သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် Huawei တယ်လီဖုန်း ရောင်းချမှု ဗြိတိန်နဲ့ ဂျပန် ကုမ္ပဏီ ၄ခု ဆိုင်းငံ့


တယ်လီဖုံးဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်တဲ့ တရုတ်ရဲ့ Huawei Technologies အပေါ် အမေရိကန်က ကန့်သတ်မှုတွေ ချမှတ်ခဲ့ပြီးနောက် ဗြိတိသျှနဲ့ ဂျပန် မိုဘိုင်းလ် တယ်လီဖုံး ကုမ္ပဏီ လေးခုတို့ကလည်း Huawei ကုမ္ပဏီကြီးက ထုတ်လုပ်တဲ့ ပစ္စည်းသစ်တွေကို ရောင်းချဖို့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်ပါတယ်။

လုံခြုံရေး စိုးရိမ်မကင်းဖြစ်မှုတွေကို ထောက်ပြပြီး အမေရိကန်က ပြီးခဲ့တဲ့သီတင်းပတ်က Huawei နဲ့ သူနဲ့ ဆက် သွယ်နေတဲ့ ကုမ္ပဏီတွေကို သူတို့ရဲ့ နည်းပညာပစ္စည်း အစိတ်အပိုင်းတွေ ရောင်းချမှု မပြုဖို့ တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က ရောင်းချတဲ့ ဒီနည်းပညာပစ္စည်းတွေကြောင့် Huawei ကုမ္ပဏီကြီးဟာ ကမ္ဘာပေါ်မှာ စမတ်ဖုံး ထုတ်လုပ်တဲ့ ဒုတိယအကြီးဆုံး ကုမ္ပဏီ ဖြစ်ဖို့ အထောက်အကူ ရခဲ့တာဖြစ်ပါတယ်။

အမေရိကန်ကုမ္ပဏီကြီးတွေ အနေနဲ့ ဒီနည်းပညာ အပိုပစ္စည်းတွေ ဝယ်ယူမယ့် တခြားသူတွေကို ရှာနိုင်အောင် ရက် (၉၀) သမ္မတ ထရမ့်အစိုးရက အချိန်ပေးထားပါတယ်။

ဗြိတိန်ရဲ့ EE နှင့် VODAPHONE အပြင် ဂျပန်ရဲ့ KDDI နဲ့ Y Mobile ကုမ္ပဏီတို့က ကြိုတင်မှာယူထားတဲ့ 5 G နည်းပညာသစ်နဲ့ ထုတ်လုပ်မယ့် တယ်လီဖုံးသစ်တွေ အပါအဝင် Huawei စမတ်ဖုံးတွေ ရောင်းချမှုကို ဆိုင်းငံ့မယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ ဗြိတိန်နဲ့ ဂျပန် ကုမ္ပဏီတို့က Huawei ရဲ့ 5 G တယ်လီဖုံးတွေနဲ့ ပတ်သက်လို့ လုံခြုံရေး စိုးရိမ်မကင်း ဖြစ်မှုတွေကို ထောက်ပြပြီး အမေရိကန်က Huawei အပေါ် အရေးယူမှုကြောင့် ထွက်ပေါ်လာမယ့်ရလဒ်ကို စောင့်ကြည့်အကဲခတ်ဖို့ လိုအပ်တဲ့အတွက် အခုလို ဆုံးဖြတ်ရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ် Huawei တယ်လီဖုန်း ရောင်းချမှု ဗြိတိန်နဲ့ ဂျပန် ကုမ္ပဏီ ၄ခု ဆိုင်းငံ့
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG