သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းက အိန္ဒိယနိုင်ငံသား (၃၀၀) နီးပါး နေရပ်ပြန်ပို့


မြန်မာဘက်ခြမ်းနယ်စပ်အခြေစိုက် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ နိုင်ငံပေါင်း ၂၀ ကျော်က လူတွေကို ထိုင်းနိုင်ငံဘက် ပြန်လည်ခေါ်ယူလာတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)
မြန်မာဘက်ခြမ်းနယ်စပ်အခြေစိုက် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ နိုင်ငံပေါင်း ၂၀ ကျော်က လူတွေကို ထိုင်းနိုင်ငံဘက် ပြန်လည်ခေါ်ယူလာတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)

မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား (၃၀၀) နီးပါးကို ထိုင်းနိုင်ငံကတဆင့် နေရပ်ပြန်ပို့ပေးလိုက်ကြောင်း ထိုင်းတာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

အိန္ဒိယအစိုးရတာဝန်ရှိသူတွေ မြန်မာနိုင်ငံထဲသွားရောက်ပြီး ပြန်လွတ်လာသူတွေနဲ့ အထုပ်အပိုးတွေကို ဘတ်စ်ကား (၁၀) စင်းနဲ့ ထိုင်းနိုင်ငံနယ်စပ်မြို့ မဲဆောက်လေယာဉ်ကွင်းကို ခေါ်လာခဲ့ကြတာပါ။ အမျိုးသား (၂၆၆) ယောက်၊ အမျိုးသမီး (၁၇) ယောက်ကိုတော့ အိန္ဒိယအစိုးရက C-17 သယ်ယူ ပို့ဆောင်ရေး လေယာဉ်နဲ့ နေရပ်ပြန်ခေါ်သွားခဲ့ကြပါတယ်။ မနက်ဖြန် အင်္ဂါနေ့မှာလည်း နောက်ထပ် (၂၅၇) ယောက် အိန္ဒိယနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်ထားပါတယ်။

မြန်မာနိုင်ငံနယ်စပ်ဒေသမှာ အခြေစိုက်လှုပ်ရှားနေကြတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်အကိုင် ရှာဖွေသူတွေကို ဖျားယောင်းခိုင်းစေခံရတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာရာက တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေ ပူးပေါင်း နှိမ်နင်းနေကြတာပါ။

ကျားဖြန့်လို့ သိကြတဲ့ ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းမှုအတွင်း နိုင်ငံပေါင်း တဒါဇင်လောက်က လူပေါင်း (၇,၀၀၀) လောက် လွတ်မြောက်လာပြီး အများစုကတော့ တရုတ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ မကြာသေးခင် လတွေကစ နှိမ်နင်းမှုတွေ အရှိန်မြှင့်လာရာက လွတ်မြောက်လာသူတွေထဲ တရုတ်နိုင်ငံသား (၂,၀၀၀) ကျော်ကိုလည်း ထိုင်းနိုင်ငံက နေရပ်ပြန်ပို့ပေးခဲ့ပါတယ်။

Forum

XS
SM
MD
LG