သုံးရလွယ်ကူစေသည့် Link များ

 
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး နိုင်ငံတကာအဆင့် ဆွေးနွေးဖို့ ဂျပန်ဝန်ကြီးချုပ်တိုက်တွန်း
နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး နိုင်ငံတကာအဆင့် ဆွေးနွေးဖို့ ဂျပန်ဝန်ကြီးချုပ်တိုက်တွန်း


Japan Politics
Japan Politics

ကမ္ဘာတဝှမ်းက လူထောင်ပေါင်းများစွာကို အဓမ္မခိုင်းစေနေတဲ့ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း တွေကိုနှိမ်နင်းဖို့ နိုင်ငံတကာဆွေးနွေးပွဲတရပ်ကို ဂျပန်အနေနဲ့ ဦးဆောင်ကျင်းပသင့်တယ်လို့ ဂျပန် ဝန်ကြီးချုပ် Shigeru Ishiba ကဒီကနေ့ ဗုဒ္ဓဟူးနေ့ ဂျပန်လွှတ်တော်မှာတင်ပြခဲ့ပါတယ်။

အဓမ္မအလုပ်ခိုင်းစေခံနေရတဲ့အထဲမှာ ဂျပန်နိုင်ငံသားတွေလည်းပါဝင်နေတဲ့အတွက် နှိမ်နင်းရေးကိစ္စမှာ ဂျပန်က ဦးဆောင်ပါဝင်သင့်သလို နိုင်ငံတကာညီလာခံတခုကိုလည်း ဦးဆောင်ကျင်းပသင့်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ဒီကနေ့ လွှတ်တော်မှာပြောကြားခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ် ဂျပန်နိုင်ငံသား တဦး ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံဘက်မှာ ထိန်းသိမ်းထားတယ်လို့ ဒီဒေသကို ထိန်းချုပ်ထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့က ပြီးခဲ့တဲ့သောကြာနေ့က ပြောခဲ့ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံ မြဝတီဘက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ဂျပန်နိုင်ငံသား ( ၂၀) ကျော် လောက်ရှိနေတယ်လို့ ခန့်မှန်းထားကြပြီး ဒီငွေလိမ်လုပ်ငန်းတွေဟာ ဘယ်နားမှာရှိတယ်ဆိုတာကိုတော့ သေချာမသိရဘူးလို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန္နဝါရီလထဲတုန်းက ထိုင်းနိုင်ငံအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းတခုက မြန်မာနိုင်ငံဘက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ နိုင်ငံပေါင်း (၂၁) နိုင်ငံက လူ (၆,၀၀၀) လောက် ဖမ်းဆီးခိုင်းစေခံနေ ရတယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက် ဂျပန်အပါအဝင် နိုင်ငံတကာကပိုမိုအာရုံစိုက်လာကြတာပါ။

မြဝတီနဲ့ရွှေကုက္ကိုဒေသကိုထိန်းချုပ်ထားတဲ့ ကရင်နယ်ခြားစောင့်တပ်ကလည်း အွန်လိုင်းငွေလိမ်ဂိုဏ်း တွေမှာ ခိုင်းစေခံနေရတဲ့ နိုင်ငံပေါင်း (၂၇) နိုင်ငံကလူပေါင်း (၇,၀၀၀) လောက်ကို ထိန်းသိမ်းထားတယ် လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန္နဝါရီနဲ့ ဖေဖေါ်ဝါရီ လတွေထဲတုန်းကတော့ ထိုင်းအာဏာပိုင်တွေ က အထက်တန်းကျောင်းသားအရွယ် ဂျပန်လူငယ်နှစ်ဦးကို ထိန်းသိမ်းခဲ့ပြီး ဂျပန်ရဲတပ်ဖွဲ့ကတော့ ဒီလူငယ်နှစ်ဦးဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်မှု ရှိမရှိစစ်ဆေးနေပါတယ်။

Forum

XS
SM
MD
LG