သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မႏၲေလးတိုင္းအတြင္း လုယက္၊ ဓါးျပတိုက္မႈေတြမ်ားလာ


မႏၲေလးၿမိဳ႕ (ယခင္ပုံေဟာင္း)၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္

မႏၲေလးတိုင္းထဲမွာ မေန႔က တစ္ရက္ထဲမွာတင္ ဓားျပတိုက္မႈ ၂ခု ျဖစ္ခဲ့ပါတယ္။ ဒီဓားျပမႈေတြဟာ ေန႔ဘက္အခ်ိန္မွာ ျဖစ္ခဲ့တာ ဆိုေပမယ့္ က်ဴးလြန္သူေတြကိုေတာ့ ဖမ္းဆီးရမိတာ မရွိေသးပါဘူး။ မႏၲေလးတိုင္းထဲက လုံၿခဳံေရးအေျခအေန ဘယ္လို ရွိေနပါသလဲ။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို အေျခခံၿပီး မျမသဇင္ေအာင္က ေျပာျပမွာပါ။

မႏၲေလးတိုင္း၊ ခ်မ္းေအးသာစံ ၿမိဳ႕နယ္မွာရွိတဲ့ ေဒၚေတာမုန႔္တီဆိုင္မွာ မတ္လ ၁၂ ရက္၊ မနက္ ၆ နာရီဝန္းက်င္တုန္းက ဓားျပတိုက္မႈ ျဖစ္ခဲ့ပါတယ္။ က်ဴးလြန္သူေတြဟာ အမ်ိဳးသား ၂ ဦးျဖစ္ၿပီးေတာ့ ေဒၚေတာမုန႔္တီဆိုင္က အမ်ိဳးသမီးတဦးကို ေသနတ္နဲ႔ၿခိမ္းေျခာက္ၿပီး လက္ဝတ္လက္စားေတြကို ယူေဆာင္သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မႏၲေလးမွာ ေန႔ခင္းအခ်ိန္ေတြမွာပါ ပစၥည္းလုယက္တာေတြက ခပ္စိပ္စိပ္ရွိလာေနၿပီး၊ လက္နက္ျပ ၿခိမ္းေျခာက္ၿပီး ဓားျပတိုက္တာေတြလည္း က်ဴးလြန္လာေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ကိုယ့္ရဲ႕လုံၿခဳံေရးကို ကိုယ္တိုင္ကသာ သတိထားေနရတဲ့ ကာလျဖစ္တယ္လို႔ မႏၲေလးၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

"ၿမိဳ႕တြင္းလုံၿခဳံေရးက အခုက ဆိုင္ကယ္ေတြနဲ႔ပါ ေပၚတင္လုယက္၊ ၿမိဳ႕လယ္ေခါင္တင္ လုယက္ေနတာဆိုေတာ့ ဘယ္လိုေျပာရမွန္းကို မသိေတာ့ဘူး။ အခုေလာေလာဆယ္က လုံၿခဳံေရးပိုင္းကေတာ့ အရမ္းလိုအပ္ေနတာေပါ့။ ေဒသခံေတြ အေနအထားကလည္း ေလာေလာဆယ္မွာ သြားသတိ၊ စားသတိ၊ အၿမဲတမ္း သတိဝီရိယနဲ႔ေတာ့ သြားလာေနထိုင္ ေနၾကရတာေပါ့။"

မႏၲေလးတိုင္း၊ အမရပူရ ၿမိဳ႕နယ္မွာလည္း မတ္လ ၁၂ ရက္၊ မေန႔တုန္းက ေန႔လည္ ၁၂ နာရီဝန္းက်င္မွာ ဓားျပတိုက္မႈ တခုျဖစ္ခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။ က်ဴးလြန္သူေတြဟာ အမ်ိဳးသား ၃ ဦးနဲ႔ အမ်ိဳးသမီး ၁ ဦးျဖစ္ၿပီးေတာ့ အိမ္ရွင္အဖြားရဲ႕ ေ႐ႊထည္ပစၥည္းေတြကို ၿခိမ္းေျခာက္ၿပီး ယူေဆာင္သြားတယ္လို႔ ေျပာပါတယ္။

မႏၲေလးတိုင္းထဲက ၿမိဳ႕နယ္ေတြမွာ စစ္ေကာင္စီဘက္က လုံၿခဳံေရးကားေတြ လွည့္လည္တာကို အခုရက္ပိုင္းထဲ ေတြ႕လာတယ္လို႔ ေဒသခံ ေနာက္တစ္ဦးကလည္း ေျပာပါတယ္။

"ဒီဘက္မွာ လုံၿခဳံေရးကေတာ့ နည္းနည္းေတာ့ တင္းၾကပ္ထားတာေပါ့။ ညကဆိုရင္ သီရိမႏၲလာ ကားႀကီးကြင္းမွာ ဧည့္စာရင္း စစ္တာေတြ ေတြ႕ရတယ္ဗ်။ ပိုၿပီးေတာ့ လုံၿခဳံေရးပိုင္းေတာ့ သူတို႔လုပ္ေနတာ ေတြ႕ရတယ္။ ကားေတြကေတာ့ အမ်ားဆုံး ပတ္တာေပါ့။ လုံၿခဳံေရးကားေတြ ပတ္လိုက္၊ ျပန္လာလိုက္နဲ႔ ႀကိဳ႕ၾကားေလးေတြ ေတြ႕ရတယ္ဗ်။"

မႏၲေလးတိုင္းထဲမွာ တျခားေဒသေတြလို ည ၁၂ နာရီကေန မနက္ ၄ နာရီအတြင္း ညမထြက္ရအမိန႔္ သတ္မွတ္ထားပါတယ္။

ျပည္နယ္နဲ႔ တိုင္း ၉ ခုက ၿမိဳ႕နယ္ေပါင္း ၄၇ ၿမိဳ႕နယ္မွာ Martial Law စစ္အုပ္ခ်ဳပ္ေရးအာဏာ သတ္မွတ္ထားေပမယ့္ အဲဒီထဲမွာ မႏၲေလးတိုင္းထဲက ၿမိဳ႕နယ္ေတြေတာ့ မပါဝင္ပါဘူး။ အာဏာသိမ္းကာလမွာ လက္နက္ကိုင္လုံၿခဳံေရး အဖြဲ႕ေတြအေပၚ ျပည္သူအမ်ားစုက အားကိုးမႈ ေလ်ာ့နည္းလာေနတဲ့ တခ်ိန္ထဲမွာပဲ လုယက္ ဒုစ႐ိုက္လုပ္သူေတြ ပိုၿပီး အတင့္ရဲလာတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

မန္တလေးတိုင်းအတွင်း လုယက်၊ ဓါးပြတိုက်မှုတွေများလာ

မန္တလေးတိုင်းထဲမှာ မနေ့က တစ်ရက်ထဲမှာတင် ဓားပြတိုက်မှု ၂ခု ဖြစ်ခဲ့ပါတယ်။ ဒီဓားပြမှုတွေဟာ နေ့ဘက်အချိန်မှာ ဖြစ်ခဲ့တာ ဆိုပေမယ့် ကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။ မန္တလေးတိုင်းထဲက လုံခြုံရေးအခြေအနေ ဘယ်လို ရှိနေပါသလဲ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မမြသဇင်အောင်က ပြောပြမှာပါ။

မန္တလေးတိုင်း၊ ချမ်းအေးသာစံ မြို့နယ်မှာရှိတဲ့ ဒေါ်တောမုန့်တီဆိုင်မှာ မတ်လ ၁၂ ရက်၊ မနက် ၆ နာရီဝန်းကျင်တုန်းက ဓားပြတိုက်မှု ဖြစ်ခဲ့ပါတယ်။ ကျူးလွန်သူတွေဟာ အမျိုးသား ၂ ဦးဖြစ်ပြီးတော့ ဒေါ်တောမုန့်တီဆိုင်က အမျိုးသမီးတဦးကို သေနတ်နဲ့ခြိမ်းခြောက်ပြီး လက်ဝတ်လက်စားတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမှာ နေ့ခင်းအချိန်တွေမှာပါ ပစ္စည်းလုယက်တာတွေက ခပ်စိပ်စိပ်ရှိလာနေပြီး၊ လက်နက်ပြ ခြိမ်းခြောက်ပြီး ဓားပြတိုက်တာတွေလည်း ကျူးလွန်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုယ့်ရဲ့လုံခြုံရေးကို ကိုယ်တိုင်ကသာ သတိထားနေရတဲ့ ကာလဖြစ်တယ်လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

"မြို့တွင်းလုံခြုံရေးက အခုက ဆိုင်ကယ်တွေနဲ့ပါ ပေါ်တင်လုယက်၊ မြို့လယ်ခေါင်တင် လုယက်နေတာဆိုတော့ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး။ အခုလောလောဆယ်က လုံခြုံရေးပိုင်းကတော့ အရမ်းလိုအပ်နေတာပေါ့။ ဒေသခံတွေ အနေအထားကလည်း လောလောဆယ်မှာ သွားသတိ၊ စားသတိ၊ အမြဲတမ်း သတိဝီရိယနဲ့တော့ သွားလာနေထိုင် နေကြရတာပေါ့။"

မန္တလေးတိုင်း၊ အမရပူရ မြို့နယ်မှာလည်း မတ်လ ၁၂ ရက်၊ မနေ့တုန်းက နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဓားပြတိုက်မှု တခုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကျူးလွန်သူတွေဟာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်ပြီးတော့ အိမ်ရှင်အဖွားရဲ့ ရွှေထည်ပစ္စည်းတွေကို ခြိမ်းခြောက်ပြီး ယူဆောင်သွားတယ်လို့ ပြောပါတယ်။

မန္တလေးတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီဘက်က လုံခြုံရေးကားတွေ လှည့်လည်တာကို အခုရက်ပိုင်းထဲ တွေ့လာတယ်လို့ ဒေသခံ နောက်တစ်ဦးကလည်း ပြောပါတယ်။

"ဒီဘက်မှာ လုံခြုံရေးကတော့ နည်းနည်းတော့ တင်းကြပ်ထားတာပေါ့။ ညကဆိုရင် သီရိမန္တလာ ကားကြီးကွင်းမှာ ဧည့်စာရင်း စစ်တာတွေ တွေ့ရတယ်ဗျ။ ပိုပြီးတော့ လုံခြုံရေးပိုင်းတော့ သူတို့လုပ်နေတာ တွေ့ရတယ်။ ကားတွေကတော့ အများဆုံး ပတ်တာပေါ့။ လုံခြုံရေးကားတွေ ပတ်လိုက်၊ ပြန်လာလိုက်နဲ့ ကြို့ကြားလေးတွေ တွေ့ရတယ်ဗျ။"

မန္တလေးတိုင်းထဲမှာ တခြားဒေသတွေလို ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် သတ်မှတ်ထားပါတယ်။

ပြည်နယ်နဲ့ တိုင်း ၉ ခုက မြို့နယ်ပေါင်း ၄၇ မြို့နယ်မှာ Martial Law စစ်အုပ်ချုပ်ရေးအာဏာ သတ်မှတ်ထားပေမယ့် အဲဒီထဲမှာ မန္တလေးတိုင်းထဲက မြို့နယ်တွေတော့ မပါဝင်ပါဘူး။ အာဏာသိမ်းကာလမှာ လက်နက်ကိုင်လုံခြုံရေး အဖွဲ့တွေအပေါ် ပြည်သူအများစုက အားကိုးမှု လျော့နည်းလာနေတဲ့ တချိန်ထဲမှာပဲ လုယက် ဒုစရိုက်လုပ်သူတွေ ပိုပြီး အတင့်ရဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG