သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုတွေ တိုးလာနိုင်ကြောင်း ICG သတိပေး


နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးချုပ် (မတ် ၂၈၊ ၂၀၂၃)
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးချုပ် (မတ် ၂၈၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ စစ်ကောင်စီ စီစဉ်ကျင်းပမယ့် ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုတွေသာ တိုးလာစေနိုင်ပြီး ရွေးကောက်ပွဲ အကြောင်းပြ ဖိနှိပ်မှုတွေလည်း ပိုများ နိုင်တဲ့အကြောင်း နိုင်ငံတကာ ပဋိပက္ခလေ့လာရေး အဖွဲ့ကြီး ICG က သတိပေးထားပါတယ်။ ရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချလို့ မရသလို လက်ခံနိုင်စရာ မရှိတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲကို အကြောင်းပြပြီး ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကို ဖိနှိပ်ဖို့ စစ်ကောင်စီဘက်က တိုးလုပ်လာနိုင်တာကို A Road to Nowhere: The Myanmar Regime’s Stage Managed Elections ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစောင် ဒီနေ့ထုတ်ပြန်ထားတာပါ။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်တဲ့ အတိုက်အခံအဖွဲ့အစည်းတွေက ရွေးကောက်ပွဲကို လက်မခံတဲ့အကြောင်း ပြောဆိုပြီး ဖြစ်ပါတယ်။ တချို့နေရာတွေမှာ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုသူတွေ အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကိုလည်း ICG အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
လုံခြုံရေးအခြေအနေအရ လောလောဆယ် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ စစ်ကောင်စီဘက်က အတိအကျ ကြေညာတာ မရှိသေးပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ဖို့ ဉပဒေပြင်ဆင်သတ်မှတ်တာ၊ မဲစာရင်းအသစ် ကောက်ခံတာတွေ လုပ်နေပါတယ်။
အနောက်နိုင်ငံတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ ဩဇာသက်ရောက်မှုကို သုံးပြီး ရွေးကောက်ပွဲကို အတင်းအကြပ်အင်အားသုံး မကျင်းပအောင် စစ်ကောင်စီကို တောင်းဆိုဖို့နဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ဘူးဆိုတာကို ပြင်းပြင်းထန်ထန် အသိပေးအကြောင်းကြားဖို့ ICG အဖွဲ့က တိုက်တွန်းထားပါတယ်။ ရပ်ဆိုင်းထားဖို့ တောင်းဆိုသလို၊ တချိန်တည်းမှာ ရွေးကောက်ပွဲကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အတိုက်အခံအဖွဲ့တွေကိုလည်း ICG အစီရင်ခံစာက တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG