သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်မြန်မာ ၂,၀၀၀ ကျော် မဏိပူအစိုးရ ပြန်ပို့မည်


 အိန္ဒိယမြန်မာနယ်စပ် မဏိပူပြည်နယ် မိုးရေးမြို့မြင်ကွင်း ယခင်မှတ်တမ်းဓာတ်ပုံ။ (photo: C J B)
အိန္ဒိယမြန်မာနယ်စပ် မဏိပူပြည်နယ် မိုးရေးမြို့မြင်ကွင်း ယခင်မှတ်တမ်းဓာတ်ပုံ။ (photo: C J B)

မဏိပူပြည်နယ်အစိုးရဟာ မြန်မာနိုင်ငံကနေ တရားမဝင်လာရောက်သူ ၂,၅၀၀ လောက်ကို နေရပ်ရင်း ပြန်ပို့ဖို့ ပြင်နေတယ်လို့ ပြည်နယ်ပြည်ထဲရေးဌာနက ဗဟိုအစိုရဆီထံ အစီရင်ခံစာတင်သွင်းခဲ့ကြောင်း အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

မဏိပူ ထောက်လှမ်းရေး၊ မူးယစ်ဆေးနဲ့ နယ်စပ်ရေးဆိုင်ရာ ရဲချုပ်ရဲ့မှတ်တမ်းထဲမှာ မြန်မာရွှေ့ပြောင်းအခြေချသူတွေဟာ မြန်မာနယ်စပ်နဲ့ထိနေတဲ့ မဏိပူပြည်နယ်ထဲက တောင်တန်းဒေသ ၅ ခုဖြစ်တဲ့ တန်နိုပါလ်၊ ချန်ဒဲလ်၊ ချူရာချန်ပူ၊ ဖီရာဇော်လ်နဲ့ ကမ်ဂျုံ ရပ်ကွက်တွေမှာ ခိုလှုံနေတာတွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

ဒီအမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် ရွှေ့ပြောင်းအခြေချသူတွေဟာ မဏိပူပြည်နယ်ထဲကို လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း တရားမဝင်လာရောက်ကြောင်း မဏိပူပြည်ထဲရေးဌာနက အချက်လက်မှတ်တမ်း ကောက်ယူရာမှာတွေ့ခဲ့တာပါ။ ဗဟိုအစိုးရရဲ့ ညွှန်ကြားချက်အရ မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းလာရောက်သူတွေကို ယာယီမှတ်ပုံတင်တွေထုတ်ပေးခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ်သွားရင် တရားမဝင်လာရောက် သူတွေကို နေရပ်ရင်း ပြန်ပို့မှာ ဖြစ်ကြောင်းလည်းပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း မြန်မာဘက်ကနေ ထွက်ပြေးခိုလှုံလာသူဟာ ၄၀,၀၀၀ လောက်ရှိပြီး အများစုဟာ မီဇိုရမ်၊ မဏိပူနဲ့ နာဂလန်း ဒေသတွေမှာ နေထိုင်နေတာ ဖြစ်ပါတယ်။ မဏိပူပြည်နယ်ထဲမှာ မေလက စပြီး ကသည်းလူမျိုးတွေနဲ့ ကူကီး ချင်းတွေကြား အဓိကရုဏ်းတွေ ဖြစ်ပွါးခဲ့တဲ့ နောက် မြန်မာနိုင်ငံဘက်ကို ပြန်သွားတဲ့ ဒုက္ခသည် ၆၀၀ လောက်ရှိတယ်လို့ Deccan Herald သတင်းမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG