သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှု ၆ ဦးသေ


ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှု ၆ ဦးသေ (MOI)
ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှု ၆ ဦးသေ (MOI)

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်မှာ ဇန်နဝါရီ ၄ ရက် က ကျောက်စိမ်းလုပ်ကွက် မြေစာပုံအဟောင်းပြိုကျရာကနေ ရေမဆေးကျောက် ရှာဖွေသူ အမျိုးသား၆ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အခုလိုမြေစာပြိုကျမူတွေဖြစ်နေတာ လူတွေသေဆုံးမူတွေရှိနေတာဟာ ကျောက်မျက်တူးဖော်တဲ့ကုမ္ပဏီတွေက ကျောက်မျက်နည်းဥပဒေ ၈ မှာပြဌာန်းထားချက်တွေကို လိုက်နာမူတွေအားနည်းတာတွေကြောင့်ဖြစ်သလို စစ်ဆေးအရေးယူဆောင်ရွက်မူတွေက ပြည်ထောင်စုအစိုးရမှာသာ တာဝန်ရှိတဲ့အကြောင်း ပြည်နယ်အစိုးရအနေနဲ့ကတော့ တင်ပြမူတွေရှိပေမယ့် အခုလို ပြဿနာတွေဆက်ဖြစ်နေတဲ့ အတွက် ပြည်ထောင်စုအစိုးရက ကိုင်တွယ်မှာသာ လျော့နည်းနိုင်မယ်လို့ပြည်နယ်လွတ်တော်ကိုယ်စားလှယ်တွေကဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ရတနာမြေတွေပေါ်မှာ ကျောက်စိမ်းတူးဖောက်မူတွေ ကျောက်စိမ်းရှာဖွေမူတွေလုပ်ရင်းနဲ့ ဂျိတ်လင်းကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ဟောင်းမှာ ရေမဆေးကျောက်ရှာဖွေသူတွေဟာ မြေစာပုံဟောင်းတခုပြိုကျတဲ့ အတွက် လူ ၆ဦးသေဆုံးမူဖြစ်ပေါ်ခဲ့တာပါ။ သေဆုံးမူနဲ့ ပတ်သက်လို့ ဖားကန့် မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းကအခုလိုပြောပါတယ်။

" ၆ဦးလောက်သေတယ်ပေါ့ ပုံတွေထဲမှာလည်းတွေတယ် ကချင်လိုင်ဇာFM ကလည်းလွှင့်တယ်ပေါ့"

လူ၆ဦးသေဆုံးတာနဲ့ ပတ်သက်လို့မြန်မာအစိုးရ ပြန်ကြားရေးဌာနကလည်း အတည်ပြုထားတာပါ။ အမှန်တော့ ကျောက်မျက်ဥပဒေထဲက နည်းဥပဒေ ၈မှာ ဆိုရင် ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေ လုပ်ကွက်ရထားသူတွေ လိုက်နာရမယ့် ဥပဒေတွေပါဝင်တာပါ။ ဒီထဲမှာ ဘယ်လို တူးဖော်ရတယ် ဧရိယာအလိုက် စက်ယန္တယား အသုံးပြုရမယ့် အရေအတွက်တွေ မြေစာပုံကို ဘယ်လောက်အမြင့်အထိပဲ ပုံရမယ်ဆိုတာတွေ နဲ့ မိုင်းတွေခွဲတွေအခါမှာလည်း ဘယ်လောက်အတိုင်းအတာထိပဲ အသုံးပြုရမယ်ဆိုတာတွေ ရတနာတူးဖော်ခွင့်ရထားတဲ့ကုမ္ပဏီတွေရဲ့ လုပ်ကွက်တွေမှာ လူသေဆုံးမူတွေဖြစ်ရင် တာဝန်ယူရမယ့် အချက်အလက်တွေလည်းပါဝင်တာပါ။ ဒီအချက်တွေကို လိုက်နာမူတွေ အားနည်းတာတွေကြောင့်အခုလိုဖြစ်ရပ်တွေဖြစ်ပေါ်ရတာလို့လည်း ဆက်ပြောပြပါတယ်။

