သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှု အနည်းဆုံး ၁၄ ဦးသေ


ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဆိပ်မူအုပ်စု၊ ဝှေခါ မှော် ၊ဝှေခါကျေးရွာမှာ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်အတွင်း မှာ မေလ၄ရက်နေ့ မနက် ၄နာရီခွဲခန့်မှာ ကျောက်စိမ်းကပါးပြိုကျတာကြောင့် ရေမဆေးကျောက်ရွာဖွေသူ ၁၄ဦးသေဆုံး ခဲ့ပြီး ၅ဦးပျောက်နေတယ်လို့ တိုင်ကြားထားပါတယ်။ ဒါအပြင် ဒီထက်မက သေဆုံးနိုင်တယ်လို့ ဒေသဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေသူတွေကလည်းပြောပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မကြာခနဆိုသလို မြေပြိုတာတွေ ကျောက်စိမ်းကမ်းပါးတွေပြိုတာတွေကြောင့် နှစ်စဉ် လူသေဆုံးမူတွေရှိနေတဲ့ ကချင်ပြည်နယ် ဆိပ်မူအုပ်စု။ ဝေခါမှော်ဟာ လူ၂၀ထက်မနည်းသေဆုံးနိုင်ကြောင်းနဲ့ လက်ရှိသေဆုံးပျောက်ဆုံး ဒဏ်ရာရတဲ့သူတွေနဲ့ ပတ်သက်လို့ဒေသခံတဦးလည်းဖြစ် အလွတ်သတင်းထောက်လည်းဖြစ်တဲ့ ကိုဇော်မိုးထက်က ပြောပြပါတယ်။

"ဖိုင်နယ်နောက်ဆုံးက အလောင်း က လူပျောက်က ၅ယောက်တိုင်ထားတယ် ၊ အလောင်းကတော့ ၁၄ယောက်သေတာ အားလုံးပေါင်း ၁၉ယောက်။ ဆေးရုံမှာကတော့ ၇ ယောက်တင်ထားတယ်။ တယောက်ကတော့ပြင်းထန်တယ်စိုးရိမ်ရတဲ့ အအနေအထား ကျန်တဲ့သူတွေ ၆ယောက်ကတော့သာမန်ပေါ့ ထိခိုက်ရှနာ ပေါ့။ နောက်ပြီးတော့ ကျင်းထဲမှာပွဲချင်းပြီး က ၁၁ယောက်သေသွားတယ်။ ဖြစ်ပွားတဲ့ဝှေခါတိုက်နယ်ဆေးရုံမှာ တယောက်သေတယ် ဖားကန့်ဆေးရုံကြီးမှာ ၂ယောက်သေတယ်။ အားလုံး ၁၄ယောက်ပေါ့ သေဆုံးတဲ့သူအလောင်းရတာ။"

ကျောက်မျက်ရွှေပြည် ( ယခင် မြန်မာ့ဂုဏ်ရည် ) ကုမ္မဏီလုပ်ကွက် နေရာဖြစ်တဲ့အကြောင်း နယူရတနာဦးကုမ္မဏီက တူးနေတာလို့ ဆိုပါတယ် ။ ပြီးခဲ့တဲ့ နှစ်လကျော်လောက်တုန်းကတော့ သိန်းပေါင်း တစ်သောင်းနှစ်ထောင်နဲ့ ရေမဆေးတွေကို ဈေးဖြတ်ပေးလိုက်တဲ့ ကျောက်စိမ်းတုံး ကြီး ထွက်တဲ့ ကုမ္မဏီက လုပ်ကွက်လို့လဲ ဝှေခါရွာသားတွေကရှင်းပြကြောင်းကို ဇော်မိုးထက်ကဆိုပါတယ်။ ဖားကန့်မြိုနယ် Green land သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အရပ်ဖက်အဖွဲ့အစည်းက တာဝန်ရှိသူကိုနောင်လတ် ကတော့ ဖားကန့်မြေမှာ သဘာ၀ ပတ်ဝန်းကျင်တွေထိခိုက်တဲ့ အထိ ကျောက်တူးနေတာတွေ အခုလို့မြေပြိုမူတွေကျောက်ကမ်းပါးပြိုမူတွေကမကြာခနဖြစ်နေပေမဲ့ဒေသဆိုင်ရာ ဌာနဆိုင်ရာတွေအနေ နဲ့က ထိန်းချုပ်နိုင်ဖို့အားနည်းခဲ့တယ်လို့ဆိုပါတယ်။

"အခုချိန်ထိဖော်နေတယ်ဆိုတော့လူ၅၀ထက် အထက်ရှိနေနိုင်တာပေါ့နော်ဒေသခံတွေအပြောအရ ၂၀၁၆ ၊၂၀၁၇မှာလည်း ၁၅ယောက်အဲဒီ နေရာမှာပဲ သေကြတာပဲ ကျနော်တို့အရပ်ဖက် အဖွဲအစည်းတွေက အရမ်းလှုံဆော်ကြတယ်။ ခက်တာက ဒေသမှာမြေယာစောင့်ကြည်ရေး ကော်မတီအဖွဲတို့ ဘာတို့ရှိတာပဲ လက်ရှိအုပ်ချုပ်ရေးအဖွဲ့ရယ်မြို့နယ်ထွေအုပ်တို့ရယ်၊ ကျနော်တို့ဌာနဆိုင်ရာပေါင်းစုံတွေက ဘယ်လိုမှ ကာကွယ်လို့မရဘူးပြောတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကျောက်စိမ်တွင်းတွေက အဘလိုင်းတွေတအားများတော့ ဒီမှာရှိတဲ့ အရာရှိတွေက ဘာမှ မလုပ်နိုင်ဘူး။ ကျောက်မျက်ဥပဒေတွေဘယ်လောက်ပဲချချ စည်းမျဉ်းစည်းကမ်းတွေဘယ်လောက်ချချ၊ အဘလိုင်းတွေ တပ်မတော်ခေါင်းဆောင်တစုပိုင်ဆိုင်နေသမျှတော့ မလွယ်လောက်ဘူးဗျ။ ကျနော့်အမြင်လည်း မဟုတ်ဘူးလက်ရှိဖြစ်နေတာကိုပြောပြတာ"

ဖားကန့်မြေပြိုမူအသေအပျောက်နဲ့ပတ်သက်လို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တာဝန်ှရှိသူမှရှိဘူးလို့ဖြေကြားခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကနေ ထွက်လာတဲ့ စွန့်ပြစ်မြေစာပုံတွေ ပြိုကျမှုကြောင့် ဖားကန့်ဒေသမှာ လူသေဆုံးမှုက မကြာခနဆိုသလို ရှိနေပြီ တခါတရံမှာ ရာနဲ့ချီ ပျောက်ဆုံးမူတွေ ရှိသလို၊ တခါတရံ မှာတော့ ဒါဇင်နဲ့ချီ ပြီးပျောက်ဆုံးသေဆုံးနေကြရတာလည်း ဖြစ်ခဲ့ရတာပါ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းက ကျောက်စိမ်း တူးဖော်မှုကြောင့် ဖြစ်လာတဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရမှုတွေ အပါအဝင် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး လွှတ်တော်က စုံစမ်းစစ်ဆေးပေးဖို့ အထိတောင်းဆိုမူတွေလည်းရှိခဲ့တာပါ။ အစိုးရ အဆက်ဆက် စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုတွေကို အစိုးရသစ်အနေနဲ့ စည်းကမ်းတင်းကျပ်မှု မလုပ်နိုင်ခင်မှာ ခေတ္တဆိုင်းငံ့ထားဖို့ကိုလည်း Global Witness အပါအဝင် သဘာ၀ ပတ်ဝန်းကျင် အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက ၂၀၁၆ခုနှစ်ထဲမှာ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG