သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် ကျောက်စိမ်းမြေ - အပိုင်း (၁)


ကျောက်စိမ်းတူးထားသည့် ဖားကန့်က မြင်ကွင်း။
ကျောက်စိမ်းတူးထားသည့် ဖားကန့်က မြင်ကွင်း။

ဖားကန့် ကျောက်စိမ်းမြေမှာ ကုမ္ပဏီတွေ တူးယူပိုင်ခွင့်နဲ့ဆိုင်တဲ့ ဥပဒေသစ်ကို လက်ရှိ NLD အစိုးရဦးဆောင်တဲ့ လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ကော်မီတီက ရေးဆွဲနေတာ ပြီးသလောက်ရှိနေပြီဖြစ်တဲ့အတွက် မကြာခင် အမျိုးသားလွှတ်တော်ကို တင်သွင်းနိုင်တော့မယ်လို့ ကော်မီတီဝင် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်မြင့်က ပြောပါတယ်။ အရင်အစိုးရလက်ထက်က ဖားကန့်ဒေသမှာ တူးဖော်ခွင့် လိုင်စင်တွေ အများအပြား ချပေးခဲ့ပြီးတဲ့နောက် စက်ယန္တယားတွေနဲ့ အလွန်အကျွံ တူးနေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု သက်သာစေရေးအတွက် ရည်ရွယ်ပြီး ဥပဒေမူကြမ်း အသစ်ကို ရေးဆွဲထားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်မြင့်ကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က အပိုင်း (၁) အဖြစ်နဲ့ တင်ဆက်ပေးထားပါတယ်။

ဖားကန့် ကျောက်စိမ်းမြေ - အပိုင်း (၁)
please wait

No media source currently available

0:00 0:07:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG