သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံသားဖြစ်မှုဥပဒေသစ် ခွဲခြားဆက်ဆံမှုလို့ မွတ်ဆလင်တွေယူဆ


အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ကျောင်းသားတွေရှေ့မှာ စောင့်ကြည့်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ်လ ၁၂၊ ၂၀၂၄)
အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ကျောင်းသားတွေရှေ့မှာ စောင့်ကြည့်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ်လ ၁၂၊ ၂၀၂၄)

အိန္ဒိယနိုင်ငံရဲ့ ၂၀၁၉ နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို အကောင်အထည်ဖော်မယ်လို့ အစိုးရက လတ်တလောကြေညာလိုက်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံမှာ ဆန့်ကျင်ဆန္ဒပြမှုတွေပေါ်ပေါက်လာပါတယ်။

နောက်လထဲကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင် ကြေညာလိုက်တဲ့ဒီအမိန့်ကြောင့် လူ့အဖွဲ့အစည်းအတွင်းကွဲပြားစေတယ်လို့ စွပ်စွဲမှုတွေလည်း အတော်များများ ထွက်ပေါ်လာပါတယ်။ CAA လို့ခေါ်တဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ ဘာသာရေးဖိနှိပ်မှုတွေကြောင့် ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ အိန္ဒိယကို ၂၀၁၄ ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် ထွက်ပြေးဝင် ရောက်လာကြတဲ့လူတွေကို နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ပေးထားပါတယ်။

မွတ်ဆလင်တိုင်းပြည်တွေဖြစ်တဲ့ အဲဒီ ၃ နိုင်ငံက ထွက်ပြေးလာတဲ့လူတွေထဲမှာ အစ္စလာမ်ဘာသာဝင်တွေကိုတော့ နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ပေးမထားပါဘူး။ လက်ယာယိမ်းအုပ်စုတွေအပါအဝင် အတိုက်အခံနိုင်ငံရေးပါတီတွေနဲ့ မွတ်ဆလင်လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေက ဒီလုပ်ရပ်ဟာ မွတ်ဆလင်တွေကို ခွဲခြားဆက်ဆံတာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့တပတ်က ကြေညာချက်ထွက်လာပြီးတဲ့နောက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကလည်း အိန္ဒိယရဲ့နိုင်ငံသားဖြစ်ခွင့်ဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စံတန်ဖိုးတွေ၊ တန်းတူညီမျှမှုနဲ့ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေကို ဆန့်ကျင်နေတဲ့ ခွဲခြားဆက်ဆံမှုဥပဒေတရပ်ဖြစ်တယ်လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံသားဖြစ်မှုဥပဒေသစ် ခွဲခြားဆက်ဆံမှုလို့ မွတ်ဆလင်တွေယူဆ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG