သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂ ႏွစ္ၾကာ လက္နက္ကိုင္ ပဋိပကၡႏွင့္ စစ္ေရွာင္ေတြရဲ႕ စားနပ္ရိကၡာ အခက္အခဲ


ကယားေဒသ စစ္ေဘးေရွာင္ျပည္သူမ်ား Kayah ကယား / ကရင္နီ

ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ၂ ႏွစ္ စစ္အာဏာသိမ္းၿပီးေနာက္ ျဖစ္ေပၚလာတဲ့ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ အသက္ေဘးလြတ္ေအာင္ ထြက္ေျပးေနရသူ သိန္းနဲ႔ခ်ီဟာ ခုခ်ိန္ထိ ေနရပ္မျပန္ႏိုင္ၾကေသးပါဘူး။ ႏွစ္နဲ႔ခ်ီၾကာ ေျပးေရွာင္ေနၾကတဲ့ တခ်ိဳ႕ စစ္ေျပးဒုကၡသည္ေတြဟာ ထမင္းေတာင္ ဝေအာင္မစားႏိုင္တဲ့အေျခအေနလို႔ ဒီးေမာ့ဆို စစ္ေရွာင္တဦးက VOA ကို ေျပာပါတယ္။ ကယားျပည္နယ္၊ ေဒသအေခၚ ကရင္နီျပည္နယ္နဲ႔ ခ်င္းျပည္နယ္က စစ္ေျပးဒုကၡသည္ေတြရဲ႕ စားေရးေသာက္ေရး အခက္အခဲ ပိုမိုျဖစ္လာတဲ့အေၾကာင္းသတင္းေပးပို႔ခ်က္ကို ေျပာျပပါမယ္။

ကယားျပည္နယ္၊ ေဒသအေခၚ ကရင္နီျပည္နယ္နဲ႔ ခ်င္းျပည္နယ္ စတဲ့ ေဒသအေတာ္မ်ားမ်ားမွာ စစ္ေကာင္စီရဲ႕ စစ္ေရးလႈပ္ရွားမႈေၾကာင့္ ေဒသခံေတြ အိမ္ျပန္ခြင့္မရတာ ၂ ႏွစ္နီးပါး ရွိလာၿပီျဖစ္လို႔ စားေရးေသာက္ေရးေတြလည္း ပိုမိုခက္ခဲလာၾကတယ္လို႔ စစ္ေျပးဒုကၡသည္ေတြက ေျပာဆိုၾကပါတယ္။

တခ်ိဳ႕ စစ္ေျပးဒုကၡသည္ေတြဟာ ထမင္းေတာင္ ဝေအာင္မစားႏိုင္တဲ့အေျခအေန ျဖစ္ေနတယ္လို႔ ကယားျပည္နယ္၊ ေဒသအေခၚ ကရင္နီျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ စစ္ေရွာင္တစ္ဦးက VOA ကို ခုလို ေျပာပါတယ္။

“ထမင္း ဟင္းေတြမွာလည္း အဲ့လိုမ်ိဳး ဟင္းေကာင္းေတြ မစားရတာမ်ိဳး၊ ဆီေတြ မလုံေလာက္တာမ်ိဳး အဲ့လိုမ်ိဳးေပါ့ေနာ္။ ေနာက္ ျဖစ္သလို စားရတယ္ဆိုေတာ့ ဟင္းကေတာ့ ဟင္းရွိတဲ့အခ်ိန္မ်ိဳးရွိတယ္၊ မရွိတဲ့ အခ်ိန္မ်ိဳးလည္း မရွိဘူးေပါ့ေနာ္။ တခ်ိဳ႕ေနရာဆိုရင္ ဘယ္ေလာက္ထိေတာင္ ခက္ခဲလဲဆိုရင္ အဲ့လိုမ်ိဳးေပါ့ ထမင္းေတာင္မွ ဝဝလင္းလင္း မစားရနဲ႔ အေနအထားမ်ိဳးထိ ရွိတယ္ဗ် ဟုတ္။ စားတာ က်န္းမာေရးနဲ႔ သိပ္မညီၫႊတ္ေတာ့ဘူးေပါ့ေနာ္။ ေနာက္ျပတ္လပ္မႈကေတာ့ တခ်ိဳ႕နည္းေတြဖက္မွာေတာ့ အခုဆိုရင္ ကုန္စည္ေဈးႏႈန္းေတြ ေတာ္ေတာ္ေလ ျမင့္တက္ေနမ်ိဳးရွိတယ္ဗ်ဟုတ္ အဲ့လိုေနရာေတြက်ေတာ့ စစ္ေရွာင္ေတြအေနနဲ႔ ေတာ္ေတာ္ခက္ခဲေနတာမ်ိဳး ရွိတယ္ဗ်။”

ဖ႐ူဆိုၿမိဳ႕နယ္ အနာက္ျခမ္း စစ္ေရွာင္တစ္ဦးက ႏိုင္ငံတကာအဖြဲ႕အစည္းေတြဆီက ဆန္၊ ဆီ၊ ဆား၊ ကုလားပဲ စတဲ့ အကူအညီေတြ တခါတေလ ရေပမယ့္ လုံေလာက္မႈေတာ့ မရွိဘူးလို႔ ဖ႐ူဆို စစ္ေရွာင္တစ္ဦးက ေျပာပါတယ္။

“စားဝတ္ေနေရးက ဒီဖက္မွာေတာ့ သိပ္အဆင္မေျပဘူးေပါ့ေနာ္။ အကူအညီေတာ့ တခ်ိဳ႕ေတာ့ ေရာက္လာၾကပါတယ္ အနည္းအက်ဥ္းေတြေပါ့ေနာ္။ ဆန္၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးေျခာက္ေတြေရာ စုံေတာ့စုံပါတယ္။ (စားနပ္ရိကၡာ)လုံေလာက္မႈေတာ့ ဘယ္ရွိပါ့မလဲ။ ဒီေတာေတာင္မွာဆိုေတာ့ လမ္းပန္းဆက္သြယ္ေရးလည္း ခက္ခဲေနတာေလ လုံလုံေလာက္ေလာက္ေတာ့ မေရာက္လာႏိုင္ၾကဘူးေပါ့ေနာ္။ ၾကာလာေတာ့လည္း အကူအညီေတြက နည္းနည္း နည္းလာၾကတာေပါ့။”

အလာတူ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ အသက္ေဘးလြတ္ေအာင္ ခ်င္းျပည္နယ္၊ ကန္ပက္လက္ၿမိဳ႕နယ္ကေန အိမ္နီးခ်င္း ၿမိဳ႕နယ္ျဖစ္တဲ့ မေကြးတိုင္း ေဆာၿမိဳ႕နယ္ဘက္ကို ထြက္ေျပးလာသူတစ္ဦးက စားနပ္ရိကၡာအကူအညီေတြ ပိုမိုလိုအပ္ေနတယ္လို႔ ေျပာပါတယ္

“အဓိကေတာ့ ရိကၡာေပါ့ေနာ္(လိုအပ္တာ) ကိုယ့္ေနရာမဟုတ္ဘဲ သူမ်ားေနရာမွာ ေနရတယ္ဆိုေတာ့ အဓိက ရိကၡာလိုအပ္တယ္။ စားတာေသာက္တာကေတာ့ ပုံမွန္ေတာ့ စားတာ စားတာပဲ။ လုံလုံေလာက္ေလာက္ေတာ့ ရွိတာမဟုတ္ဘူး။ တခါတေလ ဆန္ရယ္ ဆီ ဆားရယ္ တခါတေလ ေရာက္လာတယ္ ပုံမွန္မဟုတ္ဘူး တခါတေလပဲ။”

ျမန္မာႏိုင္ငံတဝန္း စာနာမႈဆိုင္ရာ အကူအညီလိုအပ္ေနသူအေရအတြက္ ထပ္တိုးလာေနၿပီး အကူအညီေပးသူေတြဟာလည္း ပိုမို ခက္ခဲတဲ့အေျခအေနနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔ ေနထိုင္ေနၾကရတယ္လို႔ UNOCHA လို႔ေခၚတဲ့ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာေပါင္းစပ္ ညႇိႏႈိင္းေရးမႉး႐ုံးက မတ္လ ၄ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံတဝန္း ျပည္နယ္နဲ႔ တိုင္းေဒသႀကီးအေတာ္မ်ားမ်ားက ၿမိဳ႕နယ္ေပါင္း ၄၇ ၿမိဳ႕နယ္မွာ မာရွယ္ေလာ (စစ္အုပ္ခ်ဳပ္ေရး) ထုတ္ျပန္ထားတာကလည္း ကူညီ ေထာက္ပံ့ေရးလုပ္ငန္းေတြကို ပိုၿပီး အခက္အခဲျဖစ္ေစပါတယ္။ အခုႏွစ္ ပထမ ၂ လအတြင္းမွာတင္ လူေပါင္း ၁၅၄,၀၀၀ နီးပါး ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ၾကရၿပီး ေတာတြင္းက မေရရာတဲ့ ယာယီစခန္းေတြမွာ ေနၾကရတယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ့ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလကစလို႔ အခုခ်ိန္ထိ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရသူေပါင္း ၁.၃ သန္းရွိလာၿပီး အရင္ ရွိထားတဲ့ ေနရပ္စြန႔္ခြာသူေတြနဲ႔ေပါင္းလိုက္ရင္ ၁.၆ သန္းရွိသြားၿပီလို႔ ကုလသမဂၢ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ေနရာေဒသအေတာ္မ်ားမ်ားမွာ တိုက္ပြဲေတြျဖစ္ေနတာကလည္း ေနရပ္စြန႔္ခြာထြက္ေျပးၾကသူေတြအတြက္ အသက္အႏၲရာယ္စိုးရိမ္ရတဲ့အျပင္ စာနာမႈအကူအညီေပးေရး ကိစၥေတြကိုပါ အဟန႔္အတားျဖစ္ေစတယ္လို႔ UNOCHA ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

{Unicode}

၂ နှစ်ကြာ လက်နက်ကိုင် ပဋိပက္ခနှင့် စစ်ရှောင်တွေရဲ့ စားနပ်ရိက္ခာ အခက်အခဲ

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အသက်ဘေးလွတ်အောင် ထွက်ပြေးနေရသူ သိန်းနဲ့ချီဟာ ခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။ နှစ်နဲ့ချီကြာ ပြေးရှောင်နေကြတဲ့ တချို့ စစ်ပြေးဒုက္ခသည်တွေဟာ ထမင်းတောင် ဝအောင်မစားနိုင်တဲ့အခြေအနေလို့ ဒီးမော့ဆို စစ်ရှောင်တဦးက VOA ကို ပြောပါတယ်။ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ်နဲ့ ချင်းပြည်နယ်က စစ်ပြေးဒုက္ခသည်တွေရဲ့ စားရေးသောက်ရေး အခက်အခဲ ပိုမိုဖြစ်လာတဲ့အကြောင်းသတင်းပေးပို့ချက်ကို ပြောပြပါမယ်။

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ်နဲ့ ချင်းပြည်နယ် စတဲ့ ဒေသအတော်များများမှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံတွေ အိမ်ပြန်ခွင့်မရတာ ၂ နှစ်နီးပါး ရှိလာပြီဖြစ်လို့ စားရေးသောက်ရေးတွေလည်း ပိုမိုခက်ခဲလာကြတယ်လို့ စစ်ပြေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

တချို့ စစ်ပြေးဒုက္ခသည်တွေဟာ ထမင်းတောင် ဝအောင်မစားနိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စစ်ရှောင်တစ်ဦးက VOA ကို ခုလို ပြောပါတယ်။

“ထမင်း ဟင်းတွေမှာလည်း အဲ့လိုမျိုး ဟင်းကောင်းတွေ မစားရတာမျိုး၊ ဆီတွေ မလုံလောက်တာမျိုး အဲ့လိုမျိုးပေါ့နော်။ နောက် ဖြစ်သလို စားရတယ်ဆိုတော့ ဟင်းကတော့ ဟင်းရှိတဲ့အချိန်မျိုးရှိတယ်၊ မရှိတဲ့ အချိန်မျိုးလည်း မရှိဘူးပေါ့နော်။ တချို့နေရာဆိုရင် ဘယ်လောက်ထိတောင် ခက်ခဲလဲဆိုရင် အဲ့လိုမျိုးပေါ့ ထမင်းတောင်မှ ဝဝလင်းလင်း မစားရနဲ့ အနေအထားမျိုးထိ ရှိတယ်ဗျ ဟုတ်။ စားတာ ကျန်းမာရေးနဲ့ သိပ်မညီညွှတ်တော့ဘူးပေါ့နော်။ နောက်ပြတ်လပ်မှုကတော့ တချို့နည်းတွေဖက်မှာတော့ အခုဆိုရင် ကုန်စည်ဈေးနှုန်းတွေ တော်တော်လေ မြင့်တက်နေမျိုးရှိတယ်ဗျဟုတ် အဲ့လိုနေရာတွေကျတော့ စစ်ရှောင်တွေအနေနဲ့ တော်တော်ခက်ခဲနေတာမျိုး ရှိတယ်ဗျ။”

ဖရူဆိုမြို့နယ် အနာက်ခြမ်း စစ်ရှောင်တစ်ဦးက နိုင်ငံတကာအဖွဲ့အစည်းတွေဆီက ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ စတဲ့ အကူအညီတွေ တခါတလေ ရပေမယ့် လုံလောက်မှုတော့ မရှိဘူးလို့ ဖရူဆို စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“စားဝတ်နေရေးက ဒီဖက်မှာတော့ သိပ်အဆင်မပြေဘူးပေါ့နော်။ အကူအညီတော့ တချို့တော့ ရောက်လာကြပါတယ် အနည်းအကျဉ်းတွေပေါ့နော်။ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးခြောက်တွေရော စုံတော့စုံပါတယ်။ (စားနပ်ရိက္ခာ)လုံလောက်မှုတော့ ဘယ်ရှိပါ့မလဲ။ ဒီတောတောင်မှာဆိုတော့ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲနေတာလေ လုံလုံလောက်လောက်တော့ မရောက်လာနိုင်ကြဘူးပေါ့နော်။ ကြာလာတော့လည်း အကူအညီတွေက နည်းနည်း နည်းလာကြတာပေါ့။”

အလာတူ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အသက်ဘေးလွတ်အောင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကနေ အိမ်နီးချင်း မြို့နယ်ဖြစ်တဲ့ မကွေးတိုင်း ဆောမြို့နယ်ဘက်ကို ထွက်ပြေးလာသူတစ်ဦးက စားနပ်ရိက္ခာအကူအညီတွေ ပိုမိုလိုအပ်နေတယ်လို့ ပြောပါတယ်

“အဓိကတော့ ရိက္ခာပေါ့နော်(လိုအပ်တာ) ကိုယ့်နေရာမဟုတ်ဘဲ သူများနေရာမှာ နေရတယ်ဆိုတော့ အဓိက ရိက္ခာလိုအပ်တယ်။ စားတာသောက်တာကတော့ ပုံမှန်တော့ စားတာ စားတာပဲ။ လုံလုံလောက်လောက်တော့ ရှိတာမဟုတ်ဘူး။ တခါတလေ ဆန်ရယ် ဆီ ဆားရယ် တခါတလေ ရောက်လာတယ် ပုံမှန်မဟုတ်ဘူး တခါတလေပဲ။”

မြန်မာနိုင်ငံတဝန်း စာနာမှုဆိုင်ရာ အကူအညီလိုအပ်နေသူအရေအတွက် ထပ်တိုးလာနေပြီး အကူအညီပေးသူတွေဟာလည်း ပိုမို ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့ နေထိုင်နေကြရတယ်လို့ UNOCHA လို့ခေါ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးမှူးရုံးက မတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ြပန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတဝန်း ပြည်နယ်နဲ့ တိုင်းဒေသကြီးအတော်များများက မြို့နယ်ပေါင်း ၄၇ မြို့နယ်မှာ မာရှယ်လော (စစ်အုပ်ချုပ်ရေး) ထုတ်ပြန်ထားတာကလည်း ကူညီ ထောက်ပံ့ရေးလုပ်ငန်းတွေကို ပိုပြီး အခက်အခဲဖြစ်စေပါတယ်။ အခုနှစ် ပထမ ၂ လအတွင်းမှာတင် လူပေါင်း ၁၅၄,၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး တောတွင်းက မရေရာတဲ့ ယာယီစခန်းတွေမှာ နေကြရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ အခုချိန်ထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁.၃ သန်းရှိလာပြီး အရင် ရှိထားတဲ့ နေရပ်စွန့်ခွာသူတွေနဲ့ပေါင်းလိုက်ရင် ၁.၆ သန်းရှိသွားပြီလို့ ကုလသမဂ္ဂ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နေရာဒေသအတော်များများမှာ တိုက်ပွဲတွေဖြစ်နေတာကလည်း နေရပ်စွန့်ခွာထွက်ပြေးကြသူတွေအတွက် အသက်အန္တရာယ်စိုးရိမ်ရတဲ့အပြင် စာနာမှုအကူအညီပေးရေး ကိစ္စတွေကိုပါ အဟန့်အတားဖြစ်စေတယ်လို့ UNOCHA ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG