သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယက တင္ပုိ႔တဲ့ ဆန္ေတြ ၈ လအတြင္း ေစ်းအျမင့္ဆုံးတက္


(Zawgyi/Unicode)

ဒီသတင္းပတ္ထဲ အိႏၵိယနိုင္ငံက တင္ပို႔တဲ့ ဆန္ေစ်းႏႈန္း ၈ လအတြင္း အျမင့္ဆုံးေဈး တက္သြားခဲ့ပါတယ္။အိမ္ျပင္မထြက္ရ အမိန္႔ သီတင္း ၃ ပတ္ၾကာကာလ ၿပီးတဲ့ေနာက္ပိုင္း ကုန္သည္ေတြက စာခ်ဳပ္အသစ္ ခ်ဳပ္ဆိုတာေတြ ျပန္လုပ္လာၾကတဲ့အတြက္ အခုလို ေစ်းတက္တာပါ။ အိႏၵိယရဲ႕ ဆန္က်ဳိး ၅ ရာခိုင္ႏႈန္းပါ ဆန္တတန္ကို ဒီသီတင္းပတ္မွာ အေမရိကန္ ေဒၚလာ ၃၇၅ကေန ၃၈၀ ထိ ေပါက္ေစ်းရွိခဲ့ပါတယ္။ ဒါဟာ မႏွစ္ ၾသဂုတ္လကတည္းက စလို႔အျမင့္ဆုံး ေပါက္ေစ်း ျဖစ္သလို ၿပီးခဲ့တဲ့လက ေစ်းထက္လည္း သိသိသာသာ ျမင့္တက္ခဲ့တာပါ။

အိႏၵိယဆန္ကို ဝယ္လိုအားရွိေပမယ့္ ကပ္ေရာဂါေၾကာင့္ အိမ္ျပင္မထြက္ၾကရတဲ့ အတြက္ အကန္႔အသတ္နဲ႔ပဲ တင္ပို႔နိုင္ခဲ့တယ္ လို႔ Kakinada ၿမိဳ႕က ဆန္ကုန္သည္တဦးက ေျပာပါတယ္။ ဆန္တင္ပို႔ဖို႔ စာခ်ဳပ္ ခ်ဳပ္ဆိုထားတဲ့ကုန္သည္ေတြေတာင္ အလုပ္သမား ရွားပါးတာနဲ႔ သယ္ယူပို႔ေဆာင္စားရိတ္ေတြ ျမင့္မားတာေၾကာင့္ အခက္အခဲေတြရွိတဲ့အတြက္ တခ်ိဳ႕ကုန္သည္ေတြက စာခ်ဳပ္အသစ္ ခ်ဳပ္ဆိုဖို႔ရပ္ဆိုင္းထားၾကပါတယ္။ အိႏၵိယမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၂၀၀၀ ေလာက္အထိတိုးလာတဲ့အတြက္ အိမ္ျပင္မထြက္ရ အမိန္႔ကို ေမလ ၃ ရက္ေန႔အထိ ထပ္မံတိုးျမႇင့္ထားပါတယ္။

အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္နိုင္ငံမွာေတာ့ ကပ္ေရာဂါေၾကာင့္ လူေတြေၾကာက္လန္႔တၾကားဆန္ေတြ ဝယ္ယူစုေဆာင္း ၾကတဲ့အတြက္ ျပည္တြင္း ဆန္ေစ်းႏႈန္းလည္း ျမင့္တက္သြားခဲ့ပါတယ္။

ထိုင္းနိုင္ငံ ႏွစ္အတန္ၾကာတက္ေနခဲ့တဲ့ ပို႔ကုန္ ဆန္ေစ်းႏႈန္း အနည္း ငယ္က်ဆင္းခဲ့ပါတယ္။ ဆန္ႀကိဳး ၅ ရာခိုင္ႏႈန္း ပါ ဆန္တတန္ကို ၿပီးခဲ့တဲ့ အပတ္က အေမရိကန္ ေဒၚလာ ၅၅၅ ကေန ၅၈၀ ထိ အျမင့္ဆုံး ေစ်းေပါက္ခဲ့ေပမဲ့ ဒီသီတင္းပတ္မွာ ၅၃၀ ေလာက္အထိ ေစ်းက်ခဲ့ပါတယ္။ ဗီယက္နမ္နိုင္ငံမွာေတာ့ ဆန္တင္ပို႔ခြင္ ပိတ္ပင္ထားတာေတြကို တစိတ္တပိုင္းေျဖေလၽွာ့ေပးခဲ့ေပမဲ့ အရင္က ခ်ဳပ္ဆိုထားတဲ့ အေရာင္းစာခ်ဳပ္ေတြက အခု ခြင့္ျပဳတဲ့ ပမာဏထက္ ေက်ာ္လြန္ေနတာေၾကာင့္ စာခ်ဳပ္အသစ္ခ်ဳပ္ဆိုတာမရွိဘူးလို႔ Ho Chi Minh ၿမိဳ႕ ဆန္ကုန္သည္ တဦးက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

အိန္ဒိယက တင်ပို့တဲ့ ဆန်တွေ ၈ လအတွင်း ဈေးအမြင့်ဆုံးတက်

(Unicode)

ဒီသတင်းပတ်ထဲ အိန္ဒိယနိုင်ငံက တင်ပို့တဲ့ ဆန်ဈေးနှုန်း ၈ လအတွင်း အမြင့်ဆုံးဈေး တက်သွားခဲ့ပါတယ်။အိမ်ပြင်မထွက်ရ အမိန့် သီတင်း ၃ ပတ်ကြာကာလ ပြီးတဲ့နောက်ပိုင်း ကုန်သည်တွေက စာချုပ်အသစ် ချုပ်ဆိုတာတွေ ပြန်လုပ်လာကြတဲ့အတွက် အခုလို ဈေးတက်တာပါ။ အိန္ဒိယရဲ့ ဆန်ကျိုး ၅ ရာခိုင်နှုန်းပါ ဆန်တတန်ကို ဒီသီတင်းပတ်မှာ အမေရိကန် ဒေါ်လာ ၃၇၅ကနေ ၃၈၀ ထိ ပေါက်ဈေးရှိခဲ့ပါတယ်။ ဒါဟာ မနှစ် သြဂုတ်လကတည်းက စလို့အမြင့်ဆုံး ပေါက်ဈေး ဖြစ်သလို ပြီးခဲ့တဲ့လက ဈေးထက်လည်း သိသိသာသာ မြင့်တက်ခဲ့တာပါ။

အိန္ဒိယဆန်ကို ဝယ်လိုအားရှိပေမယ့် ကပ်ရောဂါကြောင့် အိမ်ပြင်မထွက်ကြရတဲ့ အတွက် အကန့်အသတ်နဲ့ပဲ တင်ပို့နိုင်ခဲ့တယ် လို့ Kakinada မြို့က ဆန်ကုန်သည်တဦးက ပြောပါတယ်။ ဆန်တင်ပို့ဖို့ စာချုပ် ချုပ်ဆိုထားတဲ့ကုန်သည်တွေတောင် အလုပ်သမား ရှားပါးတာနဲ့ သယ်ယူပို့ဆောင်စားရိတ်တွေ မြင့်မားတာကြောင့် အခက်အခဲတွေရှိတဲ့အတွက် တချို့ကုန်သည်တွေက စာချုပ်အသစ် ချုပ်ဆိုဖို့ရပ်ဆိုင်းထားကြပါတယ်။ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၀၀၀ လောက်အထိတိုးလာတဲ့အတွက် အိမ်ပြင်မထွက်ရ အမိန့်ကို မေလ ၃ ရက်နေ့အထိ ထပ်မံတိုးမြှင့်ထားပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကပ်ရောဂါကြောင့် လူတွေကြောက်လန့်တကြားဆန်တွေ ဝယ်ယူစုဆောင်း ကြတဲ့အတွက် ပြည်တွင်း ဆန်ဈေးနှုန်းလည်း မြင့်တက်သွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ နှစ်အတန်ကြာတက်နေခဲ့တဲ့ ပို့ကုန် ဆန်ဈေးနှုန်း အနည်း ငယ်ကျဆင်းခဲ့ပါတယ်။ ဆန်ကြိုး ၅ ရာခိုင်နှုန်း ပါ ဆန်တတန်ကို ပြီးခဲ့တဲ့ အပတ်က အမေရိကန် ဒေါ်လာ ၅၅၅ ကနေ ၅၈၀ ထိ အမြင့်ဆုံး ဈေးပေါက်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာ ၅၃၀ လောက်အထိ ဈေးကျခဲ့ပါတယ်။ဗီယက်နမ်နိုင်ငံမှာတော့ ဆန်တင်ပို့ခွင် ပိတ်ပင်ထားတာတွေကို တစိတ်တပိုင်းဖြေလျှော့ပေးခဲ့ပေမဲ့ အရင်က ချုပ်ဆိုထားတဲ့ အရောင်းစာချုပ်တွေက အခု ခွင့်ပြုတဲ့ ပမာဏထက် ကျော်လွန်နေတာကြောင့် စာချုပ်အသစ်ချုပ်ဆိုတာမရှိဘူးလို့ Ho Chi Minh မြို့ ဆန်ကုန်သည် တဦးက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG