သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယက ဘီဘီစီ သတင်းဌာနရုံးခွဲကို အခွန်ဦးစီးဌာန စစ်ဆေးနေ


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က BBC သတင်းဌာနရှိရာအဆောက်အဦရှေ့မှာတွေ့ရတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က BBC သတင်းဌာနရှိရာအဆောက်အဦရှေ့မှာတွေ့ရတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃)

အိန္ဒိယနိုင်ငံမှာရှိတဲ့ ဘီဘီစီ သတင်းဌာနရုံးခွဲက အယ်ဒီတာနဲ့ ရုံးအဖွဲ့တို့ရဲ့ တယ်လီဖုန်းတွေကို အိန္ဒိယအခွန်ဦးစီးဌာနက ဒီကနေ့မှာ ၃ ရောက်မြောက်နေ့အဖြစ် ဝင်ရောက် စစ်ဆေးရှာဖွေနေတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေပြောတာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။

အိန္ဒိယ ဘီဘီစီသတင်းဌာနရုံးခွဲကို ပြီးခဲ့တဲ့ အင်္ဂါနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရုတ်တရက် ဝင်ရောက်စစ်ဆေးကတည်းက အခွန်ဝန်ထမ်းတွေဟာ ရုံးမှာတင်အိပ်ကြတယ်လို့ ဆိုပါတယ်။ သူတို့က ဘီဘီစီ ဝန်ထမ်းတချို့ကို ညဉ့်နက်တဲ့အထိ မေးခွန်းတွေ အမေးခံကြရတယ်လို့ ဆိုပါတယ်။

အခွန်ဝန်ထမ်းတွေက သူတို့ရဲ့ ကွန်ပြူတာတွေ၊ ဖုန်းတွေကို Passcode တောင်းပြီး ဖွင့်ကြည့်ပြီးမှ ပြန်ပေးတယ်လို့ ဝန်ထမ်းတယောက် ပြောတာကို ကိုးကားပြီး ရိုက်တာက ရေးပါတယ်။

ဟိန္ဒူအမျိုးသားရေးဝါဒီတဦးဖြစ်တဲ့ လက်ရှိအိန္ဒိယဝန်ကြီး Narendra Modi အနေနဲ့ Gujarat ပြည်နယ်ရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ဖြစ်သွားခဲ့တဲ့ ဟိန္ဒူ-မွတ်ဆလင် လူမျိုးရေးအဓိကရုဏ်းမှာ ပါဝင်ပတ်သက်ခဲ့မှုအပေါ် မေးခွန်းထုတ်ထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ဘီဘီစီသတင်းဌာနက ပြသအပြီးမှာ အစိုးရက ဒေါသတကြီးနဲ့ ဘီဘီစီသတင်းဌာနအပေါ် လက်တုန့်ပြန်လာတာ ဖြစ်ပါတယ်။ အဲဒီ အဓိကရုန်းကြောင့် လူအများအပြား သေဆုံးခဲ့ရတာပါ။

“Indi: The Modi Question” လို့ အမည်ပေးထားတဲ့ အဲဒီ မှတ်တမ်းရုပ်ရှင်ဟာ ဝါဒဖြန့်ချိရေးသက်သက်ဆိုပြီး ပယ်ချခဲ့တဲ့ပြင် အဲဒီ အစီအစဉ်ကို လူမှုကွန်ယက်တွေအပေါ် ဖြန့်ချီမျှဝေတာတွေ လုပ်ဆောင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

အိန္ဒိယက ဘီဘီစီ သတင်းဌာနရုံးခွဲကို အခွန်ဦးစီးဌာန စစ်ဆေးနေ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

[Unicode]

အိန်ဒိယက ဘီဘီစီ သတငျးဌာနရုံးခှဲကို အခှနျဦးစီးဌာန စဈဆေးနေ






XS
SM
MD
LG