သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မဏိပူရျပည္နယ္တြင္း ျမန္မာဒုကၡသည္ေတြ ယာယီခိုလႈံခြင့္ျပဳဖို႔တိုက္တြန္း


အိႏၵိယျမန္မာနယ္စပ္က ျမန္မာစစ္ေဘးေရွာင္မ်ား (စက္တင္ဘာလ ၊ ၂၀၂၁)

ျမန္မာႏိုင္ငံတြင္း ပဋိပကၡေတြေၾကာင့္ အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္ထဲ ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြကို ယာယီခိုလႈံခြင့္ျပဳဖို႔ ကူညီေရးအဖြဲ႕ေတြနဲ႔ ေဒသခံအရပ္ဖက္လူမႈအဖြဲ႕အစည္းေတြက ျပည္နယ္တာဝန္ရွိသူေတြကို စည္း႐ုံးတိုက္တြန္းေနၾကပါတယ္။ ျမန္မာနဲ႔ နယ္ခ်င္းစပ္ျပည္နယ္ေတြျဖစ္တဲ့ မီဇိုရမ္ျပည္နယ္က ျမန္မာဒုကၡသည္ေတြကို ယာယီခိုလႈံခြင့္ျပဳေပမယ့္၊ မဏိပူရျပည္နယ္ကေတာ့ နယ္စပ္ျဖတ္ေက်ာ္ဝင္လာတဲ့ ျမန္မာဒုကၡသည္ေတြကို ဖမ္းဆီးတာေတြရွိေနတာပါ။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုေဇာ္၀င္းလႈိင္က တင္ဆက္ေပးပါမယ္။

ျမန္မာစစ္ေရွာင္ေတြကို ယာယီလက္ခံေပးဖို႔ မဏိပူရျပည္နယ္၊ မိုေရးၿမိဳ႕အေျခစိုက္ အရပ္ဘက္အဖြဲ႕ငါးခုက ျပည္နယ္အစိုးရကို ၿပီးခဲ့တဲ့ရက္ပိုင္းက ေတာင္းဆိုလိုက္တာျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္ဘက္က လက္ခံႏိုင္ေျခမ်ားေၾကာင္း ဒီအဖြဲ႕အစည္းေတြက ေဒသတြင္းသတင္းဌာနတခ်ိဳ႕ကို ေျပာခဲ့ပါတယ္။ ျပည္နယ္တာဝန္ရွိသူေတြဖက္က ျမန္မာဒုကၡသည္ေတြကို ဒုကၡသည္ အေထာက္အထားကဒ္ေတြ ထုတ္ေပးဖြယ္ရွိတယ္လို႔လည္း ေဒသတြင္း သတင္းေတြ ထြက္ေနပါတယ္။ ဒါကိုေတာ့ ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။ အရပ္ဖက္လူမႈအဖြဲ႕တခုျဖစ္တဲ့ India for Myanmar အဖြဲ႕က ဆလိုင္းဒိုခါရ္ကေတာ့ ဒုကၡသည္ေတြကို လက္ခံဖြယ္ရွိတယ္ဆိုတာကို ႀကိဳဆိုေပမယ့္၊ လက္ခံတဲ့ေနရာမွာ လူဦးေရကန႔္သတ္လာတာ စည္းစနစ္အလြန္အမင္းတင္းၾကပ္မ်ိဳးျဖစ္လာမွာကို စိုးရိမ္တယ္လို႔ ဆိုပါတယ္။

"အခုလက္ရွိအေျခအေနအထိ ျပည္နယ္အစိုးရကေန ယာယီလက္ခံခြင့္ ေပးခြင့္ရွိေသာ္ျငားလည္း ဗဟိုအစိုးရကေန refugee အျဖစ္ လက္ခံျခင္းမရွိသလို လူသားခ်င္း စာနာေထာက္ထား မႈေတြကိုလည္း မေပးသလို ေပးတဲ့သူေတြကိုေတာင္မွ ေပးခြင့္မျပဳတဲ့ အေနအထား ျဖစ္ေနတဲ့အခါၾကေတာ့ တကယ္လို႔သာ မဏိပူရ္အစိုးရကေန လက္ေတာ့ လက္ခံလိုက္တယ္ ဒါေပမဲ့ စည္းကမ္းကန႔္သတ္ခ်က္ေတြ မ်ားၿပီးေတာ့မွ ေထြေထြထူးထူး လူသားခ်င္း စာနာေထာက္ထားမႈ မပါႏိုင္ဘူးဆိုရင္ေတာ့ ဒါ တဖက္တလမ္းအေနနဲ႔ စိန္ေခၚမႈမ်ားစြာ က်ေနာ္တို႔ ရလာႏိုင္ေျခရွိတယ္။"

ျမန္မာဒုကၡသည္ေတြကို တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္လာသူေတြအျဖစ္ မဏိပူရအစိုးရက မူလကသတ္မွတ္ေျပာဆိုထားတာပါ။ ေဒသခံအရပ္ဖက္လူမႈအဖြဲ႕ေတြကေတာ့ ျမန္မာဒုကၡသည္ေတြဟာ ခိုးဝင္လာသူေတြ မဟုတ္ဘဲ စစ္ေရွာင္ေတြျဖစ္တယ္၊ သူတို႔ကို ေနထိုင္ခြင့္ကတ္ေတြေပးဖို႔နဲ႔ ဖမ္းဆီးခံထားရသူေတြကို ျပန္လႊတ္ဖို႔၊ ေနာက္ ျမန္မာႏိုင္ငံကို ျပန္မပို႔ဖို႔ စတဲ့အခ်က္၄ခ်က္ လက္မွတ္ထိုးၿပီး မဏိပူရျပည္နယ္အစိုးရဝန္ႀကီးခ်ဳပ္ဆီ စာေပးပို႔ခဲ့တာပါ။

မၾကာေသးခင္ကေတာ့ မိုေရးၿမိဳ႕နယ္ လန္းခ်န္းေက်း႐ြာတဝိုက္မွာ ခိုလႈံေနတဲ့ ျမန္မာစစ္ေရွာင္ အမ်ားအျပားကို ႏိုင္ငံျခားသား အက္ဥပေဒနဲ႔ မဏိပူရအစိုးရက ဖမ္းဆီးခဲ့ပါတယ္။ ေနာက္ဆုံးစာရင္းအရ ဖမ္းဆီးခံရသူအေယာက္ ၁၇၀ရွိၿပီး သူတို႔လြတ္ေျမာက္ဖို႔ ဥပေဒလမ္းေၾကာင္းနဲ႔ ေဆာင္႐ြက္ေနတယ္လို႔ အကူအညီေပးေနတဲ့ ျမန္မာအဖြဲ႕အစည္းေတြက ေျပာပါတယ္။

" လႊတ္ေပးလိမ့္မယ္လို႔လည္း က်ေနာ္တို႔ ေမွ်ာ္လင့္ပါတယ္။ ဒီလိုဟာမ်ိဳးအေျခအေန မျဖစ္ဘဲနဲ႔ မီဇိုရမ္ပုံစံမ်ိဳး သူတို႔ ယာယီခိုလႈံခြင့္ စီစဥ္ေပးၿပီး ဒီအေပၚမွာ လူသားခ်င္းစာနာ ေထာက္ထားမႈကိုလည္း ဗဟိုအစိုးရကေန မျပဳရင္ေတာင္မွ မဏိပူရအေျခစိုက္ လူမႈအဖြဲ႕အစည္းေတြကေန တဆင့္ လူသားခ်င္းစာနာ ေထာက္ထားမႈေတြ ရရွိဖို႔ ေမွ်ာ္လင့္ပါတယ္။"

India for Myanmar အဖြဲ႕က ဆလိုင္းဒိုခါရ္ ေျပာသြားတာပါ။ အိႏၵိယႏိုင္ငံဟာ ၁၉၅၁ ခုႏွစ္ ဒုကၡသည္မ်ားဆိုင္ရာသေဘာတူညီခ်က္မွာ လက္မွတ္မထိုးထားတာေၾကာင့္၊ ဒုကၡသည္ေတြကို လက္ခံကူညီေရးအတြက္ ဒုကၡသည္မ်ားဆိုင္ရာ ကုလမဟာမင္းႀကီး႐ုံး UNHCR မွာ အက်ပ္အတည္းရွိပါတယ္။ အိႏၵိယဗဟိုအစိုးရက ဒုကၡသည္ေတြကို အသိအမွတ္မျပဳေပမယ့္၊ ဒုကၡသည္ေတြ အကူအညီေပးေရးကိစၥဟာ ျပည္နယ္အစိုးရေတြရဲ႕ လုပ္ပိုင္ခြင့္ေအာက္မွာ ရွိေနပါတယ္။ ဒါေၾကာင့္လည္း မီဇိုရမ္ျပည္နယ္အစိုးရက ျမန္မာဒုကၡသည္ေတြကို ယာယီခိုလႈံခြင့္ျပဳၿပီး UNHCR နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈရွိေပမယ့္၊ မဏိပူရ္ျပည္နယ္အစိုးရကေတာ့ ျမန္မာဒုကၡသည္ေတြကို အသိအမွတ္မျပဳတဲ့အျပင္ တရားမဝင္ ဝင္ေရာက္လာသူေတြအျဖစ္ ဖမ္းဆီးပါတယ္။ မ

ဏိပူရ္ျပည္နယ္ လက္ရွိ အာဏာရ BJP ပါတီဟာ ဒုကၡသည္ကိစၥမွာ သေဘာထားတင္းေလ့ရွိပါတယ္။ ဒါေပမဲ့ မဏိပူရအစိုးရနဲ႔ ေတြ႕ဆုံခဲ့တဲ့ အရပ္ဘက္အဖြဲ႕ေတြရဲ႕ ေျပာဆိုခ်က္အရေတာ့ ျမန္မာဒုကၡသည္ေတြ ယာယီခိုလႈံခြင့္ရဖို႔ အလားအလာေကာင္းရွိတယ္လို႔ India for Myanmar အဖြဲ႕က ေျပာပါတယ္။ ျမန္မာစစ္ေရွာင္ေတြကို ကူညီေပးေနတဲ့ ခရစ္ယာန္ဆရာေတာ္တပါးကေတာ့ လက္ေတြ႕အခက္အခဲေတြကို ေက်ာ္လြန္ႏိုင္မယ့္အေျခအေနကို ေမွ်ာ္လင့္တယ္လို႔ဆိုပါတယ္။

" တကယ္ပိုၿပီးမွခက္ခဲတဲ့ လက္ေတြ႕ခက္ခဲေနတဲ့ အေျခအေနအေပၚမွာ မူတည္ၿပီးမွ ကူညီႏိုင္လို႔ရွိရင္ေတာ့ ပိုၿပီးေတာ့...လက္ရွိ သြားေနတဲ့ ေတာက္ေလွ်ာက္ေတာ့ ေတာ္ေတာ္မ်ားမ်ား လမ္းပြင့္ရင္ေတာ့ ေကာင္းပါတယ္။"

မဏိပူရအစိုးရဟာ ျမန္မာစစ္တပ္ အာဏာသိမ္းၿပီးခ်ိန္မွာ ျမန္မာဒုကၡသည္ေတြကို လက္ခံဖို႔ထက္ နယ္ေျမတည္ၿငိမ္ေရးကို ဦးစားေပး လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ မၾကာေသးခင္ကလည္း ျမန္မာနဲ႔ နယ္စပ္တေလွ်ာက္မွာ ရဲကင္းစခန္း အမ်ားအျပားကို ထပ္ၿပီးတိုးခ်ဲ႕ထားတာပါ။ ဒါေပမဲ့ မီဇိုရမ္ျပည္နယ္ အစိုးရကေတာ့ ၂ႏွစ္အတြင္း ျမန္မာဒုကၡသည္ အမ်ားအျပားကို လက္ခံထားခဲ့ပါတယ္။ မီဇိုရမ္ထဲမွာ ျမန္မာစစ္ေရွာင္ ၄ေသာင္းေက်ာ္ရွိမယ္လို႔ အရပ္ဘက္အဖြဲ႕ေတြက ခန႔္မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

မဏိပူရပြည်နယ်တွင်း မြန်မာဒုက္ခသည်တွေ ယာယီခိုလှုံခွင့်ပြုဖို့တိုက်တွန်း
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)


မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ယာယီခိုလှုံခွင့်ပြုဖို့ ကူညီရေးအဖွဲ့တွေနဲ့ ဒေသခံအရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ပြည်နယ်တာဝန်ရှိသူတွေကို စည်းရုံးတိုက်တွန်းနေကြပါတယ်။ မြန်မာနဲ့ နယ်ချင်းစပ်ပြည်နယ်တွေဖြစ်တဲ့ မီဇိုရမ်ပြည်နယ်က မြန်မာဒုက္ခသည်တွေကို ယာယီခိုလှုံခွင့်ပြုပေမယ့်၊ မဏိပူရပြည်နယ်ကတော့ နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ မြန်မာဒုက္ခသည်တွေကို ဖမ်းဆီးတာတွေရှိနေတာပါ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က တင်ဆက်ပေးပါမယ်။

မြန်မာစစ်ရှောင်တွေကို ယာယီလက်ခံပေးဖို့ မဏိပူရပြည်နယ်၊ မိုရေးမြို့အခြေစိုက် အရပ်ဘက်အဖွဲ့ငါးခုက ပြည်နယ်အစိုးရကို ပြီးခဲ့တဲ့ရက်ပိုင်းက တောင်းဆိုလိုက်တာဖြစ်ပြီး ဝန်ကြီးချုပ်ဘက်က လက်ခံနိုင်ခြေများကြောင်း ဒီအဖွဲ့အစည်းတွေက ဒေသတွင်းသတင်းဌာနတချို့ကို ပြောခဲ့ပါတယ်။ ပြည်နယ်တာဝန်ရှိသူတွေဖက်က မြန်မာဒုက္ခသည်တွေကို ဒုက္ခသည် အထောက်အထားကဒ်တွေ ထုတ်ပေးဖွယ်ရှိတယ်လို့လည်း ဒေသတွင်း သတင်းတွေ ထွက်နေပါတယ်။ ဒါကိုတော့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။ အရပ်ဖက်လူမှုအဖွဲ့တခုဖြစ်တဲ့ India for Myanmar အဖွဲ့က ဆလိုင်းဒိုခါရ်ကတော့ ဒုက္ခသည်တွေကို လက်ခံဖွယ်ရှိတယ်ဆိုတာကို ကြိုဆိုပေမယ့်၊ လက်ခံတဲ့နေရာမှာ လူဦးရေကန့်သတ်လာတာ စည်းစနစ်အလွန်အမင်းတင်းကြပ်မျိုးဖြစ်လာမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

"အခုလက်ရှိအခြေအနေအထိ ပြည်နယ်အစိုးရကနေ ယာယီလက်ခံခွင့် ပေးခွင့်ရှိသော်ငြားလည်း ဗဟိုအစိုးရကနေ refugee အဖြစ် လက်ခံခြင်းမရှိသလို လူသားချင်း စာနာထောက်ထား မှုတွေကိုလည်း မပေးသလို ပေးတဲ့သူတွေကိုတောင်မှ ပေးခွင့်မပြုတဲ့ အနေအထား ဖြစ်နေတဲ့အခါကြတော့ တကယ်လို့သာ မဏိပူရ်အစိုးရကနေ လက်တော့ လက်ခံလိုက်တယ် ဒါပေမဲ့ စည်းကမ်းကန့်သတ်ချက်တွေ များပြီးတော့မှ ထွေထွေထူးထူး လူသားချင်း စာနာထောက်ထားမှု မပါနိုင်ဘူးဆိုရင်တော့ ဒါ တဖက်တလမ်းအနေနဲ့ စိန်ခေါ်မှုများစွာ ကျနော်တို့ ရလာနိုင်ခြေရှိတယ်။"

မြန်မာဒုက္ခသည်တွေကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေအဖြစ် မဏိပူရအစိုးရက မူလကသတ်မှတ်ပြောဆိုထားတာပါ။ ဒေသခံအရပ်ဖက်လူမှုအဖွဲ့တွေကတော့ မြန်မာဒုက္ခသည်တွေဟာ ခိုးဝင်လာသူတွေ မဟုတ်ဘဲ စစ်ရှောင်တွေဖြစ်တယ်၊ သူတို့ကို နေထိုင်ခွင့်ကတ်တွေပေးဖို့နဲ့ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ဖို့၊ နောက် မြန်မာနိုင်ငံကို ပြန်မပို့ဖို့ စတဲ့အချက်၄ချက် လက်မှတ်ထိုးပြီး မဏိပူရပြည်နယ်အစိုးရဝန်ကြီးချုပ်ဆီ စာပေးပို့ခဲ့တာပါ။

မကြာသေးခင်ကတော့ မိုရေးမြို့နယ် လန်းချန်းကျေးရွာတဝိုက်မှာ ခိုလှုံနေတဲ့ မြန်မာစစ်ရှောင် အများအပြားကို နိုင်ငံခြားသား အက်ဥပဒေနဲ့ မဏိပူရအစိုးရက ဖမ်းဆီးခဲ့ပါတယ်။ နောက်ဆုံးစာရင်းအရ ဖမ်းဆီးခံရသူအယောက် ၁၇၀ရှိပြီး သူတို့လွတ်မြောက်ဖို့ ဥပဒေလမ်းကြောင်းနဲ့ ဆောင်ရွက်နေတယ်လို့ အကူအညီပေးနေတဲ့ မြန်မာအဖွဲ့အစည်းတွေက ပြောပါတယ်။

" လွှတ်ပေးလိမ့်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီလိုဟာမျိုးအခြေအနေ မဖြစ်ဘဲနဲ့ မီဇိုရမ်ပုံစံမျိုး သူတို့ ယာယီခိုလှုံခွင့် စီစဉ်ပေးပြီး ဒီအပေါ်မှာ လူသားချင်းစာနာ ထောက်ထားမှုကိုလည်း ဗဟိုအစိုးရကနေ မပြုရင်တောင်မှ မဏိပူရအခြေစိုက် လူမှုအဖွဲ့အစည်းတွေကနေ တဆင့် လူသားချင်းစာနာ ထောက်ထားမှုတွေ ရရှိဖို့ မျှော်လင့်ပါတယ်။"

India for Myanmar အဖွဲ့က ဆလိုင်းဒိုခါရ် ပြောသွားတာပါ။ အိန္ဒိယနိုင်ငံဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာသဘောတူညီချက်မှာ လက်မှတ်မထိုးထားတာကြောင့်၊ ဒုက္ခသည်တွေကို လက်ခံကူညီရေးအတွက် ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီးရုံး UNHCR မှာ အကျပ်အတည်းရှိပါတယ်။ အိန္ဒိယဗဟိုအစိုးရက ဒုက္ခသည်တွေကို အသိအမှတ်မပြုပေမယ့်၊ ဒုက္ခသည်တွေ အကူအညီပေးရေးကိစ္စဟာ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်အောက်မှာ ရှိနေပါတယ်။ ဒါကြောင့်လည်း မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာဒုက္ခသည်တွေကို ယာယီခိုလှုံခွင့်ပြုပြီး UNHCR နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိပေမယ့်၊ မဏိပူရ်ပြည်နယ်အစိုးရကတော့ မြန်မာဒုက္ခသည်တွေကို အသိအမှတ်မပြုတဲ့အပြင် တရားမဝင် ဝင်ရောက်လာသူတွေအဖြစ် ဖမ်းဆီးပါတယ်။

မဏိပူရ်ပြည်နယ် လက်ရှိ အာဏာရ BJP ပါတီဟာ ဒုက္ခသည်ကိစ္စမှာ သဘောထားတင်းလေ့ရှိပါတယ်။ ဒါပေမဲ့ မဏိပူရအစိုးရနဲ့ တွေ့ဆုံခဲ့တဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ ပြောဆိုချက်အရတော့ မြန်မာဒုက္ခသည်တွေ ယာယီခိုလှုံခွင့်ရဖို့ အလားအလာကောင်းရှိတယ်လို့ India for Myanmar အဖွဲ့က ပြောပါတယ်။ မြန်မာစစ်ရှောင်တွေကို ကူညီပေးနေတဲ့ ခရစ်ယာန်ဆရာတော်တပါးကတော့ လက်တွေ့အခက်အခဲတွေကို ကျော်လွန်နိုင်မယ့်အခြေအနေကို မျှော်လင့်တယ်လို့ဆိုပါတယ်။

" တကယ်ပိုပြီးမှခက်ခဲတဲ့ လက်တွေ့ခက်ခဲနေတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးမှ ကူညီနိုင်လို့ရှိရင်တော့ ပိုပြီးတော့...လက်ရှိ သွားနေတဲ့ တောက်လျှောက်တော့ တော်တော်များများ လမ်းပွင့်ရင်တော့ ကောင်းပါတယ်။"

မဏိပူရအစိုးရဟာ မြန်မာစစ်တပ် အာဏာသိမ်းပြီးချိန်မှာ မြန်မာဒုက္ခသည်တွေကို လက်ခံဖို့ထက် နယ်မြေတည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း မြန်မာနဲ့ နယ်စပ်တလျှောက်မှာ ရဲကင်းစခန်း အများအပြားကို ထပ်ပြီးတိုးချဲ့ထားတာပါ။ ဒါပေမဲ့ မီဇိုရမ်ပြည်နယ် အစိုးရကတော့ ၂နှစ်အတွင်း မြန်မာဒုက္ခသည် အများအပြားကို လက်ခံထားခဲ့ပါတယ်။ မီဇိုရမ်ထဲမှာ မြန်မာစစ်ရှောင် ၄သောင်းကျော်ရှိမယ်လို့ အရပ်ဘက်အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG