သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ပြဿနာ ICC မရောက်ခင် ညှိနှိုင်းဖြေရှင်းသင့်


Cox's Bazar ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသမီးများ
Cox's Bazar ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသမီးများ

ရိုဟင်ဂျာအကြပ်အတည်းမှာ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး အထိ ရောက်ဖို့ မလိုလားပဲ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ကို လုံလုံခြုံခြုံနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးနဲ့ နိုင်ငံသားဖြစ်ခွင့် ရရှိရေးကိုသာ အဓိက လိုလားကြောင်း အမေရိကန်အခြေစိုက် ရိုဟင်ဂျာအရေး ဦးဆောင်လှုပ်ရှားနေသူ ဒေါက်တာ Wakar Uddin က ဗွီအိုအေကိုပြောပါတယ်။

ကာလီဖိုးနီးယားပြည်နယ် Culver မြို့မှာ စနေနေ့က မြန်မာ-အမေရိကန် မွတ်စလင်အစည်းအရုံးက ဦးစီးပြီး ပြုလုပ်ခဲ့တဲ့ မြန်မာမှာ ဆက်ပြီးဖြစ်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဆိုတဲ့ ခေါင်းစဉ်နဲ့နိုင်ငံတကာဆွေးနွေးပွဲမှာ အဓိကပါဝင်ဆွေးနွေးခဲ့သူတဦးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု ရိုဟင်ဂျာ အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာ Wakar Uddin ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူက အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ သူက အခုလို စပြီး ပြောပါတယ်။

ဒေါက်တာ Wakar Uddin။ ။ အခုဒုက္ခသည်တွေ ပြန်သွားဖို့က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရက MOU Sign လုပ်ထားတာ ၇ လ၊ ၈ လလောက်ရှိသွားပါပြီ။ ဒါပေမယ့် အခုဒုက္ခသည်တွေက မပြန်နိုင်သေးဘူး ။ ဘာဖြစ်လို့ မပြန်နိုင်သေးတာလဲ ။ မြန်မာနိုင်ငံအစိုးရက သူတို့ပြန်သွားဖို့အတွက် အဆင်သင့် မဖြစ်သေးတာ ကျနော်တို့ တွေ့ပါတယ်လေ။ အဲဒီတော့ တခြားနိုင်ငံခြား diplomatic တွေက သွားပြီးတော့ ကြည့်တယ်။ အဲဒီလူတွေပြန်သွားနိုင်ဖို့က မြန်မာအစိုးရက ၄၄ resettlement လုပ်ထားတယ်။ ပြဿနာက အဲဒီ ၄၄ ခုဟာ သူတို့မူရင်း ရွာမှာမဟုတ်ပါဘူး ဝေးတယ်။ အဲဒီလူတွေက အဲဒီစခန်းမှာနေရင် သူတို့လယ်မြေတွေ၊ သူတို့ ဘာလုပ်စားမယ်ဆိုတာ ဒီ MOU ထဲမှာ အဲဒါမပါဘူး။ MOUမှာပါတာက ကိုယ့်ရွာကိုယ့်အိမ်ကို ပြန်မယ်ဆိုတဲ့ဟာ။ ပြီးတော့ မြန်မာအစိုးရ က UNHCR နဲ့ UNDP နဲ့ကို စာချုပ်ချုပ်ထားတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေပြန်သွားနိုင်ဖို့အတွက် resettlement သူတို့အခြေချဖို့အတွက် ပြောထားတယ် ဒါပေမယ့် အခုအထိ အကောင်အထည်မဖော်နိုင်သေးပါဘူး။ UNHCR နဲ့ UNDP က မောင်တောဘူးသီးတောင်ရွာတွေမှာ လေ့လာနေတယ်လို့ ကြားပါတယ်။

မအင်ကြင်းနိုင်။ ။ မြန်မာအစိုးရဘက်က ထောက်ပြနေတာကတော့ ဒုက္ခသည်တွေပြန်လာရေးအဆင်သင့်ဖြစ်နေတယ်၊ ပြင်ဆင်ထားတယ်ပေါ့နော်။ ဒါပေမယ် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ၂ နိုင်ငံ သဘောတူညီချက်အရ ဒုက္ခသည်တွေပြန်ပို့ရေးအစီအစဉ်မှာ သူတို့ပြောထားတဲ့ အချက်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဆောင်ရွက်မှုမရှိဘူးပေါ့နော်။ အဲဒီအခြေအနေပေါ်မှာရော ဘယ်လိုသုံးသပ်သလဲရှင့်။

ဒေါက်တာ Wakar Uddin။ ။ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကပြောတာက ဒီလူတွေပြန်သွားရင် ဘယ်ကိုပြန်မှာလဲ၊ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်းသွားတယ်၊ UNHCR ပြီးတော့ UKက နိုင်ငံခြားရေးဝန်ကြီး ဟိုမှာသွားပြီးတော့ မေးလာတယ်လေ ။ မေးတော့ သူတို့ ကိုယ်တိုင်ပြောတာက ဒီမှာအခြေအနေမရှိဘူး။ ရခိုင်မောင်တော ၊ ဘူးသီးတောင်မှာ ဒီလူတွေ ဒုက္ခသည်တွေပြန်လာနိုင်ဖို့အတွက် ဒီမှာအခြေအနေမရှိဘူးလို့ပြောတယ်လေ။

မအင်ကြင်းနိုင်။ ။ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကနေပြီးတော့ ရိုဟင်ဂျာတွေအပေါ် အတင်းအကျပ်မောင်းထုတ်ခဲ့တယ်ဆိုတဲ့ ကျူးလွန်မှုတွေအတွက်ကို သူတို့စတင်ပြီးတော့ စုံစမ်းတော့မယ်ပေါ့နော်။ အခုတကယ်ပဲ လက်တွေ့မှာ ICC အနေနဲ့ ဒီကိစ္စကို တကယ်ပဲ အရေးယူထိထိရောက်ရောက်ဆောင်ရွက်နိုင်မလား ဘာဖြစ်လို့လဲဆိုတော့ မြန်မာက Rome statute မှာလက်မှတ်ထိုးပါဝင်ထားခြင်းမရှိတဲ့အတွက် ဒေါက်တာ Wakar Uddin ဘယ်လိုသုံးသပ်သလဲရှင့်။

ဒေါက်တာ Wakar Uddin။ ။ ICC ကိစ္စကတော့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ ပတ်သက်လို့ သွားပါမယ်။ အဲဒီမှာ သူတို့ expert တွေရှိပါတယ်။ သူတို့မှာ Procedure နဲ့ ဘာလုပ်သင့်တယ် ၊ ဆက်လက်ပြီးတော့ သွားရမလား မသွားပဲနဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ အဲဒါကို International expert တွေက ဆုံးဖြတ်ရပါမယ်။ မြန်မာအစိုးရနဲ့ သူတို့ ပူးပေါင်းပြီးတော့ ဒီပြဿနာကို အဲဒီအထိမရောက်အောင်ကြိုးစားပြီးတော့ ဒီပြဿနာကို ဖြေရှင်းရင်မကောင်းဘူးလား။ ကျနော်တို့က International expert တွေICC အရာရှိတွေ ၊ International lawyers တွေကပြောပေမယ့် ကျနော်တို့က ဒီပြဿနာကို အဲဒီအထိမရောက်အောင် ၊ ရိုဟင်ဂျာလူမျိုးကို သူတို့ Rights တွေပေးလိုက်ဖို့အတွက် သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ ဒေသခံနိုင်ငံသားပေးလိုက်ရင် ဒီပြဿနာရှင်းနိုင်ပါတယ်။

မအင်ကြင်းနိုင်။ ။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါတဲ့အချက်တွေ နောက်သူတို့ တိုက်တွန်းထားတဲ့ အချက်တွေပေါ့နော် ကျူးလွန်မှုတွေက ပြင်းထန်လွန်းတဲ့အတွက် နိုင်ငံတကာ ဥပဒေ အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်တွေကို စုံစမ်းအရေးယူပြီး လုပ်ဖို့ ပြောလာတဲ့အပိုင်းတွေကို ဘယ်လိုမြင်သလဲရှင့်

ဒေါက်တာ Wakar Uddin။ ။ Crime Against Humanity ကို လုပ်တာဘယ်သူလဲ၊ ဘယ်သူက တာဝန်ရှိသလဲ ။ အဲဒါ အမိန်က အပေါ်ကလာတာလား ၊ ပြည်နယ်အဆင့်က လာတာလား၊ Local မြို့နယ် ခရိုင်အဆင့်ကလာတာလား ဆိုတာကို စုံစမ်းပြီးတော့ သင့်တော်သလိုလုပ်သွားရင်ကောင်းပါမယ်။ evidence ရှိပြီး အချက်အလက်ကို လေ့လာပြီးတော့ ဘာလုပ်သင့်တယ်ဆိုတာကို ပြောရပါမယ် အဲဒါကြောင့် အကောင်းဆုံးကျနော်ထင်တာကတော့ အဲဒီ ဒီပြဿနာတွေ အဲလောက်အထိမရောက်အောင် တားဆီးပြီးတော့ ပြဿနာကို မြန်မြန်ရှင်းလိုက်ဖို့ ၊ တပ်မတော်အတွက်လည်းကောင်းတယ်၊ မြန်မာနိုင်ငံအတွက်လည်းကောင်းတယ်၊ ဒီမိုကရေစီ အစိုးရအတွက်လည်းကောင်းတယ်၊ NLDအတွက်လည်းကောင်းတယ်၊

မအင်ကြင်းနိုင်။ ။ ဆိုလိုတာက ICC တိုဘာတို့နဲ့ မြန်မာစစ်ခေါင်းဆောင်တွေဘက်ကို အရေးယူကိုင်တွယ်ဖို့ဆိုတဲ့အနေအထားမှာ ရိုဟင်ဂျာတွေဘက်က သဘောမတူဘူးလား။ ဘယ်လိုမျိုးလဲရှင့်

ဒေါက်တာ Wakar Uddin။ ။ အဲဒါကတော့ ကွဲပါတယ်။ တချို့လူတွေ ရိုဟင်ဂျာတွေကတော့ ဆက်လက်လုပ်ဖို့ပြောပါတယ်။ အများစု ကျနော်သိသလောက်ကတော့ ဒီကိစ္စ အဲလလောက်အထိ ရောက်ရင်မကောင်းဘူးဆိုတာ သိပါတယ်။ သူတို့က သူတို့နေရာ၊ နိုင်ငံကို ပြန်သွားချင်ပါတယ်။ ကျနော်သူတို့နဲ့ စကားပြောသလောက် သူတို့က ပြန်သွားချင်ပါတယ်။ ပြန်ပြီးတော့ လူ့အခွင့်အရေးပြန်ရရင် ဒေသခံနိုင်ငံသားအဆင့်ကို ပြန်ရရင် ၊ သူတို့လုံခြုံရေးရှိရင် ရပါပြီ တခြားလုပ်စရာမလိုပါဘူး။ ဒီပြဿနာကို မြန်မာအစိုးရက ကောင်းကောင်းလေ့လာပြီးတော့ အမြန်ဖြေရှင်းသင့်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG