သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်စည်းရိုးကာမှု မဏိပူပြည်နယ်အုပ်ချုပ်ရေးမှူးကွင်းဆင်းလေ့လာ


အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မဏိပူပြည်နယ်၊ မိုးရေးမြို့နဲ့ မြန်မာနိုင်ငံတို့ကြားက နယ်စပ်ခြံစည်းရိုး။ (ဇွန် ၁၂၊ ၂၀၁၁)
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မဏိပူပြည်နယ်၊ မိုးရေးမြို့နဲ့ မြန်မာနိုင်ငံတို့ကြားက နယ်စပ်ခြံစည်းရိုး။ (ဇွန် ၁၂၊ ၂၀၁၁)


ဧပြီ ၂၆၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

အိန္ဒိယအရှေ့မြောက် မဏိပူ ပြည်နယ်အုပ်ချုပ်ရေးမှူး Anusuiya Uikey ဟာ အိန္ဒိယမြန်မာနယ်စပ်က​ နယ်စပ်ခြံစည်းရိုးကာရံမှုအခြေအနေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာတခုဖြစ်တဲ့ IFP သတင်းမှာဖော်ပြပါတယ်။

Tengnoupal ခရိုင်ခရီးစဉ် ဒုတိယနေ့ ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယမြန်မာနယ်စပ် အမှတ် ၇၈ နဲ့ ၇၉ ကြား ခြံစည်းရိုးကာရံမှုအခြေအနေကို သွားရောက်ကြည့်ရှုတာဖြစ်ပါတယ်။ နယ်စပ်လမ်းလုံခြုံရေးတပ်ဖွဲ့ BRTF တာဝန်ရှိသူတွေက အိန္ဒိယ၊ မြန်မာနယ်စပ်ခြံစည်းရိုးကာရံမှုအခြေအနေတွေနဲ့ပတ်သက်လို့ သူ့ကိုရှင်းပြခဲ့ပြီး ဒီခြံစည်းရိုးကာရံမှုဟာ မေလအတွင်း ပြီးစီးမယ်လို့တာဝန်ရှိသူတွေကပြောကြောင်း သိရပါတယ်။ ဒီမတိုင်ခင်ကတော့ မြန်မာ-အိန္ဒိယနယ်စပ်မြို့ မိုးရေးဘက်ကိုသွားခဲ့ပြီး နယ်စပ်လုံခြုံရေးဆိုင်ရာကြိုတင်ပြင်ဆင်မှုတွေကို စစ်ဆေးကြည့်ရှုတယ်လို့ဆိုပါတယ်။

မြန်မာဘက်က နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နယ်စပ်တလျှောက် စိမ့်ဝင်လာနိုင်တဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ တရားမဝင်ကူးသန်းရောင်းဝယ်မှုနဲ့ အခြားလုံခြုံရေးဆိုင်ရာကိစ္စတွေကို အာသံသေနက်ကိုင်တပ်ဖွဲ့တာဝန်ရှိသူတွေက ရှင်းပြခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် နယ်ချင်းစပ်ဒေသတလျှောက် မြန်မာဘက်က ဒုက္ခသည်အများအပြား ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ မဏိပူရပြည်နယ်တာဝန်ရှိသူတွေက မြန်မာဒုက္ခသည်တွေကိုလက်ခံဖို့ ကနဦးမှာ တွန့်ဆုတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒုက္ခသည်တွေကို နေရာတခုသတ်မှတ်ပြီးထားဖို့ ပြီးခဲ့တဲ့လတွေက ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG