သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား ၂၆ ယောက် မဏိပူအစိုးရ ပြန်ပို့


အိန္ဒိယ−မြန်မာနယ်စပ်။
အိန္ဒိယ−မြန်မာနယ်စပ်။

အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ထဲ နယ်စပ်ကျော် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက်ကို မနေ့က နေရပ်ပြန်ပို့လိုက်တဲ့အကြောင်း မဏိပူပြည်နယ် အရာရှိတွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားရာကနေ ထွက်ပြေးလာတဲ့ သူတွေကို လူသားချင်းစာနာမှု အကူအညီပေးနေပေမဲ့ တရားမဝင် ဝင်ရောက်လာတာတွေကိုလည်း နှိမ်နှင်းသွားမယ့်အကြောင်း မဏိပူပြည်နယ် ဝန်ကြီးချုပ် N Biren Singh က X လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ ဝင်ရောက်လာတဲ့သူတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပြီး ပြန်ပို့ပေးလိုက်တာလို့လည်း ရေးသားထားပါတယ်။

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်တိုက်ပွဲတွေကြောင့်ရော၊ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ အတင်းအကြပ် စစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းထားတာကြောင့် မြန်မာနိုင်ငံသား အများအပြား အန္ဒိယနိုင်ငံ မဏိပူပြည်နယ်ထဲကို ထွက်ပြေးခိုလှုံနေကြတဲ့အကြောင်းနဲ့ သူတို့ကိုအကာအကွယ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိင်ငံသား ၆၀၀၀ နီးပါး မဏိပူပြည်နယ်ထဲမှာ ဝင်ရောက်ခိုလှုံနေပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လ တလတည်းမှာတင် မြန်မာနိုင်ငံဘက်က လူ ၇၀၀ ကျော် ရောက်လာခဲ့တဲ့အကြောင်း အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ မဏိပူ အစိုးရတာဝန်ရှိသူတွေကတော့ တရားမဝင် ဝင်ရောက်လာသူတွေကြောင့် ဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းမယ့်အကြောင်း ပြောဆိုထားပါတယ်

Forum

XS
SM
MD
LG