သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သတင္းေထာက္ မထက္ထက္ခိုင္ကို ၅၀၅(က) နဲ႔ ေထာင္ ၃ ႏွစ္ခ်


BBC Media Action ရဲ႕ “ခံစားၾကည့္” အစီအစဥ္ တင္ဆက္သူ မထက္ထက္ခိုင္။ (ဓာတ္ပံု - RSF)

ဖမ္းဆီးထိန္းသိမ္းခံေနရတဲ့ BBC Media Action ရဲ႕ “ခံစားၾကည့္” အစီအစဥ္ တင္ဆက္သူ မထက္ထက္ခိုင္ကို စစ္ေကာင္စီဘက္က စြဲဆိုထားတဲ့ အမႈေတြထဲက တမႈျဖစ္တဲ့ ပုဒ္မ ၅၀၅-ကနဲ႔ ဗဟန္း တရား႐ုံးက အလုပ္နဲ႔ေထာင္ဒဏ္ ၃ ႏွစ္က်ခံဖို႔ အမိန႔္ခ်မွတ္လိုက္ပါတယ္။ ဖမ္းဆီးထိမ္းသိမ္းခံရတဲ့ သတင္းေထာက္ေတြရဲ႕ ေနာက္ဆုံးအေျခအေန ရန္ကုန္က သတင္းေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

စစ္ေကာင္စီက ဧည့္စာရင္းဝင္စစ္ရာကေန ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊဂုံ-ရိပ္မြန္အိမ္ယာ တိုက္ခန္းတခုမွာ မႏွစ္ ၾသဂုတ္လ ၁၅ ရက္ေန႔က ဖမ္းဆီးခံလိုက္ရတဲ့ BBC Media Action ရဲ႕ “ခံစားၾကည့္” အစီအစဥ္ တင္ဆက္သူ မထက္ထက္ခိုင္ကို စစ္ေကာင္စီက ပုဒ္မ ၂ ခုနဲ႔ တရားစြဲဆိုတာမွာ ဒီကေန႔မွာေတာ့ ဗဟန္းတရား႐ုံးမွာ စြဲဆိုထားတဲ့ တပ္မေတာ္အၾကည္အညိဳပ်က္ေစမႈ ၅၀၅(က) နဲ႔ အလုပ္နဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္လိုက္တယ္လို႔ သူ႔ေရွ႕ေနက ဗြီအိုေအကို အတည္ျပဳပါတယ္။

“၅၀၅ အမႈက အမိန႔္ခ်ၿပီ။ သုံးႏွစ္ေပါ့ ၅၀၅ အမႈကေလ။ ေနာက္တမႈက်န္ေသးတယ္။ မဂၤလာေတာင္ၫြန႔္က။ သူကေတာ့ အမိန႔္ခ်မယ့္ရက္ မေျပာရေသးဘူး။ ထက္ထက္ခိုင္က ၅၀၅ ပုဒ္မကို က်ဴးလြန္ပါတယ္ဆိုတဲ့ အေထာက္အထားနဲ႔ တရား႐ုံးေပၚမွာ တရားလိုဘက္ကလဲ တင္ထားတာ မရွိဘူး။ ဒါေပမဲ့ တခုရွိတာက ႏိုင္ငံေရးအရစြဲတာဆိုေတာ့ က်မတို႔ေျပာတဲ့ အေနအထားအရ တရား႐ုံးက တဖက္သတ္ သုံးသပ္ၿပီးေတာ့ အမိန႔္ခ်ထားတာပါ။ အဲဒီလိုပဲ မဂၤလာေတာင္ၫြန႔္က အမႈမွာလည္း မတရားအသင္းနဲ႔ ခ်ိတ္ဆက္ပါတယ္ဆိုတဲ့ အေၾကာင္းအရာနဲ႔ ထည့္သြင္းၿပီးေတာ့ ေခ်ပႏိုင္ေခ်မရွိဘူး။ သူတို႔ စြဲဆိုထားတဲ့ အမႈမွာလဲ တိက်ေသခ်ာတဲ့ အေၾကာင္းအရာမရွိဘူး။ အရွင္းဆုံးေျပာလို႔ရွိရင္ေတာ့ နာမည္ရွိတယ္၊ လုပ္ႏိုင္တယ္၊ အစြမ္းအဆရွိတဲ့သူေတြ၊ သူတို႔အတြက္ အႏၲရာယ္ျဖစ္ႏိုင္မယ့္သူေတြကို သက္ဆိုင္ရာ႐ုံးေတြမွာ အမႈေတြစြဲတယ္ေပါ့။ ေပၚလဆီလဲ ျဖစ္တယ္၊ ႏိုင္ငံေရးမတည္ၿငိမ္တဲ့ ကာလမွာက်ေတာ့ ဒီလူေတြကို မျဖစ္မေန အမိန႔္ခ်တဲ့ ပုံစံမ်ိဳးသုံးသပ္ၿပီး အမိန႔္ခ်ထားတာပါ။”

မထက္ထက္ခိုင္ကို ပုဒ္မ ၂ ခုတပ္ၿပီး စြဲထားတာမွာ ဗဟန္းမွာ တပ္မေတာ္အၾကည္အညိဳပ်က္ေစမႈ ၅၀၅(က) နဲ႔ တမႈ၊ မဂၤလာေတာင္ၫြန႔္မွာ မတရားအသင္းဆက္သြယ္မႈ ပုဒ္မ ၁၇/၁ တမႈတို႔နဲ႔ စြဲခ်က္တင္ခံထားရတာျဖစ္ၿပီး မဂၤလာေတာင္ၫြန႔္အမႈကလည္း အၿပီးသတ္အမိန႔္ခ်မွတ္ဖို႔ ေစာင့္ေနတယ္လို႔ ေရွ႕ေနကေျပာပါတယ္။

မထက္ထက္ခိုင္နဲ႔အတူ ဖမ္းဆီးခံရတဲ့ ဗြီအိုေအျမန္မာပိုင္းရဲ႕ ျပင္ပ ေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္ကေတာ့ တပ္မေတာ္အၾကည္အညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(က) နဲ႔ ပုဇြန္ေတာင္နဲ႔ ဗဟန္းၿမိဳ႕နယ္တို႔မွာဖြင့္ထားတဲ့ အမႈ ၂ မႈအျပင္ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေအာင္ျပဳလုပ္မႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၁၂၄ (က) နဲ႔လည္း တရားစြဲခံထားရပါတယ္။ အမႈေတြက မၿပီးျပတ္ေသးတာေၾကာင့္ ဆက္လက္ရင္ဆိုင္ဆဲ ရွိပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလက ထပ္မံဖမ္းဆီးခံခဲ့ရတဲ့ အလြတ္တန္းသတင္းေထာက္ ကိုစိုးရာဇာထြန္းကို စစ္ေကာင္စီက အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၂(က) နဲ႔ တရားစြဲဆိုထားတာလည္း မၾကာခင္မွာ အမိန႔္ခ်မွတ္ဖို႔ရွိတယ္လို႔ သူ႔မိသားစုဝင္တဦးကေျပာပါတယ္။

“႐ုံးခ်ိန္းကေတာ့ ႐ုံးခ်ိန္း ၂၀ ေလာက္ေတာ့ ရွိၿပီ။ အခု ေလာေလာဆယ္က သူက က်ဖို႔ေတာ့မ်ားပါတယ္။ ၅ ႏွစ္က ေန ၁၀ ႏွစ္အတြင္း က်ဖို႔ မ်ားပါတယ္။ က်န္းမာေရးေကာင္းတယ္။ လြန္ခဲ့တဲ့ ႐ုံးခ်ိန္းက က်ေနာ္ မိသားစုဝင္နဲ႔ ပထမဆုံး အႀကိမ္စေတြ႕ရတယ္။ သူကေတာ့ ေနေကာင္းတယ္။ ေလာေလာဆယ္ေတာ့ ၅၂ (က) လို႔ သူတို႔ အတည္ျပဳတယ္။ က်ေနာ္ထင္တာေတာ့ ေနာက္ တခ်ိန္း၊ ႏွစ္ခ်ိန္းေလာက္ဆို ခ်ဖို႔ မ်ားသြားၿပီ။”

သတင္းေထာက္ေတြေတာ္ေတာ္မ်ားမ်ား ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အက်ဥ္းက်ခံရတာ ကာလရွည္ ၾကာလာတာနဲ႔အမွ် ေငြေၾကး အခက္အခဲေတြ ရင္ဆိုင္ေနရသလို ခုေနာက္ပိုင္း သတင္းေထာက္ေတြဖမ္း ဆီးခံရခ်ိန္မွာလည္း လက္ရွိစစ္ေကာင္စီ လက္ေအာက္မွာ ျပန္ဖြဲ႕စည္းထားတဲ့ သတင္းမီဒီယာေကာင္စီက ဖမ္းဆီးခံသတင္းသမားေတြဘက္က ရပ္တည္ေပးမႈ လုံးဝမရွိတာေၾကာင့္ သတင္းသမားေတြ အက်ဥ္းေထာင္တြင္းကေန ျပန္လြတ္ႏိုင္ဖို႔ ခက္ခဲေနတယ္လို႔ သတင္းမီဒီယာသမားေတြရဲ႕ အမႈေတြကို လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေနတဦးက ေျပာပါတယ္။

“အဓိကႀကဳံေနရတဲ့ အခက္အခဲကေတာ့ ႏွစ္ပိုင္းေပါ့... တပိုင္းက အမႈက ရင္ဆိုင္တာ တခ်ိဳ႕ဆို ၾကာလာၿပီေပါ့ေနာ္။ ၾကာလာေတာ့ သူတို႔ကို ပံ့ပိုးေပးရတဲ့ မိသားစုေတြက ေထာင္ဝင္စာေတြ႕ဖို႔၊ ေထာင္ထဲမွာ ရွိတဲ့အခက္အခဲေပါ့ေလ။ ေဆးဝါးကိစၥတို႔၊ ေနရာထိုင္းခင္း ကိစၥတို႔က အစ ပံ့ပိုးေပးဖို႔ ေျခကုန္လက္ပမ္းက်လာၾကတာေပါ့။ ေနာက္တခုက အခုလက္ရွိ သတင္း မီဒီယာ ေပၚလစီက ဆရာတို႔ ခန္းမွန္းၾကည့္တယ္၊ ေျပာဆိုၾကည့္တယ္၊ အကူညီေတာင္းၾကည့္တဲ့အခါမွာ ဘာမွအကူညီမရဘူး။ အကယ္လို႔ သတင္းမီဒီယာ ေပၚလစီက ပူးေပါင္းေဆာင္႐ြက္ခဲ့မယ္ဆိုခဲ့ရင္ ဆရာတို႔ ပုဂၢိဳလ္ေတြရဲ႕ လြတ္ေျမာက္ေရးကို ႀကိဳးပမ္းေဆာင္႐ြက္ႏိုင္တာေပါ့။ အခုေတာ့ သတင္းမီဒီယာ ေပၚလစီကိုယ္တိုင္က ဒါကို ပူးေပါင္းေဆာင္႐ြက္ဖို႔ ဆႏၵမရွိတဲ့အတြက္ ေတာ္ေတာ္ေလး အခက္အခဲ ျဖစ္ရတယ္။”

ျမန္မာႏိုင္ငံမွာ မႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းကတည္းက ျပည္တြင္း မီဒီယာ ၁၀ ခုေက်ာ္ကို တရားဝင္ ထုတ္ေဝခြင့္ ပိတ္သိမ္းခဲ့သလို သတင္းသမားေတြကို ဖမ္းဆီးတာ၊ တရားစြဲတာေတြ ျပဳလုပ္ခဲ့ပါတယ္။ သတင္းသမား အေယာက္၁၀၀နီးပါး ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး ေနာက္ထပ္ သတင္းသမားတခ်ိဳ႕ပါ ထပ္မံ ဖမ္းဆီး အေရးယူခံေနရဆဲ ရွိေနပါတယ္။ စစ္ေကာင္စီရဲ႕ စစ္ေၾကာေရးမွာ ေသဆုံးခဲ့ရသူလည္း ရွိခဲ့တာမို႔ စစ္ေကာင္စီလက္ထက္မွာ သတင္းသမား အနည္းဆုံး ၃ ဦးအသက္ ဆုံးရႈံးခဲ့ရၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သတင်းထောက် မထက်ထက်ခိုင်ကို ၅၀၅(က) နဲ့ ထောင် ၃ နှစ်ချ

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ BBC Media Action ရဲ့ “ခံစားကြည့်” အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်ကို စစ်ကောင်စီဘက်က စွဲဆိုထားတဲ့ အမှုတွေထဲက တမှုဖြစ်တဲ့ ပုဒ်မ ၅၀၅-ကနဲ့ ဗဟန်း တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ ဖမ်းဆီးထိမ်းသိမ်းခံရတဲ့ သတင်းထောက်တွေရဲ့ နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ရာကနေ ဗဟန်းမြို့နယ်၊ ရွှေဂုံ-ရိပ်မွန်အိမ်ယာ တိုက်ခန်းတခုမှာ မနှစ် သြဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ BBC Media Action ရဲ့ “ခံစားကြည့်” အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်ကို စစ်ကောင်စီက ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုတာမှာ ဒီကနေ့မှာတော့ ဗဟန်းတရားရုံးမှာ စွဲဆိုထားတဲ့ တပ်မတော်အကြည်အညိုပျက်စေမှု ၅၀၅(က) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ သူ့ရှေ့နေက ဗွီအိုအေကို အတည်ပြုပါတယ်။

“၅၀၅ အမှုက အမိန့်ချပြီ။ သုံးနှစ်ပေါ့ ၅၀၅ အမှုကလေ။ နောက်တမှုကျန်သေးတယ်။ မင်္ဂလာတောင်ညွန့်က။ သူကတော့ အမိန့်ချမယ့်ရက် မပြောရသေးဘူး။ ထက်ထက်ခိုင်က ၅၀၅ ပုဒ်မကို ကျူးလွန်ပါတယ်ဆိုတဲ့ အထောက်အထားနဲ့ တရားရုံးပေါ်မှာ တရားလိုဘက်ကလဲ တင်ထားတာ မရှိဘူး။ ဒါပေမဲ့ တခုရှိတာက နိုင်ငံရေးအရစွဲတာဆိုတော့ ကျမတို့ပြောတဲ့ အနေအထားအရ တရားရုံးက တဖက်သတ် သုံးသပ်ပြီးတော့ အမိန့်ချထားတာပါ။ အဲဒီလိုပဲ မင်္ဂလာတောင်ညွန့်က အမှုမှာလည်း မတရားအသင်းနဲ့ ချိတ်ဆက်ပါတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ထည့်သွင်းပြီးတော့ ချေပနိုင်ချေမရှိဘူး။ သူတို့ စွဲဆိုထားတဲ့ အမှုမှာလဲ တိကျသေချာတဲ့ အကြောင်းအရာမရှိဘူး။ အရှင်းဆုံးပြောလို့ရှိရင်တော့ နာမည်ရှိတယ်၊ လုပ်နိုင်တယ်၊ အစွမ်းအဆရှိတဲ့သူတွေ၊ သူတို့အတွက် အန္တရာယ်ဖြစ်နိုင်မယ့်သူတွေကို သက်ဆိုင်ရာရုံးတွေမှာ အမှုတွေစွဲတယ်ပေါ့။ ပေါ်လဆီလဲ ဖြစ်တယ်၊ နိုင်ငံရေးမတည်ငြိမ်တဲ့ ကာလမှာကျတော့ ဒီလူတွေကို မဖြစ်မနေ အမိန့်ချတဲ့ ပုံစံမျိုးသုံးသပ်ပြီး အမိန့်ချထားတာပါ။”

မထက်ထက်ခိုင်ကို ပုဒ်မ ၂ ခုတပ်ပြီး စွဲထားတာမှာ ဗဟန်းမှာ တပ်မတော်အကြည်အညိုပျက်စေမှု ၅၀၅(က) နဲ့ တမှု၊ မင်္ဂလာတောင်ညွန့်မှာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ တမှုတို့နဲ့ စွဲချက်တင်ခံထားရတာဖြစ်ပြီး မင်္ဂလာတောင်ညွန့်အမှုကလည်း အပြီးသတ်အမိန့်ချမှတ်ဖို့ စောင့်နေတယ်လို့ ရှေ့နေကပြောပါတယ်။

မထက်ထက်ခိုင်နဲ့အတူ ဖမ်းဆီးခံရတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ ပြင်ပ ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကတော့ တပ်မတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ ပုဇွန်တောင်နဲ့ ဗဟန်းမြို့နယ်တို့မှာဖွင့်ထားတဲ့ အမှု ၂ မှုအပြင် နိုင်ငံတော် အကြည်ညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) နဲ့လည်း တရားစွဲခံထားရပါတယ်။ အမှုတွေက မပြီးပြတ်သေးတာကြောင့် ဆက်လက်ရင်ဆိုင်ဆဲ ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ထပ်မံဖမ်းဆီးခံခဲ့ရတဲ့ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နဲ့ တရားစွဲဆိုထားတာလည်း မကြာခင်မှာ အမိန့်ချမှတ်ဖို့ရှိတယ်လို့ သူ့မိသားစုဝင်တဦးကပြောပါတယ်။

“ရုံးချိန်းကတော့ ရုံးချိန်း ၂၀ လောက်တော့ ရှိပြီ။ အခု လောလောဆယ်က သူက ကျဖို့တော့များပါတယ်။ ၅ နှစ်က နေ ၁၀ နှစ်အတွင်း ကျဖို့ များပါတယ်။ ကျန်းမာရေးကောင်းတယ်။ လွန်ခဲ့တဲ့ ရုံးချိန်းက ကျနော် မိသားစုဝင်နဲ့ ပထမဆုံး အကြိမ်စတွေ့ရတယ်။ သူကတော့ နေကောင်းတယ်။ လောလောဆယ်တော့ ၅၂(က) လို့ သူတို့ အတည်ပြုတယ်။ ကျနော်ထင်တာတော့ နောက် တချိန်း၊ နှစ်ချိန်းလောက်ဆို ချဖို့ များသွားပြီ။”

သတင်းထောက်တွေတော်တော်များများ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အကျဉ်းကျခံရတာ ကာလရှည် ကြာလာတာနဲ့အမျှ ငွေကြေး အခက်အခဲတွေ ရင်ဆိုင်နေရသလို ခုနောက်ပိုင်း သတင်းထောက်တွေဖမ်း ဆီးခံရချိန်မှာလည်း လက်ရှိစစ်ကောင်စီ လက်အောက်မှာ ပြန်ဖွဲ့စည်းထားတဲ့ သတင်းမီဒီယာကောင်စီက ဖမ်းဆီးခံသတင်းသမားတွေဘက်က ရပ်တည်ပေးမှု လုံးဝမရှိတာကြောင့် သတင်းသမားတွေ အကျဉ်းထောင်တွင်းကနေ ပြန်လွတ်နိုင်ဖို့ ခက်ခဲနေတယ်လို့ သတင်းမီဒီယာသမားတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတဦးက ပြောပါတယ်။

“အဓိကကြုံနေရတဲ့ အခက်အခဲကတော့ နှစ်ပိုင်းပေါ့... တပိုင်းက အမှုက ရင်ဆိုင်တာ တချို့ဆို ကြာလာပြီပေါ့နော်။ ကြာလာတော့ သူတို့ကို ပံ့ပိုးပေးရတဲ့ မိသားစုတွေက ထောင်ဝင်စာတွေ့ဖို့၊ ထောင်ထဲမှာ ရှိတဲ့အခက်အခဲပေါ့လေ။ ဆေးဝါးကိစ္စတို့၊ နေရာထိုင်းခင်း ကိစ္စတို့က အစ ပံ့ပိုးပေးဖို့ ခြေကုန်လက်ပမ်းကျလာကြတာပေါ့။ နောက်တခုက အခုလက်ရှိ သတင်း မီဒီယာ ပေါ်လစီက ဆရာတို့ ခန်းမှန်းကြည့်တယ်၊ ပြောဆိုကြည့်တယ်၊ အကူညီတောင်းကြည့်တဲ့အခါမှာ ဘာမှအကူညီမရဘူး။ အကယ်လို့ သတင်းမီဒီယာ ပေါ်လစီက ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုခဲ့ရင် ဆရာတို့ ပုဂ္ဂိုလ်တွေရဲ့ လွတ်မြောက်ရေးကို ကြိုးပမ်းဆောင်ရွက်နိုင်တာပေါ့။ အခုတော့ သတင်းမီဒီယာ ပေါ်လစီကိုယ်တိုင်က ဒါကို ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိတဲ့အတွက် တော်တော်လေး အခက်အခဲ ဖြစ်ရတယ်။”

မြန်မာနိုင်ငံမှာ မနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်တွင်း မီဒီယာ ၁၀ ခုကျော်ကို တရားဝင် ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲတာတွေ ပြုလုပ်ခဲ့ပါတယ်။ သတင်းသမား အယောက်၁၀၀နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး နောက်ထပ် သတင်းသမားတချို့ပါ ထပ်မံ ဖမ်းဆီး အရေးယူခံနေရဆဲ ရှိနေပါတယ်။ စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့ရသူလည်း ရှိခဲ့တာမို့ စစ်ကောင်စီလက်ထက်မှာ သတင်းသမား အနည်းဆုံး ၃ ဦးအသက် ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

XS
SM
MD
LG