"ကန့်သတ်ထားပေမဲ့ လည်းလုပ်နေတဲ့လူတွေက ယနေ့အချိန်ထိလည်း လိုက်နာခြင်းမရှိသေးဘူး တခါတရံပြည်ထောင်စုအစိုးရ သက်ဆိုင်ရာအဖွဲ့ တွေရောက်လာတဲ့အခါကျရင်လည်း စက်ယန္တယားတွေလည်း ဖွက်ထားတယ်။ သူတို့ဆောင်ရွက်နေကြလုပ်ငန်းတွေကို အဲဒီ အချိန်ကာလမှာ ရပ်ဆိုင်းထားတယ်ပေါ့။ လာရောက်တဲ့သူတွေကလည်း အဲဒီအချိန်မှာမြင်တွေရတဲ့ အတိုင်းအတာပေါ်မှာပဲ ကောက်ချက်ချ ပြီးမှ ယူဆောင်သွားတဲ့အတွက်ကြောင့်ပဲလို့ကျနော်တို့သုံးသပ်တယ်လေ"

အခုလိုမျိုးမကြာခန မြေစာပုံပြိုကျပြီး လူသေဆုံးမူတွေ ကုမ္ပဏီတွေက စက်ယန္တယားတွေအလွန်အကျွံသုံးပြီး တူးဖော်နေမူတွေကို လျော့နည်းအောင်လုပ်ဖို့က ပြည်ထောင်စုအစိုးက က ထိန်းကျောင်းမှသာရနိုင်မှာဖြစ်တယ်လို့လည်း ဆက်ပြောပြပါတယ်။

" ပြည်ထောင်စုကနေ တိုက်ရိုက်ကိုင်တွယ်နေတာဖြစ်တဲ့အတွက်ကြောင့် အခုလို ထိန်းကျောင်းဖို့ ကိစ္စကတော့ ပြည်ထောင်စုအစိုးရသာပိုပြီး တာဝန်ရှိတယ်။ တိုက်ရိုက်ကိုင်တွယ်သင့်တယ် တကယ်လည်းတိုင်းဒေသကြီးလွှတ်တော်မှာ ဘယ်လောက်ပဲပြောပြော ပေါ့နော် သက်ဆိုင်ရာကဆောင်ရွက်တာကတော့ ပြည်နယ်အစိုးရက မလုပ်နိုင်တာအားလုံးသိတဲ့အတိုင်းပဲ ဖြစ်တယ်။ ထပ်ပြောမယ်ဆိုရင် ပြည်ထောင်စုအစိုးရကထုတ်ပြန်တဲ့နည်းဥပဒေ (၈)ဆိုကလည်း ပြည်ထောင်စုကသာ ထုတ်ပြန်တာဖြစ်တဲ့အတွက်ပြည်ထောင်စုအစိုးရကသာ ထိန်းကျောင်းသင့်တယ်။

ပြောမယ်ဆိုရ င်အခုလိုကြုံတွေ့ရတဲ့အခြေအနေတွေက ပိုပြီးနည်းလာနိုင်တယ်။ မြေစာပုံစွန့်ပစ်မူတွေဆိုင်ရာက သတ်မှတ်ထားတာရှိတယ်။ ဘယ်လောက်အမြင့်ပဲပုံရမယ် ဘယ်လောက်ပဲပုံရမယ်ဆိုတာနည်းဥပဒေ ထဲမှာပါတယ်။ လက်ရှိမှာက မြေစာတွေပစ်တာကလည်းသတ်မှတ်ထားတာထက်ပို ကျော်လွန်တယ်။"

ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကနေ ထွက်လာတဲ့ စွန့်ပစ်မြေစာပုံတွေ ပြိုကျမှုကြောင့် ဖားကန့်ဒေသမှာ လူသေဆုံးမှုက မကြာခနဆိုသလို ရှိနေပြီး တခါတရံမှာ ရာနဲ့ချီ ပျောက်ဆုံးမူတွေ ရှိသလို၊ တခါတရံ မှာတော့ ဒါဇင်နဲ့ချီ ပြီးပျောက်ဆုံးသေဆုံးနေကြရတာလည်း ဖြစ်ခဲ့ရတာပါ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းက ကျောက်စိမ်း တူးဖော်မှုကြောင့် ဖြစ်လာတဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရမှုတွေ အပါအဝင် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး လွှတ်တော်က စုံစမ်းစစ်ဆေးပေးဖို့ အထိတောင်းဆိုမူတွေလည်းရှိခဲ့တာပါ။ အစိုးရ အဆက်ဆက် စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုတွေကို အစိုးရသစ် အနေနဲ့ စည်းကမ်းတင်းကျပ်မှု မလုပ်နိုင်ခင်မှာ ခေတ္တဆိုင်းငံ့ထားဖို့ကိုလည်း Global Witness အပါအဝင် သဘာ၀ ပတ်ဝန်းကျင် အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက ၂၀၁၆ခုနှစ်ထဲမှာ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG