သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတမန်ရေးတင်းမာမှုကြား ကနေဒါနိုင်ငံသားတွေ ပြည်ဝင်ခွင့်ဗီဇာ အိန္ဒိယပိတ်


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ရှိ ကနေဒါလေကြောင်းလိုင်း ရုံးခန်းကိုတွေ့ရစဉ် (စက်တင်ဘာ ၂၀၊ ၂၀၂၃)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ရှိ ကနေဒါလေကြောင်းလိုင်း ရုံးခန်းကိုတွေ့ရစဉ် (စက်တင်ဘာ ၂၀၊ ၂၀၂၃)

ဆစ်ခ်နွယ်ဘွား ကနေဒါနိုင်ငံသား ခွဲထွက်ရေးခေါင်းဆောင်တဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ကနေဒါနဲ့ အိန္ဒိယနိုင်ငံကြား ဆက်ဆံရေးတင်းမာနေချိန်မှာပဲ အိန္ဒိယအစိုးရက ကနေဒါနိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာဝန်ဆောင်မှုကို ယာယီပိတ်ပင်လိုက်ပါတယ်။ ကနေဒါမှာရှိတဲ့ အိန္ဒိယသံရုံးဝန်ထမ်းတွေအပေါ် လုံခြုံရေးခြိမ်ခြောက်မှုတွေရှိနေတဲ့အတွက် ဗီဇာဝန်ဆောင်မှုတွေကို ယာယီဆိုင်းထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန ပြောခွင့်ရ Arindam Bagchi သတင်းထောက်တွေကို ဒီနေ့ပြောကြားခဲ့ပါတယ်။

ကနေဒါနိုင်ငံ British Columbia ပြည်နယ်မှာ ဆိစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တယောက် သတ်ဖြတ်ခံရတာဟာ အိန္ဒိယအစိုးရတာဝန်ပေးသူတွေရဲ့ လက်ချက်ဖြစ်တယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့ ပြောကြားချက်တွေကို စုံစမ်းနေတယ်လို့ ကနေဒါနိုင်ငံက ဒီသီတင်ပတ်အစောပိုင်းမှာ ပြောကြားခဲ့ပြီးနောက်မှာထဲက ၂ နိုင်ငံကြားတင်းမာနေပါတယ်။

ဒီနေ့ကြာသပတေးနေ့အစောပိုင်းကလည်း အိန္ဒိယနိုင်ငံမှာရှိနေတဲ့ ကဒါသံရုံးဝန်ထမ်းတွေကို အတိုးအလျော့ လုပ်မယ်လို့ ကနေဒါသံရုံးက ပြောကြားခဲ့ပါတယ်။ သံရုံးဝန်ထမ်းတွေအပေါ် လူမှုကွန်ရက်တွေပေါ်ကနေ ခြိမ်းခြောက်မှုတွေကြောင့် ဝန်ထမ်းအရေအတွက်ကို ချိန်ညှိမယ်လို့ ကနေဒါသံရုံးက ပြောကြားပါတယ်။ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင် သတ်ဖြတ်ခံရတာဟာ အိန္ဒိယအစိုးရတာဝန်ပေးသူတွေရဲ့လက်ချက်ဆိုတဲ့ စွပ်စွဲပြောဆိုချက်ဟာ အဓိပ္ပါယ်မဲ့ ပြောဆိုချက်တွေဖြစ်တယ်လို့ အိန္ဒိယအစိုးရက ကန့်ကွက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG