သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-ပါကစ္စတန် တင်းမာမှုအရှိန်မြင့်


Kashmir ဒေသမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွါးခဲ့ပြီးနောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန် ၂နိုင်ငံအကြား တင်းမာမှုတွေက တနေ့တခြား ပိုတိုးလာနေပါတယ်။ နျူကလီးယားလက်နက ် ပိုင်ဆိုင်ထားကြတဲ့ အိမ်နီးချင်း၂နိုင်ငံအကြား စစ်ရေးတင်းမာမှု တွေ ပိုကြီးလာမယ့်အရေးကို စိုးရိမ်နေရတဲ့အကြောင်း ကိုကျော်အောင်လွင်က ဆက်ပြောပါလိမ့်မယ်။

ဖေဖေါ်ဝါရီလ ၁၄ရက်နေ့က အိန္ဒိယနဲ့ပါကစ္စတန်အကြားနယ်မြေဆိုင်ရာ အငြင်းပွားနေကြတဲ့ Kashmir ဒေသမှာ အိန္ဒိယ ပြည်သူ့စစ်မော်တော်ယာဉ်တန်းတခုကို အသေခံဗုံးခွဲတိုက်ခိုက်မှုလုပ်ခဲ့လို့ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်၄၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ပဲလို့ ပါကစ္စတန်အခြေစိုက် Jaish-e-Mohammad စစ်သွေးကြွ အုပ်စုက ကြေညာပါတယ်။ အခုလို စစ်သွေးကြွတွေကို နိုင်ငံအတွင်း နေထိုင်ခိုအောင်းခွင့်ပေးထားတဲ့အပေါ် ဒဏ်ခတ်ဖို့ အိန္ဒိဘက် က ဆုံးဖြတ်ထားပြီး လိုအပ်တာတွေမှန်သမျှ လွတ်လွတ်လပ်လပ်နဲ့လုပ်ဆောင်ဖို့ အိန္ဒိယ စစ်တပ်အကြီးအကဲကို အစိုးရက ခွင့်ပြုထားပါတယ်။ ပါကစ္စတန်ဘက်ကလည်း Jaish-e-Mohammad အဖွဲ့ဟာ အစွန်းရောက်အဖွဲ့အဖြစ်သတ် မှတ်ခံထား ရတာဖြစ်ပြီး သူတို့ကို ပါကစ္စတန်က လက်ခံထားတာမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။ အိန္ဒိယဘက်က ဘယ်လို ကျုးကျော် ရန်စမှုမျိုးပဲလုပ်လာလာ ချက်ချင်းလက်တုံ့ပြန်ဖို့ ပါကစ္စတန်တပ်ဖွဲ့တွေကို ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan ကလည်း ခွင့်ပြုထားပါတယ်။

အိန္ဒိယနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Alexandre Zieglerကတော့ Jaish-e-Mohammad အဖွဲ့ ခေါင်းဆောင် Masood Azharကို အကြမ်းဖက်သမားစာရင်းသွင်းဖို့အပြင်းအထန်ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“ကုလသမဂ္ဂကအရေးယူဒဏ်ခတ်မယ့် အကြမ်းဖက်သမားစာရင်းထဲမှာ Masood Azharကို ထည့်သွင်းဖို့ ကျနော်တို့အကြီးအကျယ် ကြိုးပမ်းနေတာ ၂နှစ်ရှိနေပါပြီ။ ပြီးခဲ့တဲ့အပတ်က ဆိုးဆိုးဝါးဝါးတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး နောက်ပိုင်း နယူးယောက် က ကုလသမဂ္ဂဌာနချုပ်မှာ ကျနော်တို့ ဒီကိစ္စကို အထူးကြိုးပမ်းပြီးလုပ်ဆောင်နေပါတယ်။ အိန္ဒိယနဲ့ကျနော်တို့အပြည့်အ၀ သွေးစည်းညီညွတ်မှုရှိနေပြီး Masood Azharဟာ ကုလသမဂ္ဂရဲ့ အကြမ်းဖက်သမား စာရင်းထဲမှာရှိသင့်တာပါ။ ရှိအောင် လည်းကျနော်တို့ အပြင်းအထန်ကြိုးပမ်းနေပါတယ်”

ပါကစ္စတန်ဝန်ကြီးချုပ် Imran Khanက ဖြစ်ပွားနေတဲ့အခြေအနေတွေကိုလေ့လာဆန်းစစ်ဖို့ စစ်ဘက်နဲ့ အရပ်ဘက်ခေါင်း ဆောင်တွေနဲ့ အရေးပေါ်အစည်းအဝေးတရပ် ကြာသပတေးနေ့တုန်းက ကျင်းပခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေးမှာ ပါကစ္စတန်ဘက်က ပူးပေါင်းဆောင်ရွက်မယ်လို့ အကြိမ်ကြိမ်ပြောဆိုထားပြီး တိုက်ခိုက်မှုကိုလည်းရှုတ်ချ တယ်၊ ပါကစ္စတန် နဲ့ဆက်စပ်ပြီးဖြစ်ပျက်ခဲ့တာမှန်တယ်ဆိုရင် ကျူးလွန်သူမှန်သမျှကို အရေးယူသွားမယ်လို့လည်း ပါကစ္စတန် ဘက်ကပြောထားကြောင်း ပါကစ္စတန် အမျိုးသားလုံခြုံရေးကော်မီတီအစည်း အဝေးရဲ့ ကြေညာချက်မှာ ဖေါ်ပြ ထားပါတယ်။

အိန္ဒိယရောပါကစ္စတန်ကိုပါ ကိုလိုနီလုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံကတော့ သံတမန်ရေးအရ သတိထားပြီးတုံပြန်ပါတယ်။ အကြမ်းဖက်မှုကိုရှုတ်ချတယ်လို့ အိန္ဒိနိုင်ငံဆိုင်ရာဗြိတိန်သံအမတ် Dominic Asquith က ဆိုပါတယ်။

“ဗြိတိန်နိုင်ငံရော၊ အိန္ဒိယနိုင်ငံပါ အကြမ်းဘက်တိုက်ခိုက်မှုတွေရဲ့ဒဏ်ကိုခံကြရပါတယ်။ ပြီးခဲ့တဲ့အပတ်က Kashmir ဒေ သမှာဖြစ်ပွါးခဲ့တဲ့ကိစ္စအပေါ် ကျနော်တို့ဘက်က ဝမ်းနည်းကြေကွဲရကြောင်းအသိပေးပါတယ်။ အကြမ်းဖက်ဝါဒကိုလည်း လုံးဝရှုတ်ချပါတယ်”

အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွါးခဲ့ပြီးနောက်ပိုင်း အိန္ဒိယကထိန်းချုပ်တဲ့ Kashmir ဒေသမှာ စစ်သားစုဆောင်းရေးတွေ လုပ်လာပါတယ်။ ရာနဲ့ချီတဲ့ Kashmir လူငယ်တွေလည်း စစ်တပ်ထဲဝင်ဖို့ စာရင်းသွင်းနေကြပါတယ်။ အကျပ်အတည်း မျိုးစုံကြားမှာပေါ်လာတဲ့အခွင့်အရေးကောင်းတရပ်ပဲလို့ ယူဆတဲ့သူကတော့ Kashmir နယ်သား Tariq Aziz ပါ။

“အခုလိုစစ်သားစုဆောင်းရေးတွေလုပ်လာတာက ကျနော်တို့အတွက် သိပ်ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ Kashmir ဒေသကနေ အပြင်ကိုမသွားနိုင်တဲ့သူ၊ နိုင်ငံခြားမထွက်နိုင်တဲ့သူ၊ ငွေကြေးအခက်အခဲရှိသူတွေအတွက် စစ် တပ်ဘက်က အခွင့်အရေးဖန်တီးပေးတဲ့သဘောပါပဲ”လို့ ပြောသွားခဲ့တာပါ။

အိန္ဒိယနဲ့ ပါကစ္စတန်၂နိုင်ငံလုံးက နျူကလီးယားလက်နက်တွေပိုင်ဆိုင်ထားကြတာဖြစ်ပြီး ၁၉၇၁ခုနှစ်တုန်းက ၂နိုင်ငံ အကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကစပြီး ၂နိုင်ငံလုံးရဲ့ စစ်တပ်တွေမှာ နျူကလီးယား လက်နက်တပ်ဆင်ထားကြတာပါ။ အဲဒါ ကြောင့် ၂နိုင်ငံအကြားတင်းမာမှုတွေ အရှိန်ထပ်မြင့်လာခဲ့ရင် နျူကလီးယားလက်နက်တွေကိုအသုံးချပြီးတိုက်ခိုက်လာ ကြမယ့်အရေးကို စိုးရိမ်နေရတာပါ။

အိန္ဒိယ-ပါကစ္စတန် တင်းမာမှုအရှိန်မြင့်
please wait

No media source currently available

0:00 0:03:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG