သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ လူပုဂ္ဂိလ်လေးဦးနဲ့ လုပ်ငန်းနှစ်ခုကို ကန် ဒဏ်ခတ်စာရင်းထဲထည့်သွင်း


စစ်အာဏာသိမ်းမှု သုံးနှစ်မြောက် လူပုဂ္ဂိုလ်လေးဦးနဲ့ ကုမ္ပဏီ နှစ်ခုကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ်ကြောင်း ကြေညာချက်။ (Crd: state.gov)
စစ်အာဏာသိမ်းမှု သုံးနှစ်မြောက် လူပုဂ္ဂိုလ်လေးဦးနဲ့ ကုမ္ပဏီ နှစ်ခုကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ်ကြောင်း ကြေညာချက်။ (Crd: state.gov)

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ သုံးနှစ်မြောက်နေ့မှာပဲ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ဒဏ်ခတ်စာရင်း အသစ်ထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ်နဲ့နွယ်တဲ့ လူပုဂ္ဂိုလ်သုံးဦးနဲ့ လုပ်ငန်းကုမ္ပဏီနှစ်ခုကို အရေးယူဒဏ်ခတ်စာရင်းထဲ ထည့်သွင်းလိုက်တာပါ။

မြန်မာစစ်တပ်အတွက် စစ်နက်လက်ထုတ်လုပ်မှုတွေမှာ ပံ့ပိုးကူညီသူတွေကို ပစ်မှတ်ထားအရေးယူတာလို့ အမေရိကန်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အရေးယူခံရတဲ့ လုပ်ငန်းကုမ္ပဏီနှစ်ခုကတော့ ရွှေဗျိုင်းဖြူကုမ္ပဏီလုပ်ငန်းအုပ်စုနဲ့ မြန်မာ့ဦးပိုင်လီမီတက်က ပိုင်ဆိုင်တဲ့ မြန်မာကြယ်ငါးပွင့်ရေကြောင်း ကုမ္ပဏီတို့ဖြစ်ပြီး လူပုဂ္ဂိလ်လေးဦးကတော့ ရွှေဗျိုင်းဖြူလုပ်ငန်းအုပ်စု ပိုင်ရှင် ဦးသိန်းဝင်းဇော်၊ ဇနီးဖြစ်သူ ဒေါ်တင်မင်းလတ်၊ သမီးဖြစ်သူ သိမ့်ဝင်းထက်၊ သားဖြစ်သူ ဝင်းပိုင်ကျော်တို့ ဖြစ်ကြပါတယ်။ ရွှေဗျိုင်းဖြူနဲ့ ကြယ်ငါးပွင့်ကုမ္ပဏီတို့က ကနေဒါနိုင်ငံက မနှစ်ကတည်းက အရေးယူဒဏ်ခတ်စာရင်းထဲ ထည့်သွင်းတားတာပါ။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ပိုင်းကတည်းက အခုအချိန်အထိ မြန်မာလူထုကို အကြမ်းဖက်ဖိနှိပ်မှုတွေ ကျူးလွန်နေဆဲဖြစ်ပြီး အရပ်သား ရာနဲ့ချီ သေကျေခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ကျူးလွန်ခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်တပ်ဟာ နိုင်ငံတလွှားက အရပ်သားအိုးအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့်လည်း လူပေါင်း ၂.၆ သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ကြရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါကြောင့်လည်း အနာဂတ် မြန်မာနိုင်ငံအတွက် အဓိပ္ပါယ်ရှိပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးမှုရေး အခင်းအကျင်းတွေဖြစ်လာစေဖို့ မြန်မာစစ်တပ်အနေနဲ့ အပြောင်းအလဲတွေလုပ်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်းဆိုတယ်လို့ ဖော်ပြပါတယ်။

XS
SM
MD
LG