သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလူ႔အခြင္႔အေရးခ်ိဳးေဖာက္မႈ အေထာက္အထား ႏိုင္ငံတကာတရားရံုးမ်ား မွာ IIMM တင္ျပမည္


(Zawgyi /Unicode)

ျမန္မာဆိုင္ရာ သီးျခား လြတ္လပ္တဲ႔ စံုစမ္းစစ္ေဆးေရး အဖြဲ႔ IIMM က စုေဆာင္းထားတဲ႔ ျမန္မာ့ ရာဇ၀တ္မႈ ဆိုင္ရာ သက္ေသ အေထာက္အထားေတြကို တရားရံုးေတြ၊ ခံုရံုးေတြမွာ အသံုးျပဳ တရားစီရင္ႏိုင္ေရး ေဆာင္ရြက္ေနပါတယ္။ စက္တင္ဘာလ ၁၃ ရက္ေန႔က ဂ်ီနီဗာ ကုလသမဂၢ ရံုးခ်ဳပ္မွာ က်င္းပတဲ႔ ၄၈ ႀကိမ္ေျမာက္ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ပံုမွန္ အစည္းအေ၀းတြင္းမွာ IIMM အဖြဲ႔ ေခါင္းေဆာင္က အခုလို ေျပာခဲ႔တာပါ။ မသိဂၤ ီထိုက္ စုစည္းတင္ျပေပးပါမယ္။

ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီက ၂၀၁၈ ခုႏွစ္ စက္တင္ဘာလမွာ ဖြဲ႔စည္းခဲ႔တဲ႔ IIMM ျမန္မာဆိုင္ရာ သီးျခား လြတ္လပ္တဲ႔ စံုစမ္းစစ္ေဆးေရး အဖြဲ႔က ျမန္မာႏိုင္ငံတြင္း ဆိုးရြားတဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ သက္ေသ အေထာက္အထားေတြကို စုစည္းေနတာ ျဖစ္ပါတယ္။ စုစည္းရယူထားၿပီးတဲ႔ သက္ေသ အေထာက္အထားေပါင္း ၂သိန္း ၂ ေသာင္းနီးပါး ရွိေနၿပီလို႔ ေျပာဆိုထားတဲ႔ IIMM အဖြဲ႔က ဒီသက္ေသေတြကို ကမ ၻာတ၀န္းက တရားရံုးေတြ၊ ခုံရံုးေတြမွာ အသံုးျပဳႏိုင္ေရး အတြက္ ႀကိဳးပမ္းေနေၾကာင္း အဖြဲေခါင္းေဆာင္ Nicholas Koumjian က လူ႔အခြင့္အေရးေကာင္စီမွာ ေျပာပါတယ္။

" က်ေနာ္တို႔ရဲ႕ သက္ေသ အေထာက္အထားေတြကို အသံုးျပဳႏိုင္ေရး အတြက္ ခံုရံုးေတြ၊ တရားရံုးေတြနဲ႔ က်ေနာ္တို႔ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ ပတ္သက္ရင္ေတာ့ က်ေနာ္တို႔ ေဆာင္ရြက္ေနတဲ႔ ကိစၥ တခုျဖစ္ပါတယ္။ ႏိုင္ငံတကာ ရာဇ၀တ္ တရားရံုး ICC ေရွ႕ေနတဲ႔ မနက္ျဖန္မွာ က်ေနာ္ေတြ႕ဆံုပါမယ္။ က်ေနာ္တို႔ ႀကိဳးပမ္း ေဆာင္ရြက္ထားမႈေတြကို တရားရံုးေတြနဲ႔ ခံုရံုးေတြမွာ အသံုးျပဳၿပီး ေနာက္ဆံုးမွာ တာ၀န္ရွိသူေတြကို အေရးယူႏိုင္ေရး အတြက္ ပူးေပါင္းေဆာင္ရြက္မႈက သိပ္ၿပီး အေရးႀကီးလွတယ္ဆိုတာကို က်ေနာ္တို႔ နားလည္ပါတယ္။ က်ေနာ္တို႔က တရားရံုးလည္း မဟုတ္၊ ခံုရံုးလည္း မဟုတ္ပါဘူး။ ဒါေၾကာင့္ အမႈဖြင့္ႏိုင္ေရးနဲ႔ တာ၀န္ရွိသူေတြကို အေရးယူႏိုင္ေရး အတြက္ တျခားသူေတြကို အားကိုးရမွာပါ။"

ျမန္မာႏိုင္ငံတြင္းက ဆိုးရြားလွတဲ႔ ရာဇ၀တ္မႈေတြမွာ တာ၀န္ရွိသူေတြကို တရားဥပေဒေၾကာင္းအရ စီရင္လိုတဲ႔ ကမ ၻာတလႊားက ခံုရံုးေတြ၊ တရားရံုးေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ႏိုင္ေရး IIMM ဘက္က လက္ေတြ႕ လုပ္ေနေၾကာင္းလည္း အဖြဲ႔ေခါင္းေဆာင္ Nicholas Koumjian က လူ႔အခြင့္အေရး ေကာင္စီမွာ ရွင္းျပခဲ႔ပါတယ္။

" ဥပမာ အားျဖင့္ အာဂ်င္တီးနားမွာ တရားဥပေဒေၾကာင္းအရ ေဆာင္ရြက္ေနတဲ႔ ကိစၥ တခု ရွိပါတယ္။ တရားရံုးရဲ႕ universal jurisdiction ႏိုင္ငံတကာ စီရင္ပိုင္ခြင့္ ျပဌာန္းခ်က္နဲ႔ ျမန္မာႏိုင္ငံတြင္းက ရာဇ၀တ္မႈေတြကို အာဂ်င္တီးနား အေနနဲ႔ စံုစမ္းစစ္ေဆးမလားဆိုတဲ႔ အမႈကို အယူခံရံုးကို တင္ထားပါတယ္။ က်ေနာ္တို႔ရဲ႕ လုပ္ပိုင္ခြင့္ကို ရွင္းျပဖို႔၊ ေနာက္ ျပစ္မႈေတြ အတြက္ တာ၀န္ရွိသူေတြကို တရားမွ်တစြာ အျပစ္ေပး စီရင္လိုတဲ႔ ခံုရံုးေတြ၊ တရားရံုးေတြနဲ႔ က်ေနာ္တို႔ရဲ႕ အခ်က္အလက္ေတြကို မွ်ေ၀ေရး လုပ္ပိုင္ခြင့္ကိုလည္း ရွင္းျပဖို႔ အတြက္ အာဂ်င္တီးနား အာဏာပိုင္ေတြကို ဆက္သြယ္ခဲ႔ပါတယ္။ အလားတူ အခြင့္အလမ္းမ်ိဳးေတြကိုလည္း က်ေနာ္တို႔ဘက္က ဆက္ၿပီး ရွာေဖြသြားမွာပါ။"

ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာမွာ စက္တင္ဘာလ ၁၃ ရက္ေန႔က စတင္တဲ႔ ၄၈ ႀကိမ္ေျမာက္ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီ ပံုမွန္ အစည္းအေ၀းမွာ IIMM ရဲ႕ တတိယေျမာက္ ျမန္မာဆိုင္ရာ အစီရင္ခံစာကိုလည္း တင္သြင္းခဲ႔ပါတယ္။ ျမန္မာႏိုင္ငံတြင္းက ဆိုးရြားလွတဲ႔ ရာဇ၀တ္မႈဆိုင္ရာ အေထာက္အထားေတြကို စုေဆာင္း ရယူေနတဲ႔ IIMM နဲ႔ ႏိုင္ငံတကာက ပူးေပါင္းေဆာင္ရြက္ဖို႔လည္း တိုက္တြန္းပါတယ္။ IIMM ကို သက္ေသ အေထာက္အထား ေပးပို႔သူေတြ၊ ေနာက္ သက္ေသ ျဖစ္လာႏိုင္သူေတြ ေဘးကင္းလံုျခံဳမႈ ရွိေစေရး ႏိုင္ငံတကာက ေဆာင္ရြက္ေပးၾကဖို႔ မစၥတာ Koumjian က တိုက္တြန္းပါတယ္။ အေရွ႕ေတာင္ အာရွ ေဒသတြင္း ႏိုင္ငံေတြနဲ႔လည္း ပူးေပါင္းေဆာင္ရြက္ႏိုင္ဖို႔ သူက ေမွ်ာ္လင့္ထားပါတယ္။

" က်ေနာ္တို႔ အဖြဲ႔ဟာ အာဆီယံရဲ႕ အခ်က္ ၅ ခ်က္ပါ အစီအစဥ္ ရည္မွန္းခ်က္ေတြနဲ႔လည္း အျပည့္အ၀ ကိုက္ညီမႈ ရွိပါတယ္။ အထူးသျဖင့္ အာဆီယံ အစီအစဥ္ထဲက ပထမဆံုး အခ်က္ ျဖစ္တဲ႔ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ ေလွ်ာ့ခ်ေရး ဆိုတဲ႔ ပထမဆံုး အခ်က္ပါ။ အဆိုးရြားဆံုးေသာ ႏိုင္ငံတကာ ရာဇ၀တ္မႈ အေထာက္အထားေတြကို က်ေနာ္တို႔ စုေဆာင္းဖို႔ ႀကိဳးစားေနပါတယ္၊ ဒီသက္ေသ အေထာက္အထားေတြကို အေသအခ်ာ စုစည္းရယူၿပီး ျပစ္မႈက်ဴးလြန္သူေတြ၊ ေနာက္ ျပစ္မႈ က်ဴးလြန္ဖို႔ အလားအလာ ရွိသူေတြကို သတင္းစကား ပါးဖို႔ ျဖစ္ပါတယ္။ သက္ေသ အေထာက္အထားေတြကို စုေဆာင္းရယူမႈဟာဆိုရင္ အာဆီယံက ေတာင္းဆိုထားတဲ႔ အၾကမ္းဖက္မႈေတြ အဆံုးသတ္ေရးဆိုတာနဲ႔ ကိုက္ညီမႈ ရွိပါတယ္။ ဒီကိစၥေတြ အားလံုး အတြက္ အာဆီယံ ႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔လည္း ေမွ်ာ္လင့္ပါတယ္။ "

IIMM ျမန္မာဆိုင္ရာ လြတ္လပ္တဲ႔ စံုစမ္းစစ္ေဆးေရး အဖြဲ႔ကို အပ္ႏွင္းထားတဲ႔ လုပ္ပိုင္ခြင့္ကေတာ့ ျမန္မာႏိုင္ငံတြင္းက အဆိုးရြားဆံုး ႏိုင္ငံတကာ ျပစ္မႈႀကီးေတြ၊ ေနာက္ ႏိုင္ငံတကာ ဥပေဒ ခ်ိဳးေဖာက္မႈ သက္ေသ အေထာက္အထားေတြကို စုစည္းၿပီး ရာဇ၀တ္မႈဆိုင္ရာ တရားစီရင္ေရး အတြက္ အမႈ ျပင္ဆင္ဖို႔ ျဖစ္ပါတယ္။ ျမန္မာဆိုင္ရာ လြတ္လပ္တဲ႔ စံုစမ္းစစ္ေဆးေရး အဖြဲ႔ကို အေမရိကန္ က အခိုင္အမာ ေထာက္ခံေၾကာင္းလည္း လူ႔အခြင့္အေရး ေကာင္စီ အစည္းအေ၀းမွာ အေမရိကန္က ေျပာဆိုခဲ႔ပါတယ္။

" ျမန္မာဆိုင္ရာ လြတ္လပ္တဲ႔ စံုစမ္းစစ္ေဆးေရး ယႏၲရားကို အေမရိကန္ ျပည္ေထာင္စုက အခိုင္အမာ ေထာက္ခံပါတယ္။ IIMM ရဲ႕ စံုစမ္းစစ္ေဆး ေဆာင္ရြက္မႈေတြမွာ တိုးတက္မႈေတြ ရွိတဲ႔ အတြက္လည္း ခ်ီးက်ဴးပါတယ္။ ျမန္မာျပည္သူေတြ ေမွ်ာ္မွန္းတဲ႔ အတိုင္း လူ႔အခြင့္အေရးကို ေလးစားလိုက္နာၿပီး ၿငိမ္းခ်မ္း၊ ႂကြယ္၀တဲ႔ ဒီမိုကရက္တစ္ ႏိုင္ငံျဖစ္ေရး အတြက္ ရက္စက္ၾကမ္းၾကဳတ္မႈေတြ ထပ္ၿပီး ျဖစ္မလာေအာင္ ကာကြယ္ေရး၊ ေဘးဒဏ္သင့္ခံရသူေတြရဲ႕ လိုအပ္ခ်က္ေတြကို ေျဖရွင္းေပးေရး၊ ျပစ္မႈေတြ အတြက္ တာ၀န္ရွိသူေတြကို အေရးယူ အျပစ္ေပးႏိုင္ေရး အေရးႀကီးပါတယ္။ "

ျမန္မာႏိုင္ငံတြင္းမွာ လက္ရွိ ျဖစ္ေနတဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ ဆိုင္ရာ ယံုၾကည္လက္ခံႏိုင္ဖြယ္ရွိတဲ႔ ယံုၾကည္စိတ္ခ်ရတဲ႔ အစီရင္ခံခ်က္ေတြ အားလံုးနဲ႔ ပတ္သက္ၿပီး ျမန္မာ အပါအ၀င္ ျမန္မာရဲ႕ အိမ္နီးခ်င္းႏိုင္ငံေတြ၊ ကုလသမဂၢ အဖြဲ႔၀င္ ႏိုင္ငံအားလံုးက ပူးေပါင္းေဆာင္ရြက္ၾကဖို႔လည္း အေမရိကန္က တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထား နိုင်ငံတကာတရားရုံးများ မှာ IIMM တင်ပြမည်

မြန်မာဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ IIMM က စုဆောင်းထားတဲ့ မြန်မာ့ ရာဇဝတ်မှု ဆိုင်ရာ သက်သေ အထောက်အထားတွေကို တရားရုံးတွေ၊ ခုံရုံးတွေမှာ အသုံးပြု တရားစီရင်နိုင်ရေး ဆောင်ရွက်နေပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့က ဂျီနီဗာ ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပတဲ့ ၄၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန် အစည်းအဝေးတွင်းမှာ IIMM အဖွဲ့ ခေါင်းဆောင်က အခုလို ပြောခဲ့တာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ဖွဲ့စည်းခဲ့တဲ့ IIMM မြန်မာဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့က မြန်မာနိုင်ငံတွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု သက်သေ အထောက်အထားတွေကို စုစည်းနေတာ ဖြစ်ပါတယ်။ စုစည်းရယူထားပြီးတဲ့ သက်သေ အထောက်အထားပေါင်း ၂သိန်း ၂ သောင်းနီးပါး ရှိနေပြီလို့ ပြောဆိုထားတဲ့ IIMM အဖွဲ့က ဒီသက်သေတွေကို ကမ ္ဘာတဝန်းက တရားရုံးတွေ၊ ခုံရုံးတွေမှာ အသုံးပြုနိုင်ရေး အတွက် ကြိုးပမ်းနေကြောင်း အဖွဲခေါင်းဆောင် Nicholas Koumjian က လူ့အခွင့်အရေးကောင်စီမှာ ပြောပါတယ်။

" ကျနော်တို့ရဲ့ သက်သေ အထောက်အထားတွေကို အသုံးပြုနိုင်ရေး အတွက် ခုံရုံးတွေ၊ တရားရုံးတွေနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ ဆောင်ရွက်နေတဲ့ ကိစ္စ တခုဖြစ်ပါတယ်။ နိုင်ငံတကာ ရာဇဝတ် တရားရုံး ICC ရှေ့နေတဲ့ မနက်ဖြန်မှာ ကျနော်တွေ့ဆုံပါမယ်။ ကျနော်တို့ ကြိုးပမ်း ဆောင်ရွက်ထားမှုတွေကို တရားရုံးတွေနဲ့ ခုံရုံးတွေမှာ အသုံးပြုပြီး နောက်ဆုံးမှာ တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုက သိပ်ပြီး အရေးကြီးလှတယ်ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့က တရားရုံးလည်း မဟုတ်၊ ခုံရုံးလည်း မဟုတ်ပါဘူး။ ဒါကြောင့် အမှုဖွင့်နိုင်ရေးနဲ့ တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး အတွက် တခြားသူတွေကို အားကိုးရမှာပါ။"

မြန်မာနိုင်ငံတွင်းက ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေမှာ တာဝန်ရှိသူတွေကို တရားဥပဒေကြောင်းအရ စီရင်လိုတဲ့ ကမ ္ဘာတလွှားက ခုံရုံးတွေ၊ တရားရုံးတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေး IIMM ဘက်က လက်တွေ့ လုပ်နေကြောင်းလည်း အဖွဲ့ခေါင်းဆောင် Nicholas Koumjian က လူ့အခွင့်အရေး ကောင်စီမှာ ရှင်းပြခဲ့ပါတယ်။

" ဥပမာ အားဖြင့် အာဂျင်တီးနားမှာ တရားဥပဒေကြောင်းအရ ဆောင်ရွက်နေတဲ့ ကိစ္စ တခု ရှိပါတယ်။ တရားရုံးရဲ့ universal jurisdiction နိုင်ငံတကာ စီရင်ပိုင်ခွင့် ပြဌာန်းချက်နဲ့ မြန်မာနိုင်ငံတွင်းက ရာဇဝတ်မှုတွေကို အာဂျင်တီးနား အနေနဲ့ စုံစမ်းစစ်ဆေးမလားဆိုတဲ့ အမှုကို အယူခံရုံးကို တင်ထားပါတယ်။ ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်ကို ရှင်းပြဖို့၊ နောက် ပြစ်မှုတွေ အတွက် တာဝန်ရှိသူတွေကို တရားမျှတစွာ အပြစ်ပေး စီရင်လိုတဲ့ ခုံရုံးတွေ၊ တရားရုံးတွေနဲ့ ကျနော်တို့ရဲ့ အချက်အလက်တွေကို မျှဝေရေး လုပ်ပိုင်ခွင့်ကိုလည်း ရှင်းပြဖို့ အတွက် အာဂျင်တီးနား အာဏာပိုင်တွေကို ဆက်သွယ်ခဲ့ပါတယ်။ အလားတူ အခွင့်အလမ်းမျိုးတွေကိုလည်း ကျနော်တို့ဘက်က ဆက်ပြီး ရှာဖွေသွားမှာပါ။"

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ စက်တင်ဘာလ ၁၃ ရက်နေ့က စတင်တဲ့ ၄၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ပုံမှန် အစည်းအဝေးမှာ IIMM ရဲ့ တတိယမြောက် မြန်မာဆိုင်ရာ အစီရင်ခံစာကိုလည်း တင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းက ဆိုးရွားလှတဲ့ ရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေကို စုဆောင်း ရယူနေတဲ့ IIMM နဲ့ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ်။ IIMM ကို သက်သေ အထောက်အထား ပေးပို့သူတွေ၊ နောက် သက်သေ ဖြစ်လာနိုင်သူတွေ ဘေးကင်းလုံခြုံမှု ရှိစေရေး နိုင်ငံတကာက ဆောင်ရွက်ပေးကြဖို့ မစ္စတာ Koumjian က တိုက်တွန်းပါတယ်။ အရှေ့တောင် အာရှ ဒေသတွင်း နိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သူက မျှော်လင့်ထားပါတယ်။

" ကျနော်တို့ အဖွဲ့ဟာ အာဆီယံရဲ့ အချက် ၅ ချက်ပါ အစီအစဉ် ရည်မှန်းချက်တွေနဲ့လည်း အပြည့်အ၀ ကိုက်ညီမှု ရှိပါတယ်။ အထူးသဖြင့် အာဆီယံ အစီအစဉ်ထဲက ပထမဆုံး အချက် ဖြစ်တဲ့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ လျှော့ချရေး ဆိုတဲ့ ပထမဆုံး အချက်ပါ။ အဆိုးရွားဆုံးသော နိုင်ငံတကာ ရာဇဝတ်မှု အထောက်အထားတွေကို ကျနော်တို့ စုဆောင်းဖို့ ကြိုးစားနေပါတယ်၊ ဒီသက်သေ အထောက်အထားတွေကို အသေအချာ စုစည်းရယူပြီး ပြစ်မှုကျူးလွန်သူတွေ၊ နောက် ပြစ်မှု ကျူးလွန်ဖို့ အလားအလာ ရှိသူတွေကို သတင်းစကား ပါးဖို့ ဖြစ်ပါတယ်။ သက်သေ အထောက်အထားတွေကို စုဆောင်းရယူမှုဟာဆိုရင် အာဆီယံက တောင်းဆိုထားတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးဆိုတာနဲ့ ကိုက်ညီမှု ရှိပါတယ်။ ဒီကိစ္စတွေ အားလုံး အတွက် အာဆီယံ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း မျှော်လင့်ပါတယ်။ "

IIMM မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကတော့ မြန်မာနိုင်ငံတွင်းက အဆိုးရွားဆုံး နိုင်ငံတကာ ပြစ်မှုကြီးတွေ၊ နောက် နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှု သက်သေ အထောက်အထားတွေကို စုစည်းပြီး ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေး အတွက် အမှု ပြင်ဆင်ဖို့ ဖြစ်ပါတယ်။ မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို အမေရိကန် က အခိုင်အမာ ထောက်ခံကြောင်းလည်း လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ အမေရိကန်က ပြောဆိုခဲ့ပါတယ်။

" မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရားကို အမေရိကန် ပြည်ထောင်စုက အခိုင်အမာ ထောက်ခံပါတယ်။ IIMM ရဲ့ စုံစမ်းစစ်ဆေး ဆောင်ရွက်မှုတွေမှာ တိုးတက်မှုတွေ ရှိတဲ့ အတွက်လည်း ချီးကျူးပါတယ်။ မြန်မာပြည်သူတွေ မျှော်မှန်းတဲ့ အတိုင်း လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ငြိမ်းချမ်း၊ ကြွယ်ဝတဲ့ ဒီမိုကရက်တစ် နိုင်ငံဖြစ်ရေး အတွက် ရက်စက်ကြမ်းကြုတ်မှုတွေ ထပ်ပြီး ဖြစ်မလာအောင် ကာကွယ်ရေး၊ ဘေးဒဏ်သင့်ခံရသူတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းပေးရေး၊ ပြစ်မှုတွေ အတွက် တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးနိုင်ရေး အရေးကြီးပါတယ်။ "

မြန်မာနိုင်ငံတွင်းမှာ လက်ရှိ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ ယုံကြည်လက်ခံနိုင်ဖွယ်ရှိတဲ့ ယုံကြည်စိတ်ချရတဲ့ အစီရင်ခံချက်တွေ အားလုံးနဲ့ ပတ်သက်ပြီး မြန်မာ အပါအဝင် မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အမေရိကန်က တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG