သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း တိုက္ပဲြေတြအတြင္း ထိခိုက္ေသဆုံးမႈ တခ်ဳိ႕ရွိ


Sagaing စစ္ကိုင္း / စစ္ကိုင္းတုိင္း
(Zawgyi / Unicode)

စစ္ကိုင္းတိုင္းအတြင္း ေက်းရြာတခ်ဳိ႕မွာ ဒီရက္ပိုင္းအတြင္း စစ္ေကာင္စီနဲ႔ ေဒသခံ ကာကြယ္ေရး တပ္ဖဲြ႕ေတြၾကား တိုက္ပဲြျဖစ္ပြားၿပီး ထိခိုက္က်ဆုံးမႈေတြ ရွိခဲ့ေၾကာင္း ေဒသခံလက္နက္ကိုင္ အဖဲြ႕၀င္ေတြနဲ႔ ရြာသားတခ်ဳိ႕က ေျပာပါတယ္။ မင္းကင္းၿမိဳ႕နယ္ထဲမွာဆိုရင္လည္း စစ္ေကာင္စီေရယာဥ္ေတြနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲေတြရွိေနပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ စစ္ကိုင္းတိုင္းထဲက အေျခအေနေတြကို ကိုရဲမြန္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ေရဦးၿမိဳ႕နယ္နဲ႔ ဒီပဲယင္းၿမိဳ႕နယ္အစပ္က ေရဦးၿမိဳ႕နယ္အပိုင္ျဖစ္တဲ့ ကုန္းသာ ကမ္းသာ ရြာသစ္ ေက်းရြာေတြနားမွာ ၾသဂုတ္ ၁၀ ရက္ မနက္ပိုင္းကတည္းက စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ ျဖစ္ပြားခဲ့တာပါ။ စစ္ေကာင္စီဘက္က မနက္ပိုင္းမွာ ရဟတ္ယာဥ္ေတြနဲ႔ ၂ ႀကိမ္၊ ေန႔လည္ပိုင္းမွာ ၁ ႀကိမ္ စုစုေပါင္း ၃ ႀကိမ္တိုင္တိုင္ လာေရာက္ပစ္ခတ္ခဲ့ၿပီး ၂ ဖက္ ထိခိုက္က်ဆုံးမႈေတြ ရွိတယ္လို႔လည္း ေဒသခံကာကြယ္ေရး တပ္ဖြဲ႕၀င္တဦးက ေျပာပါတယ္။

“ကုန္းသာရြာရဲ႕ေတာင္ဘက္ ကြ်န္ေတာ္တို႔ေဒသအေခၚေတာ့ ေညာင္လွ မူးဆံုေပါ့ဗ်ာ။ ေညာင္လွ မူးဆံုမွာ သူတို႔ခ်ထားတဲ့ စစ္ေၾကာင္းက မနက္ ၃ နာရီေလာက္မွာ ကုန္သာဘက္ကို ဆင္းလာတာေပါ့ေနာ္။ အဲ့မွာ ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ ထိေတြ႕မႈျဖစ္တယ္ေပါ့။ ေရဦးနဲ႔ ဒီပဲယင္း အစပ္ေပါ့။ အဲ့မွာ ကုန္သာ ကမ္းသာ အဲ့မွာ တုိက္ပြဲျဖစ္သြားတာပါ။ တိုက္ပြဲျဖစ္ေတာ့ သူတို႔ဘက္က အက်အဆံုးမ်ားေတာ့ ေလေၾကာင္းကေန လာၿပီးေတာ့ပစ္တာ။ ၇ နာရီေလာက္မွာ ေလေၾကာင္းလာတယ္။ Mi 35 ၂ စီးနဲ႔ပစ္တယ္။ တစီးက ၁၅ မိနစ္ေလာက္ပစ္ၿပီးျပန္လွည့္သြားတယ္။ ၁ စီးက ၁ နာရီေက်ာ္ေလာက္ၾကာမယ္။ တိုက္ပြဲက မနက္အာရံုတက္ခ်ိန္ ၄ နာရီခြဲေလာက္မွာျဖစ္တာ။ အဲ့မွာ သူတို႔ဘက္က ၂၅ ေလာက္ေတာ့ က်မယ္ထင္တယ္။ ျပည္သူ႔ကာကြယ္ေရးက ၂ ေယာက္က်တယ္။”

တိုက္ပြဲအတြင္း ထိခိုက္က်ဆုံးမႈေတြနဲ႔ ပတ္သက္လို႔ သီးျခားအတည္ျပဳလို႔ေတာ့ မရေသးပါဘူး။ တဆက္တည္းမွာပဲ တိုက္ပြဲျဖစ္ပြားတဲ့ ေရဦးၿမိဳ႕နယ္ ကုန္းသာရြာနဲ႔ ၁၂ မိုင္ေလာက္သာ ေ၀းတဲ့ ဒီပဲယင္းၿမိဳ႕နယ္ထဲက မူးကမ္းေက်းရြာမွာ စစ္ေကာင္စီက တပ္စြဲေနၿပီး ေနအိမ္ေတြကို မီးရိႈ႕တာေတြရွိေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

မူးကမ္းႀကီးေက်းရြာဟာ ေနအိမ္ ၄၀၀၀ နီးပါးရွိတဲ့ ေက်းရြာႀကီးတရြာျဖစ္ၿပီး စစ္ေကာင္စီက ၀င္ေရာက္တပ္စြဲေနတာ ၄ ရက္အတြင္း အိမ္ေျခအေျမာက္အမ်ား မီးေလာင္ပ်က္စီးခဲ့ေၾကာင္း ေဒသခံေတြကေျပာပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ ဒီပဲယင္းၿမိဳ႕နယ္ထဲမွာ စစ္ေၾကာင္း ၂ ေၾကာင္းခြဲကာ နယ္ေျမရွင္းလင္းေရးေတြ လုပ္ေနၿပီး ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြဟာ ေဘးလြတ္ရာကုိ တိမ္းေရွာင္ေနရၿပီး စားနပ္ရိကၡာ အကူအညီေတြ အေရးေပၚ လိုအပ္ေနပါတယ္။

မင္းကင္းၿမိဳ႕နယ္ထဲမွာ ဆိုရင္လည္း ခ်င္းတြင္းျမစ္ထဲ ဆန္တက္တာတဲ့ စစ္ေကာင္စီေရယာဥ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြဟာ ဖက္ခတ္ေက်းရြာအနီးမွာ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ပန္းဆက္ကေန စစ္ေရယာဥ္ေတြက ဆန္တက္ခဲ့တာေလ။ မနက္ ၆ နာရီေလာက္ကေန ထြက္တာ ၁၁ - ၁၀ ခြဲေလာက္မယ္ ဖက္ခက္နားကို ေရာက္လိမ့္မယ္ထင္တယ္။ ေနာက္တေအာင့္ေန မိနစ္ ၂၀ ေလာက္မွာ အပစ္အခတ္ေတြျဖစ္လာတာ ဆိုေတာ့ ၁၁ ေလာက္ျဖစ္မွာပါ။ အဲ့ကေန ၁၂ မတ္တင္းေလာက္ထိကိုျဖစ္ေနတယ္။”

မင္းကင္းနယ္ထဲမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြရဲ႕ တိုက္ပြဲေတြဟာ ဆက္တိုက္ဆိုသလိုျဖစ္ေနတာပါ။ ၿပီးခဲ့တဲ့ ၾသဂုတ္ ၆ ရက္မွာ စစ္ေကာင္စီက မင္းကင္းၿမိဳ႕နယ္ ခ်င္းတြင္းျမစ္အေရွ႕ဘက္ကမ္းက ေလာင္းျပည့္ေက်းရြာကို ေလေၾကာင္းကေန ပစ္ခတ္ၿပီး နယ္ေျမရွင္းလင္းခဲ့ပါတယ္။ ၾသဂုတ္ ၇ ရက္နဲဲ႔ ၈ ရက္ေန႔အထိကို တိုက္ပြဲျပင္းထန္ခဲ့ၿပီး ေဒသခံေတြ လက္နက္ႀကီးထိမွန္တာေတြရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်ကိုင်းတိုင်း တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှုတချို့ရှိ

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတချို့မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေသခံလက်နက်ကိုင် အဖွဲ့ဝင်တွေနဲ့ ရွာသားတချို့က ပြောပါတယ်။ မင်းကင်းမြို့နယ်ထဲမှာဆိုရင်လည်း စစ်ကောင်စီရေယာဉ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေရှိနေပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကို ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အစပ်က ရေဦးမြို့နယ်အပိုင်ဖြစ်တဲ့ ကုန်းသာ ကမ်းသာ ရွာသစ် ကျေးရွာတွေနားမှာ သြဂုတ် ၁၀ ရက် မနက်ပိုင်းကတည်းက စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီဘက်က မနက်ပိုင်းမှာ ရဟတ်ယာဉ်တွေနဲ့ ၂ ကြိမ်၊ နေ့လည်ပိုင်းမှာ ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့ပြီး ၂ ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့လည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကုန်းသာရွာရဲ့တောင်ဘက် ကျွန်တော်တို့ဒေသအခေါ်တော့ ညောင်လှ မူးဆုံပေါ့ဗျာ။ ညောင်လှ မူးဆုံမှာ သူတို့ချထားတဲ့ စစ်ကြောင်းက မနက် ၃ နာရီလောက်မှာ ကုန်သာဘက်ကို ဆင်းလာတာပေါ့နော်။ အဲ့မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်တယ်ပေါ့။ ရေဦးနဲ့ ဒီပဲယင်း အစပ်ပေါ့။ အဲ့မှာ ကုန်သာ ကမ်းသာ အဲ့မှာ တိုက်ပွဲဖြစ်သွားတာပါ။ တိုက်ပွဲဖြစ်တော့ သူတို့ဘက်က အကျအဆုံးများတော့ လေကြောင်းကနေ လာပြီးတော့ပစ်တာ။ ၇ နာရီလောက်မှာ လေကြောင်းလာတယ်။ Mi 35 ၂ စီးနဲ့ပစ်တယ်။ တစီးက ၁၅ မိနစ်လောက်ပစ်ပြီးပြန်လှည့်သွားတယ်။ ၁ စီးက ၁ နာရီကျော်လောက်ကြာမယ်။ တိုက်ပွဲက မနက်အာရုံတက်ချိန် ၄ နာရီခွဲလောက်မှာဖြစ်တာ။ အဲ့မှာ သူတို့ဘက်က ၂၅ လောက်တော့ ကျမယ်ထင်တယ်။ ပြည်သူ့ကာကွယ်ရေးက ၂ ယောက်ကျတယ်။”

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။ တဆက်တည်းမှာပဲ တိုက်ပွဲဖြစ်ပွားတဲ့ ရေဦးမြို့နယ် ကုန်းသာရွာနဲ့ ၁၂ မိုင်လောက်သာ ဝေးတဲ့ ဒီပဲယင်းမြို့နယ်ထဲက မူးကမ်းကျေးရွာမှာ စစ်ကောင်စီက တပ်စွဲနေပြီး နေအိမ်တွေကို မီးရှို့တာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မူးကမ်းကြီးကျေးရွာဟာ နေအိမ် ၄၀၀၀ နီးပါးရှိတဲ့ ကျေးရွာကြီးတရွာဖြစ်ပြီး စစ်ကောင်စီက ဝင်ရောက်တပ်စွဲနေတာ ၄ ရက်အတွင်း အိမ်ခြေအမြောက်အများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကြောင်း ၂ ကြောင်းခွဲကာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။
မင်းကင်းမြို့နယ်ထဲမှာ ဆိုရင်လည်း ချင်းတွင်းမြစ်ထဲ ဆန်တက်တာတဲ့ စစ်ကောင်စီရေယာဉ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဖက်ခတ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ပန်းဆက်ကနေ စစ်ရေယာဉ်တွေက ဆန်တက်ခဲ့တာလေ။ မနက် ၆ နာရီလောက်ကနေ ထွက်တာ ၁၁ - ၁၀ ခွဲလောက်မယ် ဖက်ခက်နားကို ရောက်လိမ့်မယ်ထင်တယ်။ နောက်တအောင့်နေ မိနစ် ၂၀ လောက်မှာ အပစ်အခတ်တွေဖြစ်လာတာ ဆိုတော့ ၁၁ လောက်ဖြစ်မှာပါ။ အဲ့ကနေ ၁၂ မတ်တင်းလောက်ထိကိုဖြစ်နေတယ်။”

မင်းကင်းနယ်ထဲမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေဟာ ဆက်တိုက်ဆိုသလိုဖြစ်နေတာပါ။ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်မှာ စစ်ကောင်စီက မင်းကင်းမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းက လောင်းပြည့်ကျေးရွာကို လေကြောင်းကနေ ပစ်ခတ်ပြီး နယ်မြေရှင်းလင်းခဲ့ပါတယ်။ သြဂုတ် ၇ ရက်နဲ့ ၈ ရက်နေ့အထိကို တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံတွေ လက်နက်ကြီးထိမှန်တာတွေရှိခဲ့ပါတယ်။

XS
SM
MD
LG