သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး ILO မှာ ဆွေးနွေးမည်


အထည်ချုပ်လုပ်သားများကိုတွေ့ရစဉ် (ယခင်ပုံဟောင်း)
အထည်ချုပ်လုပ်သားများကိုတွေ့ရစဉ် (ယခင်ပုံဟောင်း)

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ လာမယ့်လထဲ ဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တင်ပြဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေ ပြင်ဆင်နေကြပါတယ်။ ILO ဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက မျှော်လင့်နေကြတာပါ။
မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ပြထားပါတယ်။

အလုပ်သမားတွေ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းနိုင်ခွင့် အပါအဝင်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့ ပြဋ္ဌာန်းချက်တွေကို မြန်မာစစ်ကောင်စီနဲ့ အလုပ်ရှင်တွေ လိုက်နာရမယ့် ကိစ္စတွေကို နိုဝင်ဘာလ ၄ ရက် အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်မှာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ သြဂုတ်လ ၁ ရက်နေ့မှာပဲ အလုပ်သမားတွေရဲ့ တရက် အခြေခံလုပ်ခကို ကျပ် ၇,၈၀၀ကို တိုးမြှင့်သတ်မှတ်ထားပါတယ်။ တချိန်တည်းမှာပဲ လုပ်အားခေါင်းပုံဖြတ် အဓမ္မစေခိုင်းတဲ့ ကိစ္စတွေလည်း စက်မှုဇုံတွေမှာ တိုးလာတယ်လို့ အခြေခံ အလုပ်သမားသမဂ္ဂတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီလို အလုပ်သမားတွေအပေါ် ဖိနှိပ်မှုတွေ အဆုံးသတ်ရေး ILO အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ တောင်းဆိုသွားမယ်လို့လည်း ပြီးခဲ့တဲ့ဩဂုတ်လ ၂၉ရက်မှာ အလုပ်သမား တပ်ပေါင်းစုတွေက ပြောဆိုထားပါတယ်။

အစည်းအဝေးကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ မျှော်လင့်တယ်လို့လည်း မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ တွဲဖက်ဥက္ကဋ္ဌ မတင်တင်ဝေ ကအခုလိုပြောပါတယ်။

" ILO မှာဆွေးနွေးမဲ့အချက်တွေက Article 33 မှာ ILO ကလုပ်ဆောင်ရမဲ့ အချက်တွေကို အဓိကထားပြီး ဆွေးနွေးလိမ့်မယ်ပေါ့နော်။ ကျမကတော့ မြန်မာပြည်အတွက်ကို အကောင်းဆုံး ရလဒ်တွေ ရနိုင်ဖို့ မျှော်လင့်ပါတယ်။"

ဒီအစည်းအဝေးမှာ ILO ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်ကောင်စီရဲ့ ပျက်ကွက်မှုတွေကို အရေးယူနိုင်ဖို့လည်း ကြိုးပမ်းနေကြောင်း မြန်မာ့နွေဦး လုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝေမှူးသွင်က ပြောပါတယ်။

"အလုပ်သမားနဲ့ စစ်တပ်နဲ့ လုပ်ငန်းရှင်တွေကြားထဲမှာ ရှိတဲ့ ပဋိပက္ခတွေပေါ့။ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပဋိပက္ခတွေ ရှိပါတယ်။ ဒါတွေကို နိုင်ငံတကာက သိဖို့ပေါ့နော်၊ ကျနော်တို့ဆီကို အချက်အလက်တွေ case by case ပေါ့နော် ပေးပို့နိုင်ပါတယ်။ ဒါတွေကို ကျနော်တို့ case တခုချင်းစီ မှတ်တမ်းတင်ထားပါတယ်။ မှတ်တမ်းတွေကိုလည်း UN နဲ့ ILO ကို ကျနော်တို့က ပို့ဆောင်ပြီးတော့ ဒီဟာတွေကို မှတ်တမ်းတင်ထားတာ ရှိပါတယ်။ နောက်တခုက ILO constitution ရဲ့ Article 33 ပေါ့နော် ပုဒ်မ (၃၃) နဲ့ စစ်ကောင်စီကို အရေးယူဖို့ ကျနော်တို့ ကြိုးစား ဆောင်ရွက်နေတာတွေ ရှိပါတယ်။"

မြန်မာနိုင်ငံဟာ ILO အဖွဲ့မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်၊ လုပ်အား အဓမ္မစေခိုင်းမှု ပြဋ္ဌာန်းချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ILO ရဲ့စုံစမ်းစစ်ဆေးရေး အဖွဲ့က ၂၀၂၃၊ စက်တင်ဘာလ ၂၂ရက်မှာ အတည်ပြုထားပါတယ်။ ဒါကြောင့် ILOရဲ့ Article 33 ဥပဒေအရ စစ်ကောင်စီကို အလုံးစုံ ပိတ်ဆို့အရေးယူနိုင်ဖို့ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ILO ဆီကို စုပေါင်း တင်ပြထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး ILO မှာ ဆွေးနွေးမည်
please wait

No media source currently available

0:00 0:02:13 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG