သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်တဲ့ အခြေအနေ မရှိသေး


ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွာေးရာက်ခဲ့တဲ့ ICRC ဥက္ကဌ Peter Maurer
ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွာေးရာက်ခဲ့တဲ့ ICRC ဥက္ကဌ Peter Maurer

ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး အတွက် ဆောင်ရွက်စရာ ကိစ္စ အများအပြား ရှိနေသေးကြောင်း နိုင်ငံတကာ ကြက်ခြေနီ အသင်း ICRC ဥက္ကဌ Peter Maurer က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ပြန်နိုင်တဲ့ အခြေအနေမျိုး မရှိသေးဘဲ ပြန်လည် လက်ခံရေး အတွက် ပြင်ဆင်မှု အများအပြားလိုအပ်နေသေးတယ်လို့ ယူဆတဲ့ အကြောင်းနဲ့ ပြန်လာမယ့်သူတွေကို လက်ခံမယ့် လူမှုအသိုင်းအဝိုင်းတွေ အတွင်းမှာလည်း ပြင်ဆင် ဆောင်ရွက်စရာတွေ ရှိနေသေးကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ့်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ဒီကနေ့ သွာေးရာက်ခဲ့တဲ့ ICRC ဥက္ကဌက အခုလို မှတ်ချက်ပေး ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံတွင်း မုတ်သုံမိုးကြောင့် ဒုက္ခသည် စခန်းတွေ အတွင်း စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးရေး လုပ်ငန်းတွေမှာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းတွေ အတွက် အခက်အခဲ ဖြစ်စေတယ်လို့လည်း ICRC အကြီးအကဲက ပြောဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံကို သုံးရက်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့ ICRC အကြီးအကဲက ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasian ၊ နောက် တခြား တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံမယ်လို့မျှော်လင့် ရပါတယ်။

အကြမ်းဖက်မှုတွေကနေ သိန်းနဲ့ချီတဲ့ လူတွေကို ပြန်လည် လက်ခံရေး မြန်မာ အစိုးရဘက်က မူအားဖြင့် သဘောတူထားပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို ဌာနေပြန်ရေး လုပ်ငန်းစဉ်ကလည်း ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည် မဖော်နိုင်သေးပါဘူး။ ရခိုင်ပြည်နယ်တွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ ပေးနေရုံတင် မဟုတ်ဘဲ လူထုအနေနဲ့ ရေရှည် ရပ်တည်နိုင်တဲ့ အခြေအနေမျိုး ဖြစ်လာအောင် ဆောင်ရွက်ပေးဖို့လည်း ICRC ဥက္ကဌ Peter Maurer က မြန်မာ ခရီးစဉ် အတွင်းမှာ တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာတော့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG