သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမြို့ကြီးတွေမှာ ကိုဗစ်ကူးစက်ခံရမှု သိသိသာသာကျဆင်း


အမျိုးသမီးတဦးဆီက ချွဲသလိပ်နမူနာယူနတေဲ့ အိန္ဒိယ ကျန်းမာရေးလုပ်သားတဦး (ဓာတ်ပုံ - AFP)
အမျိုးသမီးတဦးဆီက ချွဲသလိပ်နမူနာယူနတေဲ့ အိန္ဒိယ ကျန်းမာရေးလုပ်သားတဦး (ဓာတ်ပုံ - AFP)

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီနဲ့ စီးပွါးရေးမြို့တော် မွန်ဘိုင်းမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ကိုဗစ်ကူးခံသူ သိသိသာသာကျဆင်းသွားသလို ကူးခံရသူအများစုကလည်း အိမ်မှာနေရင်း သက်သာလာကြတယ်လို့ တာဝန်ရှိသူတွေဒီကနေ့ပြောပါတယ်။ မွန်ဘိုင်းမှာ တနင်္ဂနွေနေ့ကပိုးကူးသူ ၇ထောင့်၈ ရာကျော်ထိ ကျဆင်းလာပြီး ဒီလအတွင်းအနည်းဆုံးအရေအတွက်ဖြစ်ပါတယ်။
ဒေလီမြို့မှာလည်းဇန်နဝါရီ ၁၃ ရက်နေ့က ပိုးကူးသူသစ်၂ သောင်း၈ ထောင်ကျော်ထိရှိရာကနေ ကျဆင်းလာပြီး ဒီကနေ့မှာတော့ ပိုးကူးသူသစ် ၁သောင်းခွဲအောက်ရောက်လာမယ်လို့ ကျန်းမာရေးဌာနက ခန့်မှန်းထားပါတယ်။ နှစ်ဆန်းပိုင်းကတည်းက မျိုးဗီဇပြောင်း Omicron ကိုဗစ်ပိုးတွေအကြီးအကျယ်ကူးစက်နေပေမယ့် နယူးဒေလီမှာရော မွန်ဘိုင်းက ဆေးရုံတွေမှာပါ လူနာကုတင် ၈၀ % ကျော် လူနာမရှိဘူးလို့ပြောပါတယ်။ ကပ်ရောဂါဆိုင်ရာပညာရှင်တွေကတော့ ဖေဖော်ဝါရီလလောက်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးကူးစက်မှု အမြင့်ဆုံးရောက်လာနိုင်တယ်လို့ သတိပေးနေပါတယ်။
ကိုဗစ်ကာကွယ်ဆေးတွေထိုးထားတာကြောင့်ရော၊ အရင်က ပိုးကူးစက်ကမှုမြင့်တက်ခဲ့တာကြောင့်ပါ ဆေးရုံရောက်လာတဲ့လူနာ နည်းလာတာဖြစ်မယ်လို့ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ အိန္ဒိယ အရွယ်ရောက်ပြီးသူ ၉၃၉ သန်းထဲက ၇၀% ကာကွယ်ဆေးအပြည့်ထိုးထားပြီးပါပြီ။ ကျန်ဆယ်ကျော်သက်အရွယ်လူငယ် သန်း ၇၀ ကိုလည်း လာမယ့်လမှာ ကာကွယ်ဆေး၂ လုံး ထိုးပေးနိုင်ဖို့ မေ ျှာ်လင့်ထားပါတယ်။ အိန္ဒိယမှာ ကိုဗစ်ပိုးကူးခံထားရသူ ၃၇.၃သန်းကျော်ရှိပြီး အမေရိကန်ပြီးရင်း ကမ္ဘာမှာကိုဗစ်ကူးခံရသူ ဒုတိယအများဆုံးရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

...............................................................................................

အိန်ဒိယမွို့ကွီးတှမှော ကိုဗဈကူးစကျခံရမှု သိသိသာသာကဆြငျး

(Unicode)

XS
SM
MD
LG