သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မႏၲေလး အိုးဘိုေထာင္မွာ ႐ုန္းရင္းဆန္ခတ္ျဖစ္တဲ့ သတင္းထြက္ 


မႏၱေလး အိုးဘုိအက်ဥ္းေထာင္ (ဓာတ္ပံု- အိုးဘိုေထာင္ ဖဘ)

မႏၲေလး အိုးဘိုေထာင္မွာ အက်ဥ္းသားတခ်ဳိ႕က မေက်နပ္ခ်က္ေတြကို ေျဖရွင္းဖို႔ ေထာင္အာဏာပိုင္ေတြကို ေတာင္းဆိုရာက အဂၤါေန႔မွာ ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့ေၾကာင္း အက်ဥ္းေထာင္နဲ႔ နီးစပ္သူ အသိုင္းအဝိုင္းက ေျပာပါတယ္။ 

မႏၲေလး အိုးဘိုေထာင္မွာ ႐ုန္းရင္းဆန္ခတ္ျဖစ္တဲ့ သတင္းထြက္

{{Zawgyi/Unicode}}
မႏၲေလး အိုးဘိုေထာင္မွာ အက်ဥ္းသားတခ်ဳိ႕က မေက်နပ္ခ်က္ေတြကို ေျဖရွင္းဖို႔ ေထာင္အာဏာပိုင္ေတြကို ေတာင္းဆိုရာက အဂၤါေန႔မွာ ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့ေၾကာင္း အက်ဥ္းေထာင္နဲ႔ နီးစပ္သူ အသိုင္းအဝိုင္းက ေျပာပါတယ္။

မႏၲေလး၊ ေအာင္ေျမသာစံ အိုးဘိုေထာင္မွာ ေထာင္၀င္စာေပးပို႔တဲ့ ပစၥည္းထုတ္ မွားယြင္းမႈအတြက္ မေက်နပ္ရာက အက်ဥ္းသားေတြ ေထာင္အာဏာပိုင္ေတြကို ေတာင္းဆိုရာမွာ ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့တာလို႔လည္း ဆိုပါတယ္။ မွားယြင္းမႈအတြက္ ေျဖရွင္းေပးဖို႔ ေတာင္းဆိုသူေတြကို လူစုခဲြခိုင္းတာကို နားမေထာင္တာေၾကာင့္ အာဏာပိုင္ေတြက ႐ိုက္ႏွက္လူစုခဲြခဲ့ေၾကာင္းလည္း အက်ဥ္းေထာင္နဲ႔ နီးစပ္သူက ေျပာပါတယ္။

အဂၤါေန႔မွာပဲ အက်ဥ္းသားတဦးက တရားခြင္စစ္ေဆးမႈကို အယုံအၾကည္မရွိေၾကာင္း ျပသတဲ့အေနနဲ႔ ေက်ာေပးထိုင္ၿပီး ကန္႔ကြက္ခဲ့တာကို အာဏာပိုင္ေတြက ႐ိုက္ႏွက္ခဲ့ရာက ႐ုန္းရင္းဆန္ခတ္ ထပ္ျဖစ္ခဲ့တယ္လို႔လည္း ဆိုပါတယ္။ အဂၤါေန႔က အျဖစ္အပ်က္နဲ႔ ပတ္သက္လို႔ အတည္ျပဳႏိုင္ဖို႔ ေထာင္အာဏာပိုင္ေတြနဲ႔ စစ္ေကာင္စီ တာ၀န္ရွိသူေတြကို ဆက္သြယ္ေပမဲ့ မရခဲ့ပါဘူး။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလက စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံရသူ ေထာင္နဲ႔ခ်ီ ရွိေနၿပီး အက်ဥ္းေထာင္အတြင္း အခြင့္အေရး ခ်ဳိးေဖာက္ခံရတဲ့ သတင္းေတြလည္း မၾကာခဏ ထြက္ေပၚေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................

မန္တလေး အိုးဘိုထောင်မှာ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ သတင်းထွက်

{{Zawgyi/Unicode}}
မန္တလေး အိုးဘိုထောင်မှာ အကျဉ်းသားတချို့က မကျေနပ်ချက်တွေကို ဖြေရှင်းဖို့ ထောင်အာဏာပိုင်တွေကို တောင်းဆိုရာက အင်္ဂါနေ့မှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း အကျဉ်းထောင်နဲ့ နီးစပ်သူ အသိုင်းအဝိုင်းက ပြောပါတယ်။

မန္တလေး၊ အောင်မြေသာစံ အိုးဘိုထောင်မှာ ထောင်ဝင်စာပေးပို့တဲ့ ပစ္စည်းထုတ် မှားယွင်းမှုအတွက် မကျေနပ်ရာက အကျဉ်းသားတွေ ထောင်အာဏာပိုင်တွေကို တောင်းဆိုရာမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။ မှားယွင်းမှုအတွက် ဖြေရှင်းပေးဖို့ တောင်းဆိုသူတွေကို လူစုခွဲခိုင်းတာကို နားမထောင်တာကြောင့် အာဏာပိုင်တွေက ရိုက်နှက်လူစုခွဲခဲ့ကြောင်းလည်း အကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။

အင်္ဂါနေ့မှာပဲ အကျဉ်းသားတဦးက တရားခွင်စစ်ဆေးမှုကို အယုံအကြည်မရှိကြောင်း ပြသတဲ့အနေနဲ့ ကျောပေးထိုင်ပြီး ကန့်ကွက်ခဲ့တာကို အာဏာပိုင်တွေက ရိုက်နှက်ခဲ့ရာက ရုန်းရင်းဆန်ခတ် ထပ်ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အင်္ဂါနေ့က အဖြစ်အပျက်နဲ့ ပတ်သက်လို့ အတည်ပြုနိုင်ဖို့ ထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေကို ဆက်သွယ်ပေမဲ့ မရခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ ထောင်နဲ့ချီ ရှိနေပြီး အကျဉ်းထောင်အတွင်း အခွင့်အရေး ချိုးဖောက်ခံရတဲ့ သတင်းတွေလည်း မကြာခဏ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG