သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးအတွက် ဒေါ်လာ ၃.၇ ဘီလျံသုံးမည်


အိန္ဒိယ-မြန်မာနယ်စပ်
အိန္ဒိယ-မြန်မာနယ်စပ်

အိန္ဒိယ မြန်မာနယ်စပ်တလျောက် နှစ်နိုင်ငံ ဆက်စပ်နေတဲ့ ကီလိုမီတာ ၁၆၀၀ ကျော် မိုင် အားဖြင့် တထောင်နီးပါးကို ဆယ်နှစ်အတွင်း ခြံစည်းရိုး ကာဖို့ အိန္ဒိယနိုင်ငံက ဒေါ်လာ ဘီလျံ ၃ ဒသမ ၇ ဘီလျံ သုံးစွဲမယ့်အကြောင်း ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံဘက်က မှောင်ခိုကူးသန်းမှုတွေနဲ့ တရားမဝင် ဖြတ်သန်းမှုတွေကို တားဆီးဖို့ နှစ်နိုင်ငံအကြား အခုလို ခြံစည်းရိုးကာဖို့ အိန္ဒိယဘက်က ပြင်ဆင်နေတာပါ။ နှစ်နိုင်ငံ နယ်ခြား ဆယ်စုနှစ်ချီ ကျင့်သုံးခဲ့တဲ့ နယ်စပ်တဘက်တချက်မှာ နေထိုင်တဲ့ ပြည်သူတွေ ၁၆ ကီလိုမီတာ ပတ်လည်အတွင်းပြည်ဝင်ခွင့်မလိုဘဲ လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့ ခွင့်ပြုချက်ကို ချက်ချင်း ပြန်ရုပ်သိမ်းဖို့ အိန္ဒိယဘက်က ဒီနှစ်ဆန်းပိုင်းမှာ စတင်ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံ အနောက်ဘက်မှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြန်မာစစ်တပ်ဘက်က တပ်ဖွဲ့ဝင်တွေ အပါအဝင် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ရာနဲ့ချီ အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံတဲ့ သတင်းတွေ ထွက်နေချိန်မှာ အိန္ဒိယ ဘက်က ခြံစည်းရိုးကာဖို့ အဆိုပြုခဲ့တာပါ။ အစိုးရ အဖွဲ့အတွင်း ကော်မတီတခုက ခြံစည်းရိုးကာမယ့် အသုံးစရိတ်ကို အတည်ပြုလိုက်ပြီး ဝန်ကြီးချုပ် Narendra Modi အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေတဲ့အကြောင်း ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။

Forum

XS
SM
MD
LG