဆက်လက်လုပ်ဆောင်စေမှာ ဖြစ်ပါတယ်။ တူလာတူလီ ရွာလုံးကျွတ် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ရင် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး အနေနဲ့ ကိုယ်တိုင် စုံစမ်းစစ်ဆေးပြီး ထုတ်ပြန်ထားတဲ့ အစီရင်ခံစာကို ICC ကို တင်သွင်းထားပါတယ်။"

မအင်ကြင်းနိုင် ။ ။ ဒါဆိုရင် ICC မှာ လက်မှတ် မထိုးထားတဲ့ မြန်မာနိုင်ငံကို ICC ဘက်က ခိုင်မာတဲ့ အထောက်အထားတွေ့လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ခုံရုံးမှာ အမှုရင်ဆိုင်ဖို့ ခေါ်ယူနိုင်တဲ့ နည်းဥပဒေ ရှိလားရှင့်။ တကယ်လို့ မရှိရင်ရော ICC က ရိုဟင်ဂျာ အရေး ကိုင်တွယ်မှုဟာ ပြရုပ်သင်္ကေတ သက်သက်ဖြစ်မလား။

Brad Adams။ ။ တကယ်လို့ ICC က အမှုကို ကိုင်တွယ်ပြီးဆိုရင် တရားသူကြီးတွေအတွက် မေးခွန်းထုတ်စရာ ရှိတာက သူတို့အနေနဲ့ တရားစီရင်ပိုင်ခွင့် ဘယ်လောက်ရှိသလဲ ဆိုတာပါ။ တကယ်လို့ သူတို့မှာ တရားစီရင်ပိုင်ခွင့် ရှိမယ်ဆိုရင် ICC အနေနဲ့ အမှုကို ကြားနာစစ်ဆေးပြီး၊ ICC တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံး မဖြစ်မနေလိုက်နာရမှာပါ။ ဒါကြောင့် ICC ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ တကမ္ဘာလုံးမှာ တာဝန်ရှိပါတယ်။

ဒါကြောင့် ပြရုပ်သပ်သပ်ပဲ ဆိုတာကတော့ လုံးဝမဟုတ်ပါဘူး။ ICC ခုံရုံးကိုင်တွယ်မှုက အရေးကြီးပါတယ်။ ဒါကြောင့်လည်း တရုတ်အစိုးရရဲ့ ကျောထောက်နောက်ခံမှုကို ယူပြီး မြန်မာအစိုးရက ICC ခုံရုံးပါဝင်မှုကို တားဆီးဖို့ ကြိုးပမ်းနေတာပါ။ ICC ခုံရုံးမှာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်မှုနဲ့ ဥပဒေအတိုင်း မဖြစ်မနေ လိုက်နာရမယ်ဆိုတဲ့ ပြဌာန်းသတ်မှတ်ပိုင်ခွင့် ရှိနေတယ်ဆိုတာ မြန်မာအစိုးရက သိပါတယ်။ ဒါကြောင့် ICC ခုံရုံးပါဝင်မလာအောင် သူတို့ဘက်က အစွမ်းကုန်ကြိုးစားမှာပါ။

တူလာတူလီ အမှုမှာ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ICC ခုံရုံးအနေနဲ့ စစ်ဆေးကိုင်တွယ်ဖို့ဆိုရင် အခက်အခဲတွေ အများကြီး ရှိနေတယ်လို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကတော့ သုံးသပ်ပါတယ်။

" မှုခင်းဖြစ်ပျက်တဲ့ နေရာက ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်တယ်။ နောက်ပြီးတော့ တခါ အိုးအိမ်တွေ ဖျက်စီးခံရတယ်၊ မီးရှို့ခံရတယ်၊ ဆိုတဲ့ ကိစ္စရပ်တွေကလည်း ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာဘဲ ဖြစ်သွားခဲ့တာ။ အဲတော့ အဲဒီလို ဖြစ်သွားခဲ့တဲ့ တကယ့် အကြောင်းရင်းခံက ဘာလဲ ဆိုတာကို ဒီ စုံစမ်းစစ်ဆေးဖို့ တင်တဲ့စာထဲမှာ ပါမလာဘူး။ အဲတော့ ဘာကြောင့် ဒီလို အရေးအခင်းကြီး ဖြစ်သွားတာလဲ ဆိုတဲ့ အခြေခံ အချက်လည်း မရှိဘူး။

သူက ဖြစ်တယ် သတ်သွားတယ်။ နောက် အိမ်တွေ မီးရှိုှု့ခံရတယ်၊ ပစ္စည်းတွေ လုယက်ခံရတယ်၊ လူတွေ မုဒိမ်းကျင့်ခံရတယ်။ အဲဒါ ဘာကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်း အခြေခံကို ရည်ညွှန်းထားတာ မတွေ့ရဘူး။ အဲတော့ အဲဒီ ဥစ္စာကို စုံစမ်းစစ်ဆေးဖို့ ဆိုတာကတော့ ကျနေ်ာတို့ ဗမာပြည် အစိုးရနဲ့ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်မှသာ အဆင်ပြေနိုင်မယ့် ကိစ္စရပ်မျိုး ဖြစ်တယ်။ အဲတော့ အဲဒီမှာ ဖိအားပေး တောင်းဆို တာမျိုး လောက်နဲ့တော့ ရမယ်လို့ ကျနော်တော့ မထင်ဘူး။ "

အခု ICC ကိုတင်သွင်းခဲ့တဲ့ တူလာတူလီ အမှုကိုကြည့်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာအစိုးရကို အတင်းအကျပ် ဖိအားပေးတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့လည်း ဦးမင်းလွင်ဦးကပြောပါတယ်။

ICC Pre-Trial Chamber III လို့ခေါ်တဲ့ တရားရုံးမတင်ခင် ကြိုတင်စစ်ဆေးမယ့် တရားသူကြီးအဖွဲ့က ဒီနှစ် ဇွန်လမှာ ခွင့်ပြုချက် ပေးလိုက်တဲ့အတွက် ICC ရှေ့နေချုပ်ရုံးက စတင်နေတဲ့ စုံစမ်းနေတဲ့ ပဏာမလုပ်ငန်းမှာ- ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ဖြစ်ခဲ့တဲ့ ၂၀၁၆ အောက်တိုဘာလ နောက်ပိုင်းနဲ့ တကျော့ပြန်ဖြစ်ခဲ့တဲ့ ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်း ကဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။
ရိုဟင်ဂျာအသုံးအနှုန်းကို အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာအစိုးရဟာ ICC ရာဇဝတ်ခုံရုံးကို ဖွဲ့စည်းခဲ့တဲ့ Rome Statute စာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့အတွက် ဒုက္ခသည်တွေ လက်ခံထားတဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ICC ခုံရုံးကနေ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ICC ရှေ့နေချုပ်ရဲ့ အဓိက စွဲချက်ကတော့ - ၂၀၁၇ခုနှစ်က မြန်မာ စစ်တပ်နဲ့ လုံခြုံရေးတပ်တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာ ၇၀၀၀၀၀ ကျော် ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG