သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီကိုယ္စားလွယ္ ILO ညီလာခံတက္ခြင့္မရ


ILO-ကမာၻ႔အလုပ္သမားအဖြဲ႕ခ်ဳပ္ ILO ရဲ႕ ၁၀၉ႀကိမ္ေျမာက္အေထြေထြညီလာခံ

(Zawgyi/Unicode)

လက္ရွိက်င္းပေနတဲ့ ကမာၻ႔အလုပ္သမားအဖြဲ႕ခ်ဳပ္ ILO ရဲ႕ ၁၀၉ႀကိမ္ေျမာက္အေထြေထြညီလာခံမွာ စစ္ေကာင္စီကေန တင္သြင္းတဲ့ ျမန္မာႏိုင္ငံကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္အသစ္ တက္ေရာက္ခြင့္မရပါဘူး။ ျမန္မာစစ္ေကာင္စီဘက္ကေရာ NUG အမ်ိဳးသားညီၫႊတ္ေရးအစိုးရဘက္ကပါ သူတို႔ကိုယ္စားလွယ္ကို လက္ခံဖို႔ တင္ျပခဲ့ေပမယ့္ ILO ဘက္က ဘယ္သူ႔ကို လက္ခံရမလဲဆိုတဲ့ လုပ္ပိုင္ခြင့္အာဏာမရွိတာေၾကာင့္ ဒီကိစၥကို ILO ရဲ႕တရားေရးအႀကံေပးေတြက Credential Committee ကိုလႊဲေျပာင္းခဲ့တယ္လို႔ လည္း ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ေပၚေပါက္ေနတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈဆိုင္ရာ အေျခအေနအရပ္ရပ္ကို ဆန္းစစ္သုံးသပ္ၿပီးမွ အစိုးရတရပ္ရဲ႕ အရည္အခ်င္းေတြနဲ႔ ျပည့္စုံမႈရွိမရွိ စိစစ္တဲ့ Credential Committee က ခုလို အဆုံးအျဖတ္ေပးခဲ့တာပါ။ ဒါေပမယ့္လည္း ျမန္မာႏိုင္ငံဆိုင္ရာ ကိုယ္စားျပဳမႈ ကိစၥနဲ႔ပတ္သက္လို႔ ညီလာခံ ဒုတိယပိုင္းျဖစ္တဲ့ ႏိုဝင္ဘာနဲ႔ဒီဇင္ဘာလထဲမွာ ျပန္လည္ စဥ္းစားတာမ်ိဳးလုပ္ေကာင္းလုပ္မယ္လို႔လည္း ILO ရဲ႕ ဇြန္လ ၄ ရက္ေန႔ ဆုံးျဖတ္ခ်က္မွာေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ (CTUM Myanmar) နဲ႔ အမ်ိဳးသားညီၫႊတ္ေရးအစိုးရ NUG ဘက္ကလည္း စစ္ေကာင္စီဘက္က တင္သြင္းတဲ့ ကိုယ္စားလွယ္ေတြလက္မခံဖို႔ ILO ကို အသီးသီး ကန႔္ကြက္စာတင္ထားၾကတာပါ။ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕ ၿပီးခဲ့တဲ့ အေထြေထြညီလာခံမွာလည္း ျမန္မာႏိုင္ငံတြင္း ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ ျမန္မာကိုယ္စားျပဳတက္ေရာက္ခြင့္မရခဲ့ပါဘူး။

......................................................................................

စစ်ကောင်စီကိုယ်စားလှယ် ILO ညီလာခံတက်ခွင့်မရ

(Unicode)

လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ၁၀၉ကြိမ်မြောက်အထွေထွေညီလာခံမှာ စစ်ကောင်စီကနေ တင်သွင်းတဲ့ မြန်မာနိုင်ငံကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အသစ် တက်ရောက်ခွင့်မရပါဘူး။ မြန်မာစစ်ကောင်စီဘက်ကရော NUG အမျိုးသားညီညွှတ်ရေးအစိုးရဘက်ကပါ သူတို့ကိုယ်စားလှယ်ကို လက်ခံဖို့ တင်ပြခဲ့ပေမယ့် ILO ဘက်က ဘယ်သူ့ကို လက်ခံရမလဲဆိုတဲ့ လုပ်ပိုင်ခွင့်အာဏာမရှိတာကြောင့် ဒီကိစ္စကို ILO ရဲ့တရားရေးအကြံပေးတွေက Credential Committee ကိုလွှဲပြောင်းခဲ့တယ်လို့ လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အခြေအနေအရပ်ရပ်ကို ဆန်းစစ်သုံးသပ်ပြီးမှ အစိုးရတရပ်ရဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံမှုရှိမရှိ စိစစ်တဲ့ Credential Committee က ခုလို အဆုံးအဖြတ်ပေးခဲ့တာပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားပြုမှု ကိစ္စနဲ့ပတ်သက်လို့ ညီလာခံ ဒုတိယပိုင်းဖြစ်တဲ့ နိုဝင်ဘာနဲ့ဒီဇင်ဘာလထဲမှာ ပြန်လည် စဉ်းစားတာမျိုးလုပ်ကောင်းလုပ်မယ်လို့လည်း ILO ရဲ့ ဇွန်လ ၄ ရက်နေ့ ဆုံးဖြတ်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM Myanmar) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဘက်ကလည်း စစ်ကောင်စီဘက်က တင်သွင်းတဲ့ ကိုယ်စားလှယ်တွေလက်မခံဖို့ ILO ကို အသီးသီး ကန့်ကွက်စာတင်ထားကြတာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ပြီးခဲ့တဲ့ အထွေထွေညီလာခံမှာလည်း မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာကိုယ်စားပြုတက်ရောက်ခွင့်မရခဲ့ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG