သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါနဲ႔ ႏုိင္ငံေရးျပႆနာေတြေၾကာင့္ ျမန္မာႏုိင္ငံမွာ လူေမွာင္ခုိမႈအႏၱရာယ္ရွိ (ကန္ႏုိင္ငံျခားေရးဌာန)


HUMAN TRAFFICKING REPORT (ယခင္မွတ္တမ္းဓါတ္ပုံ)

ကပ္ေရာဂါနဲ႔ ႏုိင္ငံေရးျပႆနာေတြေၾကာင့္ ျမန္မာႏုိင္ငံမွာ လူေမွာင္ခုိမႈအႏၱရာယ္ရွိ (ကန္ႏုိင္ငံျခားေရးဌာန)


{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံဟာ ၿပီးခဲ႔တဲ႔ ႏွစ္အတြင္း လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ အနိမ့္ဆံုးအဆင့္ လိုအပ္ခ်က္ကို ျပည့္မီေအာင္ မစြမ္းေဆာင္ႏိုင္ခဲ႔သလို အထူးတလည္ ႀကိဳးပမ္းခဲ႔တာမ်ိဳး မရွိခဲ႔ဘူးလို႔ ေထာက္ျပၿပီး ၂ဝ၂၁ ခုႏွစ္ အတြက္ လူကုန္ကူးမႈဆိုင္ရာ အေမရိကန္ အစီရင္ခံစာမွာ ျမန္မာႏိုင္ငံကို အဆိုးဆံုးအဆင့္ Tire 3 အျဖစ္ ဆက္ၿပီး သတ္မွတ္လိုက္ပါတယ္။ Tire 3 သတ္မွတ္ခ်က္ကေတာ့ လူကုန္ကူးမႈ တိုက္ဖ်က္ေရးမွာ ပူးေပါင္းေဆာင္ရြက္မႈ အလြန္နည္းပါးမႈ ဒါမွမဟုတ္လည္း ပ်က္ကြက္တဲ႔ ႏိုင္ငံေတြကို သတ္မွတ္တာ ျဖစ္ပါတယ္။

Covid-19 နဲ႔ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြ ရင္ဆိုင္ေနရတဲ႔ ျမန္မာႏိုင္ငံမွာ မိသားစု ၉၄ ရာခိုင္ႏႈန္းဟာ ၀င္ေငြ ေလွ်ာ့က်သြားၿပီး တခ်ိဳ႕ေတြမွာ လိင္ကုန္ကူးမႈ ျဖစ္လာႏိုင္တဲ႔ အေျခအေနကို ေရာက္သြားေစတယ္လို႔လည္း အစီရင္ခံစာက ေျပာဆိုထားပါတယ္။

ရခိုင္နဲ႔ ကခ်င္ျပည္နယ္ေတြမွာျဖစ္တဲ႔ ပဋိပကၡ ေဒသေတြက စစ္တပ္တပ္ရင္းေတြအတြင္း ကေလးေတြကို လုပ္သားေတြနဲ႔ အကူေတြအျဖစ္ အသံုးျပဳမႈကို ႏိုင္ငံတကာေစာင့္ၾကည့္ အတည္ျပဳထားေၾကာင္းလည္း အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ ဒါ႔အျပင္ စစ္တပ္ဟာ လုပ္သားနဲ႔ အကူအျဖစ္ ေဒသခံ အသိုင္းအဝိုင္းေတြကေန ဆက္ၿပီး ရယူေနတာဟာဆိုရင္ အရြယ္ေရာက္သူေတြနဲ႔ ကေလးငယ္ေတြကို အဓမၼ ခိုင္းေစမႈေတြ ဆက္ျဖစ္ေစတဲ႔ အေျခအေနေတြ ျဖစ္ေၾကာင္းလည္း ေဖာ္ျပပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ စစ္အာဏာသိမ္းမႈေၾကာင့္ လူေပါင္း သိန္းခ်ီ ထြက္ေျပးရၿပီး ဒီလူေတြဟာလည္း လူကုန္ကူးခံရမယ့္ အႏၲရာယ္ ရွိေနတယ္လို႔လည္း ေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံတြင္း လူကုန္ကူးမႈ တိုက္ဖ်က္ေရးမွာ သိသာ ထင္ရွားတဲ႔ တိုးတက္မႈ မရွိေပမယ့္လည္း အစိုးရဘက္ကေတာ့ လူကုန္ကူးမႈ တိုက္ဖ်က္ေရး အတြက္ ေဆာင္ရြက္ခ်က္ တခ်ိဳ႕ကိုလည္း အသိအမွတ္ျပဳ ေဖာ္ျပထားပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဌာနက အဂၤါေန႔က ထုတ္ျပန္လိုက္တဲ႔ ႏွစ္စဥ္လူကုန္ကူးမႈဆိုင္ရာ အစီအရင္ခံစာမွာေတာ့ Covid-19 ေၾကာင့္ လူကုန္ကူးမႈပိုၿပီး ဆိုးရြားေစတယ္လို႔ ေဖာ္ျပပါတယ္။

......................................................

တိုက္႐ိုက္ လင့္ခ္

ကပ်ရောဂါနဲ့ နိုင်ငံရေးပြဿနာတွေကြောင့် မြန်မာနိုင်ငံမှာ လူမှောင်ခိုမှုအန္တရာယ်ရှိ (ကန်နိုင်ငံခြားရေးဌာန)


{{Zawgyi/Unicode}}
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံးအဆင့် လိုအပ်ချက်ကို ပြည့်မီအောင် မစွမ်းဆောင်နိုင်ခဲ့သလို အထူးတလည် ကြိုးပမ်းခဲ့တာမျိုး မရှိခဲ့ဘူးလို့ ထောက်ပြပြီး ၂၀၂၁ ခုနှစ် အတွက် လူကုန်ကူးမှုဆိုင်ရာ အမေရိကန် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အဆိုးဆုံးအဆင့် Tire 3 အဖြစ် ဆက်ပြီး သတ်မှတ်လိုက်ပါတယ်။ Tire 3 သတ်မှတ်ချက်ကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှု အလွန်နည်းပါးမှု ဒါမှမဟုတ်လည်း ပျက်ကွက်တဲ့ နိုင်ငံတွေကို သတ်မှတ်တာ ဖြစ်ပါတယ်။

Covid-19 နဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ မိသားစု ၉၄ ရာခိုင်နှုန်းဟာ ဝင်ငွေ လျှော့ကျသွားပြီး တချို့တွေမှာ လိင်ကုန်ကူးမှု ဖြစ်လာနိုင်တဲ့ အခြေအနေကို ရောက်သွားစေတယ်လို့လည်း အစီရင်ခံစာက ပြောဆိုထားပါတယ်။

ရခိုင်နဲ့ ကချင်ပြည်နယ်တွေမှာဖြစ်တဲ့ ပဋိပက္ခ ဒေသတွေက စစ်တပ်တပ်ရင်းတွေအတွင်း ကလေးတွေကို လုပ်သားတွေနဲ့ အကူတွေအဖြစ် အသုံးပြုမှုကို နိုင်ငံတကာစောင့်ကြည့် အတည်ပြုထားကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါ့အပြင် စစ်တပ်ဟာ လုပ်သားနဲ့ အကူအဖြစ် ဒေသခံ အသိုင်းအဝိုင်းတွေကနေ ဆက်ပြီး ရယူနေတာဟာဆိုရင် အရွယ်ရောက်သူတွေနဲ့ ကလေးငယ်တွေကို အဓမ္မ ခိုင်းစေမှုတွေ ဆက်ဖြစ်စေတဲ့ အခြေအနေတွေ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် လူပေါင်း သိန်းချီ ထွက်ပြေးရပြီး ဒီလူတွေဟာလည်း လူကုန်ကူးခံရမယ့် အန္တရာယ် ရှိနေတယ်လို့လည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ သိသာ ထင်ရှားတဲ့ တိုးတက်မှု မရှိပေမယ့်လည်း အစိုးရဘက်ကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ဆောင်ရွက်ချက် တချို့ကိုလည်း အသိအမှတ်ပြု ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ နှစ်စဉ်လူကုန်ကူးမှုဆိုင်ရာ အစီအရင်ခံစာမှာတော့ Covid-19 ကြောင့် လူကုန်ကူးမှုပိုပြီး ဆိုးရွားစေတယ်လို့ ဖော်ပြပါတယ်။

XS
SM
MD
LG