သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းထားတဲ့ မြန်မာနိုင်ငံကခိုလှုံလာသူတွေ ပြန်လွှတ်ဖို့ အိန္ဒိယကို HRW တောင်းဆို


နယူးဒေလီမြို့တော်က အိန္ဒိယ ဗဟိုတရားရုံးချုပ် (ဓာတ်ပုံ- AP)
နယူးဒေလီမြို့တော်က အိန္ဒိယ ဗဟိုတရားရုံးချုပ် (ဓာတ်ပုံ- AP)

(Zawgyi/Unicode)

အိန္ဒိယအာဏာပိုင်တွေ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံနေသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက ထွက်ပြေးလာသူ အမျိုးသမီးနှစ်ဦး မဏိပူရ်ပြည်နယ်မှာ ထိန်းသိမ်းခံထားရချိန်အတွင်း ဒီနှစ် ဇွန်လက သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့လည်း HRW က တောင်းဆိုပါတယ်။
"သူတို့ရဲ့ အသက်ဘေးနဲ့ လွတ်လပ်မှုကို ခြိမ်းခြောက်ခံရလို့ ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံကလူတွေကို အိန္ဒိယအနေနဲ့ ဖမ်းဆီးတာ၊ သူတို့အခွင့်အရေးကို ချိုးဖောက်တာတွေ မလုပ်သင့်ဘဲ အကာအကွယ်ပေးသင့်ပါတယ်" လို့ HRW အဖွဲ့ရဲ့ တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Meenakshi Ganguly ကပြောပါတယ်။

အသက် ၄၆ နှစ်အရွယ် မမြင့်နဲ့ အသက် ၄၀ အရွယ် မူးခိုင်တို့ မဏိပူရ်ပြည်နယ်က ခရိုင်ဆေးရုံတခုမှာ COVID-19 ရောဂါနဲ့ ဇွန်လက ကွယ်လွန်သွားခဲ့တဲ့ဖြစ်ရပ်ကို HRW က အထူး ထောက်ပြပြောဆိုထားပါတယ်။
တရားဝင် ခရီးသွားအထောက်အထားတွေမပါဘဲ အိန္ဒိယနိုင်ငံတွင်း ဝင်ရောက်ခဲ့တဲ့အတွက်ဆိုပြီး မမြင့်နဲ့ မူးခိုင်တို့အပါအယင် မြန်မာနိုင်ငံသား ၂၉ ယောက်ကို နိုင်ငံခြားသားဥပဒေနဲ့ မတ်လ ၃၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် သူတို့ကို ခရိုင်တရားရုံးရဲ့ ထိန်းသိမ်းမှုအောက်မှာ ထားခဲ့ပါတယ်။

မမြင့်နဲ့ မူးခိုင်တို့ အပြင်းအထန် နာမကျန်းဖြစ်လာတဲ့အခါကျမှသာ သူတို့ကို ဆေးရုံတခုမှာ တင်ပေးခဲ့တယ်လို့ မဏိပူရ်အခြေစိုက် လူ့အခွင့်အရေး သတိပေးအဖွဲ့က ပြောပါတယ်။ သူတို့နှစ်ဦးဟာ ဆေးရုံတက်ပြီး သုံးရက်အကြာမှာပဲ ကွယ်လွန်သွားခဲ့ကြတာပါ။
မဏိပူရ်မှာ ထိန်းသိမ်းခံထားရသူတွေ နောက်ထပ် ၁၃ ယောက်ထက်မနည်းလည်း COVID-19 ရောဂါ ကူးစက်ခံထားရတယ်လို့ HRW ကပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အကြမ်းဖက် ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးမှုတွေကြောင့် အိန္ဒိယနိုင်ငံဘက်ထွက်ပြေးသွားသူ ခန့်မှန်းခြေ ၁၆,၀၀၀ လောက်ရှိတယ်လို့ HRW ကပြောပါတယ်။ အဲဒီထဲမှာ လွှတ်တော်အမတ်တွေ၊ အစိုးရဝန်ထမ်းတွေ၊ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေပါပြီး မြန်မာနိုင်ငံနဲ့ နယ်စပ် အိန္ဒိယနိုင်ငံ၊ မဏိပူရ်၊ မီဇိုရမ်၊ နာဂလန်းဒ်နဲ့ အာရူနာချာလ် ပရာဒက်ရှ် ပြည်နယ်တွေမှာ ပုန်းအောင်း ခိုလှုံနေကြတယ်လို့ HRW ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

................................................................................................


(Unicode)





Myanmar India HRW
please wait

No media source currently available

0:00 0:01:52 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG