သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်တတိယလှိုင်း အကြို အိန္ဒိယ အောက်စီဂျင်ထုတ်လုပ်မှု ၅၀% တိုးမြှင့်မည်


(Zawgyi/ Unicode)

အိန္ဒိယ နိုင်ငံမှာ စက်တင်ဘာလ အလယ်ပိုင်း လောက်မှာ Covid-19 တတိယလှိုင်း ကူးစက် ပျံ့နှံမှု ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားပြီး ဒီအခြေအနေကို ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ တနေ့ကို ဆေးဘက်သုံး အောက်စီဂျင် တန် ၁၅,၀၀၀ ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားကြောင်း Linde လုပ်ငန်းကြီးရဲ့ အိန္ဒိယ ဆိုင်ရာ အကြီးအကဲက ပြောပါတယ်။

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု အမြင့်ဆုံး ဖြစ်ခဲ့ချိန်က Linde India လုပ်ငန်းကြီးကနေ အောက်ဆီဂျင် လိုအပ်ချက်ရဲ့ သုံးပုံတပုံလောက် ဖြည့်ဆည်း ပေးခဲ့တာ ဖြစ်ပါတယ်။

ဆေးရုံတွေမှာ အောက်စီဂျင် ပြတ်လပ်ပြီး လူနာရှင်တွေ အောက်စီဂျင်အိုး ရဖို့ ခက်ခက်ခဲခဲ ရှာဖွေခဲ့ကြရတဲ့ ဒီနှစ် အစောပိုင်းတုန်းက Covid-19 ဒုတိယလှိုင်း ကူးစက်မှု အမြင့်ဆုံး အချိန်မှာ အောက်ဆီဂျင် တန်ချိန် ၁၀,၀၀၀ လောက်သာ အများဆုံး ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပြီး အခု ရည်မှန်းချက်ကတော့ ဒီပမာဏရဲ့ ထက်ဝက်လောက်ကို ထပ်ပြီး တိုးမြှင့် ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။

အိန္ဒိယမှာ Covid-19 တတိယလှိုင်း မတိုင်ခင်မှာ အစိုးရက တရက်ကို ဆေးဘက်သုံး အောက်စီဂျင် တန်ချိန် ၁၅,၀၀၀ ထုတ်နိုင်ရေး ရည်မှန်းထားချိန်မှာ Linde နဲ့ တခြား အောက်စီဂျင် ထုတ်လုပ်ရေး လုပ်ငန်းကြီးတွေဘက်က အနည်းဆုံး တရက်ကို အောက်စီဂျင် တန်ချိန် ၁၃,၅၀၀ လောက် ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားကြောင်း Linde လုပ်ငန်းကြီးရဲ့ တောင်အာရှ အကြီးအကဲ Moloy Banerjee က ပြောပါတယ်။

တနလာၤနေ့ အထိ အိန္ဒိယရဲ့ Covid-19 ဖြစ်ပွားသူ ၃၃ ဒသမ ၀၃ သန်းထိ ရှိနေပြီး သေဆုံးသူက ၄၄၀,၇၅၂ ဦး ရှိကြောင်း အိန္ဒိယ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG