သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Hypersonic ဒုံးလက္နက္သစ္ အေမရိကန္စမ္းသပ္ 


us missile (US MISSILE DEFENSE AGENCY)

အေမရိကန္ စစ္တပ္က အသံထက္ ၅ ဆ ျမန္တဲ႔ hypersonic ဒံုးက်ည္သစ္ တစင္းကို စမ္းသပ္ေၾကာင္း အဂၤါေန႔က ေၾကညာပါတယ္။ ေခတ္ေရွ႕ေျပး လက္နက္နည္းပညာမွာ တ႐ုတ္နဲ႔ ႐ုရွားတို႔နဲ႔ တန္းတူ ျဖစ္ေစမယ့္ ဒါမွမဟုတ္လည္း သာလြန္ေအာင္ လုပ္ဖို႔ အေမရိကန္ စစ္ဌာနခ်ဳပ္ ပင္တဂြန္ တာ၀န္ရွိသူေတြ ႀကိဳးစားေနတာ ျဖစ္ပါတယ္။

Hypersonic ဒုံးလက္နက္သစ္ အေမရိကန္စမ္းသပ္

{{Zawgyi/Unicode}}
အေမရိကန္ စစ္တပ္က အသံထက္ ၅ ဆ ျမန္တဲ႔ hypersonic ဒံုးက်ည္သစ္ တစင္းကို စမ္းသပ္ေၾကာင္း အဂၤါေန႔က ေၾကညာပါတယ္။ ေခတ္ေရွ႕ေျပး လက္နက္နည္းပညာမွာ တ႐ုတ္နဲ႔ ႐ုရွားတို႔နဲ႔ တန္းတူ ျဖစ္ေစမယ့္ ဒါမွမဟုတ္လည္း သာလြန္ေအာင္ လုပ္ဖို႔ အေမရိကန္ စစ္ဌာနခ်ဳပ္ ပင္တဂြန္ တာ၀န္ရွိသူေတြ ႀကိဳးစားေနတာ ျဖစ္ပါတယ္။

လတ္တေလာ စမ္းသပ္ ၿပီးစီးခဲ႔တဲ႔ ေလယာဥ္တစင္းနဲ႔ hypersonic ဒံုးက်ည္ စမ္းသပ္မႈမွာ အသံထက္ ၅ ဆေက်ာ္ - ၅ ဆေလာက္ အျမန္ႏႈန္း ရွိခဲ႔ေၾကာင္း ကာကြယ္ေရး ဆိုင္ရာ အဆင့္ျမင့္ သုေတသန စီမံကိန္းမ်ား ေအဂ်င္စီ DARPA က ေျပာဆိုထားပါတယ္။

အသံထက္ ၅ ဆ ဆိုတာကေတာ့ တနာရီကို အနည္းဆံုး မိုင္ ၃,၈၀၀ ေလာက္ အျမန္ႏႈန္း ရွိပါတယ္။ ဒါဟာဆိုရင္ အသံထက္ ၅ ဆ ျမန္တဲ႔ hypersonic လက္နက္ အမ်ိဳးအစားထဲမွာ ဒုတိယေျမာက္ စမ္းသပ္တာ ျဖစ္ၿပီး ၿပီးခဲ႔တဲ႔ စက္တင္ဘာလက ပထမဆံုး စမ္းသပ္ခဲ႔တဲ႔ ဒံုးက်ည္နဲ႔ တည္ေဆာက္ပံုလည္း ကြဲျပားပါတယ္။

တ႐ုတ္ကို ထိန္းညႇိေရး ရည္ရြယ္တဲ႔ AUKUS မဟာမိတ္ အဖြဲ႔သစ္ရဲ႕ ေဆာင္ရြက္ခ်က္တခု အေနနဲ႔ အေမရိကန္ ျပည္ေထာင္စု၊ ၿဗိတိန္နဲ႔ ၾသစေၾတးလ်တို႔က hypersonic လက္နက္ေတြ အေရးနဲ႔ အီလက္ထေရာနစ္ စစ္ဆင္ေရး စြမ္းေဆာင္ရည္ အတြက္ စတင္ပူးေပါင္းေဆာင္ရြက္မယ့္အေၾကာင္း အဂၤါေန႔မွာဘဲ ေၾကညာပါတယ္။

ၿပီးခဲ႔တဲ႔ စက္တင္ဘာလ ေႏွာင္းပိုင္းမွာ ကာကြယ္ေရး သေဘာတူညီခ်က္သစ္ စတင္ခဲ႔ခ်ိန္က သေဘာတူခဲ႔ၾကၿပီး ျဖစ္တဲ႔အတိုင္း က႑အမ်ားအျပားမွာ ခိုင္ခိုင္မာမာ ပူးေပါင္းေဆာင္ရြက္ေရး လက္ရွိ ႀကိဳးပမ္းမႈေတြကို တိုးျမႇင့္ႏိငင္မယ့္ ပူးတြဲ ေဆာင္ရြက္ခ်က္လို႔လည္း သံုးႏိုင္ငံက ေျပာဆိုထားပါတယ္။

Hypersonic ဒုံးလက္နက္သစ္ အေမရိကန္စမ္းသပ္
please wait

No media source currently available

0:00 0:01:37 0:00
တိုက္႐ိုက္ လင့္ခ္

.......................................

Hypersonic ဒုံးလက်နက်သစ် အမေရိကန်စမ်းသပ်

{{Zawgyi/Unicode}}
အမေရိကန် စစ်တပ်က အသံထက် ၅ ဆ မြန်တဲ့ hypersonic ဒုံးကျည်သစ် တစင်းကို စမ်းသပ်ကြောင်း အင်္ဂါနေ့က ကြေညာပါတယ်။ ခေတ်ရှေ့ပြေး လက်နက်နည်းပညာမှာ တရုတ်နဲ့ ရုရှားတို့နဲ့ တန်းတူ ဖြစ်စေမယ့် ဒါမှမဟုတ်လည်း သာလွန်အောင် လုပ်ဖို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် တာဝန်ရှိသူတွေ ကြိုးစားနေတာ ဖြစ်ပါတယ်။

လတ်တလော စမ်းသပ် ပြီးစီးခဲ့တဲ့ လေယာဉ်တစင်းနဲ့ hypersonic ဒုံးကျည် စမ်းသပ်မှုမှာ အသံထက် ၅ ဆကျော် - ၅ ဆလောက် အမြန်နှုန်း ရှိခဲ့ကြောင်း ကာကွယ်ရေး ဆိုင်ရာ အဆင့်မြင့် သုတေသန စီမံကိန်းများ အေဂျင်စီ DARPA က ပြောဆိုထားပါတယ်။

အသံထက် ၅ ဆ ဆိုတာကတော့ တနာရီကို အနည်းဆုံး မိုင် ၃,၈၀၀ လောက် အမြန်နှုန်း ရှိပါတယ်။ ဒါဟာဆိုရင် အသံထက် ၅ ဆ မြန်တဲ့ hypersonic လက်နက် အမျိုးအစားထဲမှာ ဒုတိယမြောက် စမ်းသပ်တာ ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလက ပထမဆုံး စမ်းသပ်ခဲ့တဲ့ ဒုံးကျည်နဲ့ တည်ဆောက်ပုံလည်း ကွဲပြားပါတယ်။

တရုတ်ကို ထိန်းညှိရေး ရည်ရွယ်တဲ့ AUKUS မဟာမိတ် အဖွဲ့သစ်ရဲ့ ဆောင်ရွက်ချက်တခု အနေနဲ့ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ သြစတြေးလျတို့က hypersonic လက်နက်တွေ အရေးနဲ့ အီလက်ထရောနစ် စစ်ဆင်ရေး စွမ်းဆောင်ရည် အတွက် စတင်ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း အင်္ဂါနေ့မှာဘဲ ကြေညာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ ကာကွယ်ရေး သဘောတူညီချက်သစ် စတင်ခဲ့ချိန်က သဘောတူခဲ့ကြပြီး ဖြစ်တဲ့အတိုင်း ကဏ္ဍအများအပြားမှာ ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်ရေး လက်ရှိ ကြိုးပမ်းမှုတွေကို တိုးမြှင့်နိငင်မယ့် ပူးတွဲ ဆောင်ရွက်ချက်လို့လည်း သုံးနိုင်ငံက ပြောဆိုထားပါတယ်။

XS
SM
MD
LG